Friday, November 27, 2015

Inspecting Solar Panel

ဆိုလာပြားကိုစစ်ဆေးခြင်း



ဆိုလာပြားအမျိုးအစားအဓိကသုံးမျိုးရှိသည်။
ယင်းတို့အနက် ဈေးကွက်တွင်ဝယ်ယူနိုင်ပြီး အသုံးများသော ဆိုလာပြားအမျိုးအစားများမှာ Monocrystalline silicon solar နှင့် Polycrystalline silicon solar တို့သာဖြစ်သည်။
Mono နှင့် Poly ဟုအလွယ်ခေါ်ကြ၏။
Siliconကိုသာအသုံးပြုကြသည့် ဆိုလာပြားများဖြစ်ကြသော်လည်း ဖွဲ့စည်းတည်ဆောက်ပုံကွဲပြားမှုအရ အရည်အသွေးနှင့် ဈေးနှုန်းမှာလည်းကွာခြားမှုရှိသည်။

ဆိုလာပြားသုံးမျိုး
 
ဆိုလာပြား၏ output powerကို အကြမ်းဖျဉ်းအားဖြင့် ဆိုလာပြား၏ အရွယ်အစားအရ ခန့်မှန်း၍ရသည်။
Mono ဆိုလာပြား တစ်မီတာပတ်လည်ဧရိယာမှ အများဆုံးထုတ်ပေးနိုင်သော powerမှာ 190wဖြစ်ပြီး Polyဆိုလာပြားဖြစ်လျှင် အများဆုံး 180wသာထုတ်ပေးနိုင်သည်။
ယင်းဧရိယာမှာ ဆိုလာပြားတစ်ခုလုံး၏ မျက်နှာပြင်ဧရိယာမဟုတ်ဘဲ ဆိုလာပြားအဖြစ် ဖွဲ့စည်းထားသည့် active PV cells (Photovoltaic cells) မျက်နှာပြင် ဧရိယာသာဖြစ်သည်။
ထို့ကြောင့် တစ်မီတာပတ်လည်အရွယ် Monoဆိုလာပြား၏ powerမှာ 190wအောက်လျော့နည်းမည်ဖြစ်၏။

ကျေးလက်အိမ်ထောင်စုသုံးဆိုလာစနစ်၏ ဆိုလာပြားအတွက် အနည်းဆုံး output power သတ်မှတ်ချက်မှာ 80w ဖြစ်သည့်အတွက် ဆိုလာပြား၏အသေးဆုံးအရွယ်သည် 3'×1.5'ထက်ကြီးရမည် ဖြစ်သည်။
Poly ဆိုလာပြားဖြစ်လျင်ပို၍ကြီးရန်လိုအပ်သည်။
Mono နှင့် Poly ဆိုလာပြားကို မျက်မြင်ခွဲခြား၍ရသည့်အချက်မှာ ဆိုလာပြားမျက်နှာပြင်၏အရောင်ဖြစ်သည်။
Mono ဆိုလာပြား၏အရောင်သည် တစ်ပြေးညီဖြစ်သော်လည်း Poly ဆိုလာပြား၏အရောင်သည် ညီညာမှုမရှိဘဲ ကျောက်ပြားကွက်အဆင်ကဲ့သို့ဖြစ်နေ၏။
ဆိုလာပြား၏ output powerကိုအတိအကျသိလိုလျှင် power resistor တစ်ခုနှင့် multimeterကိုအသုံးပြု တိုင်းတာတွက်ချက်၍ရသည်။
 
ဆိုလာပြား၏ output ကိုတိုင်းတာပုံ
Power Resistor
 ကျေးလက်အိမ်ထောင်စုသုံးဆိုလာစနစ်၏ ဆိုလာပြားကို တိုင်းတာလိုလျှင် ပုံပါအတိုင်း 10ohm 200w resistorနှင့် multimeterကိုချိတ်ဆက်၍ resistor၌ စီးသောcurrentကို တိုင်းတာနိုင်မည်ဖြစ်သည်။
ထို့နောက် P=I²R ပုံသေနည်းသုံး၍ powerကို တွက်နိုင်၏။
meter၌ဖတ်၍ရသော current တန်ဖိုးသည် 2Aဖြစ်ပါက powerသည် 40wဖြစ်ပေမည်။
သို့သော် ထိုpowerသည် ဆိုလာပြားက ထုတ်ပေးနိုင်သော အများဆုံး powerဟုမဆိုနိုင်ဘဲ ဆိုလာပြားပေါ်ကျရောက်သည့် light intensity ပမာဏအရ ထွက်ရှိသည့် powerသာဖြစ်သည်ကို သတိပြုရန်လိုအပ်သည်။
ထို့ကြောင့် ဆိုလာပြား၏ အများဆုံးထုတ်ပေးနိုင်သည့်စွမ်းအားကို သိလိုလျှင် နေရောင်ခြည်အပြည့်အဝရရှိနိုင်သောနေရာတွင် အလင်းပြင်းအားအများဆုံးရရှိသည့် အချိန်၌ တိုင်းတာရမည်ဖြစ်ပါကြောင်း

Monday, November 23, 2015

Is an AGM battery or not?

