Monday, November 26, 2012

Destruction poppy farm in Pinetreecity

မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ဘိန်းခင်းများဖျက်ဆီး


  ရှမ်းပြည်နယ်၊ ကလောမြို့နယ် တောင်ကွဲ ကျေးရွာ အုပ်စုနယ်မြေ အတွင်း ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့က မူးယစ်ဆေးဝါး အန္တရာယ် ကြိုတင် ကာကွယ် တားဆီးနိုင်ရေး အတွက် ဘိန်းခင်းများ ဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။
          ကလောမြို့နယ် တောင်ကွဲ ကျေးရွာ အုပ်စုအတွင်း လျို့ဝှက်ဘိန်းခင်းများ ဖော်ထုတ် ဖျက်ဆီးရေး အဖွဲ့ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးမှူး ဦးဇော်ဝင်းက ဦးဆောင်ကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ စိုက်ပျိုးရေး ၊ မြေစာရင်း ၊ သစ်တော ဦးစီးဌာန တို့မှ ၀န်ထမ်းများ မြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင်များ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရွာသားများနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ဟာ တောင်ကွဲ ကျေးရွာအုပ်စု မြောင်းချောက်ရွာ အနောက်ဘက် (၄)မိုင်ခန့် အကွာ တောင်စောင်းမှာစိုက်ပျိုးထားရှိတဲ့ အမြင့်(၂)ပေခွဲခန့်သီးပွင့်ဆဲ ဘိန်းခင်း(၃) ဧကနဲ့ မြောင်းချောက်ရွာ အနောက်ဖက် (၄)မိုင် (၃)ဖာလုံခန့် အကွာရှိ တောင်စောင်းမှာ စိုက်ပျိုးထားတဲ့ အမြင့်(၁)ပေခွဲခန့် ဖူးပွင့်ဆဲ ဘိန်းခင်း(၂ ဒသမ ၂) ဧက စုစုပေါင်း (၅ ဒသမ ၂) ဧကတို့ကို ဖျက်ဆီး ခဲ့ကြကြောင်း သိရှိရပါတယ်။ (မြ၀တီဘလော့မှ ကူးယူတင်ပြပါသည်။)
  

Wednesday, November 21, 2012

Entertainments of Public Relation Company in Pinetree city

နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်၏ဖျော်ဖြေပွဲ

အမှတ်(၃)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲသည် ပြည်သူလူထုနှင့် တပ်မတော်သားများ စိတ်လက်ရွှင်လန်းစွာ အနားယူအပန်းဖြေနိုင်စေဖို့ ကလောမြို့ မြို့နယ်ခန်းမမှာ (၁၉.၁၁.၂၀၁၂)နေ့ ည(၇)နာရီမှ (၁၁)နာရီခွဲအထိ ကပြ ဖျော်ဖြေခဲ့ကြောင်းသိရှိရပါတယ်။

ဘုရားကန်တော့ခန်း

မျိုးချစ်စိတ်ဓါတ်ထက်သန်စေဖို့

ခေတ်ပေါ်သီချင်း
အဲဒီဖျော်ဖြေပွဲမှာ မြန်မာအကများ ခေတ်ပေါ်အကများ မြန်မာသီချင်းများ ခေတ်ပေါ်သီချင်းများ ဟာသပြဇတ် အငြိမ့်နှင့် မျက်လှည့်တို့ဖြင့် အဆင့်မြင့်ဇတ်အဖွဲ့ တစ်ခုအတိုင်း ဖျော်ဖြေနိုင်ခဲ့ပြီး လာရောက်ကြည့်ရှုအားပေးသည့် ပရိတ်သတ်ပေါင်း ၁၀၀၀ကျော်ဟာ အထူးကျေနပ်ခဲ့ကြကြောင်းနှင့် အဲဒီအဖွဲ့ဟာ အောင်ပန်း ဟဲဟိုးမြို့များသို့လည်း မကြာခင်လာရောက် ဖျော်ဖြေဦးမည်ဖြစ်ကြောင်း သိရှိရပါတယ်။

Friday, November 2, 2012

Grand Reentering Ceremony of Buddha Images in Inlay

ဖေါင်တော်ဦးဘုရားစံကျောင်းတော်ဝင်ပွဲ

နှစ်စဉ် သီတင်းကျွတ်လဆန်း(၁)ရက်နေ့မှ လပြည့်ကျော်(၂)ရက်နေ့အထိ အင်းလေးကန်ဒေသ ကျေးရွာများနဲ့ ညောင်ရွှေမြို့တို့သို့ ဒေသစာရီလှည့်လည် အပူဇော်ခံပြီး ပွဲတော်ကျင်းပလေ့ရှိတဲ့ အင်းလေး ဖေါင်တော်ဦးဘုရားပွဲတော်ကို ယခုနှစ်မှာလည်း အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ၁၃၇၄ခုနှစ် ဖေါင်တော်ဦးဘုရားပွဲရဲ့ နောက်ဆုံး အစီအစဉ်ဖြစ်တဲ့ ဖေါင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်ဝင်ပွဲကို ကျောင်းတော်တည်ရှိရာ ကုန်းမြေက မဏ္ဍာပ်မှာ ယနေ့နံနက်(၉)နာရီကနေ နေ့လယ်(၁၂)နာရီအထိ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲနဲ့ တာဝန်ရှိသူများ ဘုရားဖူးပြည်သူလူထုများနဲ့ နိုင်ငံခြားသားဧည့်သည်များ ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရှိရပါတယ်။

အင်းလေးရိုးရာဘုရားဆွမ်းပို့သရုပ်ပြ
ကရ၀ိတ်ဖေါင်တော်ဖြင့်အပြန်
ဖေါင်တော်ပေါ်မှ ဝေါယာဉ်တော်ပေါ်သို့
ပြန်လည်စံပါယ် ကျောင်းတော်ဝယ်
 ဖေါင်တော်မရောက်မီ  မဏ္ဍာပ်ရှေ့ အင်းရေပြင်မှာ အင်းလေးရိုးရာဆွမ်းပို့သရုပ်ပြခြင်း ဆောင်ရွက်ခဲ့ပြီး ဖေါင်တော်ရောက်ရှိချိန်မှာ တာဝန်ရှိသူများက ဗုဒ္ဓရုပ်ပွါးတော်များကို ဝေါယာဉ်ဖြင့် စံကျောင်းတော်ပေါ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကာ ဆွမ်းရေချမ်းဆီမီးပန်းများ ကပ်လှူပူဇော်ခဲ့ကြပါတယ်။

သူနိုင်ကိုယ်နိုင်အပြိုင်ကျဲ အင်းသားရိုးရာလှေပြိုင်ပွဲ
 အဲဒီနောက် အင်းသားရိုးရာလှေပြိုင်ပွဲများကိုကျင်းပပြီး ဆုရအသင်းများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါတယ်။

အားပေးကြသူများ
အောင်နိုင်သူတွေရဲရင့်