Wednesday, October 31, 2012

Demostration and Drill for fire fighting

မီးဘေးလုံခြုံရေးဇတ်တိုက်လေ့ကျင့်မှု

မိုးရာသီကုန်ဆုံးတဲ့ကာလ ရောက်ရှိလာပြီဖြစ်တဲ့အတွက် ဈေးသူဈေးသားများ မီးအန္တရာယ် သတိရှိစေရေး နှိုးဆော်ဖို့နဲ့ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လက်ဦးမှုရယူ ငြှိမ်းသတ်နိုင်ဖို့အတွက် ကလောစည်ပင်နဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ရဲ့ ပူးပေါင်းစီစဉ်မှုအရ ကလောမြို့မဈေးမှာ မီးဘေးလုံခြုံရေးဇတ်တိုက်လေ့ကျင့်မှုကို ယနေ့ နေ့လယ်(၁)နာရီမှာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။
ရှေးဦးစွာ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပေါင်ဒါခြောက် Dry Powder မီးသတ်ဆေးဗူး အသုံးပြုပုံကိုရှင်းလင်းပြသခဲ့ပြီး ဈေးသူဈေးသားများအား လက်တွေ့ မီးငြှိမ်းသတ် ဆောင်ရွက်စေခဲ့ပါတယ်။

ဈေးသူဈေးသားတစ်ဦး လက်တွေ့လေ့ကျင့်နေပုံ
အဲဒီနောက် မီးသတ်တပ်ဖွဲ့ဝင်များ ဈေးအရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ တာဝန်ရှိသူများက မီးသတ်ကားနဲ့ အပေါ့စားမီးသတ်စက်များနဲ့ ဈေးအတွင်း သရုပ်ပြမီးငြိမ်းသတ်မှုကို လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။

လေ့ကျင့်ဆောင်ရွက် မီးဘေးကာကွယ်ရေးအတွက်

Thursday, October 25, 2012

Discussion for local development planning

ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရေးဆွဲရန်ဆွေးနွေးပွဲ

ထင်းရှူးမြို့တော် ကလောမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ NGOအဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများနဲ့ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများစုပေါင်းပြီး ယနေ့ နေ့လယ်(၁၁)နာရီမှ မွန်းလွဲ(၂)နာရီအထိ မြို့နယ်ခန်းမမှာ အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။ အဲဒီ ``ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ရေးဆွဲအကောင်အထည်ဖေါ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး´´ ကို မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ဦးဆောင်ခေါ်ယူကျင်းပခဲ့တာဖြစ်ပြီး ကလောမြို့နယ် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်း တက်ရောက်ဆွေးနွေးခဲ့ကြောင်းတွေ့ရှိရပါတယ်။

အစည်းအဝေးတက်ရောက်သူများ
အကြံပြုဆွေးနွေး စီမံကိန်းရေးဆွဲရေး
 နိုင်ငံတော်သမ္မတကြီးရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်(၈)ရပ်လမ်းညွှန်ချက်အပေါ် မြို့နယ်အဆင့် ကော်မတီများက ကလောမြို့နယ်မှာ ဆောင်ရွက်ထားရှိမှုများကိုလည်း တင်ပြခဲ့ကြပါတယ်။ ရပ်မိရပ်ဖများကလည်း လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ၀ိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ``ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲရာမှာ ကုန်ကျငွေနဲ့ အကျိုးဖြစ်ထွန်းမှုကို တွက်ချက်ရန်လိုကြောင်း ဆင်းရဲမှုရဲ့ အကြောင်းရင်းများဟာ ကျေးရွာတစ်ရွာနဲ့တစ်ရွာမတူနိုင်ကြောင်း အဲဒီအကြောင်းရင်းကို ဖေါ်ထုတ်ပြီး ဖြေရှင်းဆောင်ရွက်မှ ဆင်းရဲမှုကို လျော့ချနိုင်မှာဖြစ်ကြောင်း ဒေသခံနဲ့ရပ်မိရပ်ဖတွေဆီက ဒေသလိုအပ်ချက်ကို သိရှိနိင်ဖို့ ဒီလိုအစည်းအဝေးမျိုးကို လစဉ်(၂၅)ရက်နေ့တိုင်းမှာ ကျင်းပသွားမှာဖြစ်ကြောင်း´´ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့ကြောင်းတင်ပြလိုက်ပါတယ်။

Tuesday, October 23, 2012

What and where Thithtoolwin?

