Thursday, October 4, 2012

Stationary providing for vendors' children

ပျံကျဈေးသည်သားသမီးများအား စာအုပ်များထောက်ပံ့ပေးအပ်

နိုင်ငံတော်သမ္မတကြီး၏ ဆင်းရဲမှုလျော့ချရေး ရည်မှန်းချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့များက ကျေးလက်ဖွံ့ဖြိုးရေးဘဏ် လီမိတက် (ယခင်စည်ပင်သာယာရေး ဘဏ်လီမီတက်) ထံမှ ချေးငွေများရယူကာ တစ်ဆင့်ပြန်လည် ထုတ်ချေးခြင်းကို ဆောင်ရွက်လျက် ရှိပါတယ်။ နေ့ပြန်တိုးဒဏ်ကို ခံစားနေရတဲ့ အရင်းမဲ့ပျံကျ ဈေးသည်တွေကို တစ်ဦးလျင် ၅၀၀၀၀ကျပ်ကနေ ၅၀၀၀၀၀ကျပ် အထိ တစ်လအတိုး (၂)ကျပ်နှုန်းဖြင့် တစ်နှစ်စာ အတိုးအရင်းပေါင်းကို နှစ်ပတ်တစ်ခါ ပြန်လည်ပေးဆပ်စေတဲ့စနစ် ဖြစ်ပါတယ်။  ပြန်ဆပ်ငွေတွေထဲက ဘဏ်တိုးနဲ့ အရင်းကို ဘဏ်ကိုပြန်ဆပ်ပြီး ပိုတဲ့ အတိုးငွေတွေကို စုထားပြီး ပျံကျဈေးသည်တွေရဲ့ သာရေးနာရေး လူမှုရေးကိစ္စတွေမှာ ပြန်လည်ထောက်ပံ့ပေးပါတယ်။  

ဈေးကော်မတီဝင်တစ်ဦးက စာအုပ်နှင့်စာရေးကိရိယာများပေးအပ်စဉ်
ပညာသင်နှစ် တစ်ဝက်လောက်ကြာတဲ့အခါမှာတော့ ကျောင်းသားတွေလိုအပ်တဲ့ စာအုပ်နဲ့စာရေးကိရိယာတွေ ထောက်ပံ့ပေးအပ်ခဲ့ပြန်ပါတယ်။ ကလောမြို့မဈေး အောင်ပန်းမြို့မဈေးနဲ့ အောင်ပန်းပြည်သာယာဈေးများက ပျံကျဈေးသည် ၁၄၈ဦးရဲ့ သားသမီး ၂၄၈ဦးအတွက် စာအုပ်နဲ့စာရေးကိရိယာ တန်ဖိုး ၁၀သိန်းကျော်ကို ကလောစည်ပင်က ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါတယ်။

No comments:

Post a Comment