AGM battery ဟုတ်မဟုတ်


ကျေးလက်ဦးစီးဌာနက ကျေးလက်မီးလင်းရေးအတွက် ဆောင်ရွက်လျှက်ရှိရာ အိမ်ထောင်စုသုံး ဆိုလာမီးစနစ် (solar home system)သည် တစ်ခုအပါအဝင်ဖြစ်၏။
ယင်းစနစ်၏ ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်အတွက် အရေးကြီးသောစံချိန်စံညွှန်းသတ်မှတ်ချက်အချို့မှာ-
(၁) Solar panel သည် အနည်းဆုံး 80watt outputရှိရမည်၊
(၂) Battery သည် 12volt 65Ah AGM type ဖြစ်ရမည်၊
(၃) DC to ac inverter သည် 300watt outputရှိရမည်တို့ဖြစ်၏။
Solar panel၏ output wattကို AVO meterနှင့် power resistor အသုံးပြု၍ တိုင်းတာတွက်ချက်နိုင်၏။
ထို့အတူ inverter outputသည် 300watt ပြည့်မပြည့်နှင့် wattမည်မျှထုတ်လုပ်နိုင်သည်ကို အလွယ်ဆုံး နည်းဖြင့် 100wမီးလုံးနှစ်လုံး 60wနှင့် 40wမီးလုံးတစ်လုံးစီတို့ဖြင့် စမ်းသပ်သိရှိနိုင်၏။
သို့သော် AGM battery ဟုတ်မဟုတ်နှင့် capacityသည် 65Ahရှိမရှိကိုမူ အလွယ်တကူစစ်ဆေး၍မရဘဲ
fully chargeလုပ်ခြင်း
load testဖြင့် discharge လုပ်ခြင်းတို့ကို
test benchဖြင့် အချိန်ယူဆောင်ရွက်ရသည့်အပြင်
စစ်ဆေးသည့်နေရာ၌ လုံလောက်သော power sourceရှိရန်လည်း လိုအပ်ပြန်၏။ (လျှပ်စစ်မီးမရှိသဖြင့် ဆိုလာစနစ်အသုံးပြုမည့်ကျေးရွာ၌ မည်သို့ စစ်ဆေး၍ရနိုင်ပါမည်နည်း)

Portable Ah tester for Lead Acid battery
 သို့ရာတွင် AGM battery သည် သာမန် lead acid batteryနှင့်မတူညီသော ထူးခြားချက်များရှိနေ၏။
ယင်းတို့မှာ-
(၁) ပုံသဏ္ဍာန်။ AGM batteryသည် maintenance freeရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားသဖြင့် vent holeမရှိသကဲ့သို့ distil waterထည့်ရန်အပေါက်လည်းမပါရှိ၊
(၂) battery အိမ်အမျိုးအစား။ သာမန် lead acid battery သည် battery အတွင်းရှိ electrolyteပမာဏကို မျက်မြင် စစ်ဆေးနိုင်ရန် transparent ပလတ်စတစ်ဖြင့် ပြုလုပ်လေ့ရှိပြီး chemical reactionကြာင့် ဖြစ်ပေါ်လာသော ဓါတ်ငွေ့များ(H2, O2)သည်လည်း vent holeမှတစ်ဆင့်ပြင်ပသို့ ထွက်နိုင်သဖြင့် pressureခံနိုင်ရန်မလိုဘဲ battery အိမ်သည်ထူထဲလေ့မရှိတတ်။ AGM batteryသည် electrolyte လျော့နည်းမှုမရှိစေရန် ထွက်ပေါ်လာသော ဓါတ်ငွေ့များကို pressureပမာဏတစ်ခုအထိ batteryထဲ၌ ထိန်းသိမ်းထားရှိ (သတ်မှတ် pressure ထက်ပိုပါက valveပွင့်စေသည့်စနစ် အသုံးပြုထားသဖြင့် VRLA valve regulated lead acid ဟုလည်းခေါ်၏)ရသဖြင့် battery အိမ်သည် အလင်းပိတ်ပြီး ထူထဲသော fiberပလတ်စတစ်ဖြင့်ပြုလုပ်လေ့ရှိ၏။
12V 65Ah AGM Battery
(၃) အလေးချိန်။ သာမန် lead acid batteryတွင် +veနှင့် -ve plateများကြား ခြားထားသည့် separatorကို သာမန် insulatedပလတ်စတစ်ဖြင့်ပြုလုပ်လေ့ ရှိသော်လည်း AGM batteryတွင်မူ fiberglassဖြင့်ပြုလုပ်ထားသဖြင့် (AGMသည် absorbed glass matဟူသည့် separatorကိုဆိုသည်) အရွယ်အစားတူလျှင် အလေးချိန်ပိုများလေ့ရှိ၏။ အပေါ့ဆုံး 12v 65Ah AGM battery တစ်လုံးသည် အနည်းဆုံး 18.5kg ရှိ၏။
some specification of AGM battery
 ထိုထူးခြားချက်များကို သိရှိထားပြီး မျက်မြင်စစ်ဆေးခြင်းဖြင့် proper test မဟုတ်သော်လည်း အလွယ်တကူဖြင့် အနီးစပ်ဆုံးမှန်ကန်သည့်အဖြေ ရရှိနိုင်ပါကြောင်း။