Thursday, October 25, 2012

Discussion for local development planning

ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရေးဆွဲရန်ဆွေးနွေးပွဲ

ထင်းရှူးမြို့တော် ကလောမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ NGOအဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများနဲ့ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများစုပေါင်းပြီး ယနေ့ နေ့လယ်(၁၁)နာရီမှ မွန်းလွဲ(၂)နာရီအထိ မြို့နယ်ခန်းမမှာ အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။ အဲဒီ ``ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ရေးဆွဲအကောင်အထည်ဖေါ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး´´ ကို မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ဦးဆောင်ခေါ်ယူကျင်းပခဲ့တာဖြစ်ပြီး ကလောမြို့နယ် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်း တက်ရောက်ဆွေးနွေးခဲ့ကြောင်းတွေ့ရှိရပါတယ်။

အစည်းအဝေးတက်ရောက်သူများ
အကြံပြုဆွေးနွေး စီမံကိန်းရေးဆွဲရေး
 နိုင်ငံတော်သမ္မတကြီးရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်(၈)ရပ်လမ်းညွှန်ချက်အပေါ် မြို့နယ်အဆင့် ကော်မတီများက ကလောမြို့နယ်မှာ ဆောင်ရွက်ထားရှိမှုများကိုလည်း တင်ပြခဲ့ကြပါတယ်။ ရပ်မိရပ်ဖများကလည်း လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ၀ိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ``ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲရာမှာ ကုန်ကျငွေနဲ့ အကျိုးဖြစ်ထွန်းမှုကို တွက်ချက်ရန်လိုကြောင်း ဆင်းရဲမှုရဲ့ အကြောင်းရင်းများဟာ ကျေးရွာတစ်ရွာနဲ့တစ်ရွာမတူနိုင်ကြောင်း အဲဒီအကြောင်းရင်းကို ဖေါ်ထုတ်ပြီး ဖြေရှင်းဆောင်ရွက်မှ ဆင်းရဲမှုကို လျော့ချနိုင်မှာဖြစ်ကြောင်း ဒေသခံနဲ့ရပ်မိရပ်ဖတွေဆီက ဒေသလိုအပ်ချက်ကို သိရှိနိင်ဖို့ ဒီလိုအစည်းအဝေးမျိုးကို လစဉ်(၂၅)ရက်နေ့တိုင်းမှာ ကျင်းပသွားမှာဖြစ်ကြောင်း´´ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့ကြောင်းတင်ပြလိုက်ပါတယ်။

No comments:

Post a Comment