သမ္မတကို တိုက်ရိုက်စော်ကားသည့်သစ်ထူးလွင်သတင်းအား ရှင်းလင်းချက်

သစ်ထူးလွင်ဝက်ဘ်ဆိုက်နှင့် အတွင်းသတင်း Facebook စာမျက်နှာတို့တွင် ဖော်ပြခဲ့သော "Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ" ဟူသော သတင်းနှင့်ပတ်သက်၍ ရှင်းလင်းချက်
=======================================

၁။ (၂၁-၁၀-၂၀၁၂)ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲနှင့်
စပ်လျဉ်း၍ အထက်ဖော်ပြပါ သတင်းခေါင်းစဉ်ဖြင့် ဖော်ပြထားသည်ကို
အောက်ပါ Link တွင် တွေ့ရှိရပါသည်-
http://www.thithtoolwin.com/2012/10/favourite-journal.html#.UIVHgokL9QU.facebook

၂။ ယင်းသတင်း၏ ဇစ်မြစ်မှ "အတွင်းသတင်း" အမည်ရှိ Facebook
စာမျက် နှာတစ်ခုမှ ဖြစ်ကြောင်း၊ ယင်းစာမျက်နှာမှာ အောက်ပါလိပ်စာ
အတိုင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်-
http://www.facebook.com/photo.php?fbid=199160373552515&set=a.198396663628886.58090.198385523630000&type=1

၃။ သတင်းဖော်ပြချက်မှာ-

" ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် ပွဲစပြီး မကြာမှီ မေးခွန်း ၃ခုခန့် ဖြေဆိုပြီးချိန်မှစ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇောချွေးများ ပြန်လာကာ၊ မြေသိမ်း ယာသိမ်း ကိစ္စမေးခွန်းများ၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၎င်း၏ တစ်ဦးတည်းကိုယ်ပိုင်အမြင်အပေါ် မေးခွန်းများ အစရှိသည်တို့ကို ရှောင်လွှဲဖြေဆိုသွားပြီး အလွန်စိတ်အနှောင့်အယှက် ဖြစ်လျက်ရှိပုံ ပေါ်ခဲ့သည်။ ထို့နောက်မကြာမီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဝန်ကြီးမှ ခန့်အပ်နိုင်မှု အနေအထားနှင့် ပတ်သက်ပြီး Favourite Journal မှ မေးမြန်းချက်အရောက်တွင် မျက်စိမျက်နှာပျက်ကာ အသံများတုန်လာ၍ ပုံပါအတိုင်း မျက်ရည်များပါ ကျဆင်းလာခဲ့သည်။
အထက်ပါအဖြစ်အပျက်နှင့်ပက်သက်၍ မီဒီယာများအနေနှင့် နားလည်မှရှိစွာ ရေးသားဖော်ထုတ်ခြင်း မပြုလုပ်ကြရန်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း၏ အဖြစ်အပျက်ကဲ့သို့ လူထုအကြား ပြန့်နှံ့ရောက်ရှိမသွားစေရန်အတွက် ပွဲအပြီးတွင် သမ္မတရုံးညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေးမှ လိုက်လံ ပြောဆိုတောင်းပန်ထားသောကြောင့် မီဒီယာများအားလုံးကလဲ ယခုချိန်ထိ ရေငုံ နှုတ်ပိတ်လျက် ရှိနေကြသေးကြောင်း အတွင်းသတင်းများ ရရှိထား (21, Oct, 2012 )"ဟူ၍ ဖြစ်ပါသည်။

၎။ လူထုအကြားပြန့်နှံ့ရောက်ရှိမသွားစေရန် မိမိမှ လိုက်လံပြောဆို တောင်းပန်ထာားသောကြောင့် မီဒီယာများမှ ရေငုံနှုတ်ပိတ်လျက် ရှိနေသေးကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဤသို့သော ဖြစ်ရပ်မျိုး ဖြစ်ပေါ်ခဲ့ပါက လူပေါင်း(၁၀၀)ကျော်အား မည်သို့မျှ နှုတ်ပိတ်၍ မရနိုင်သည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ ဤသို့ မဟုတ်မမှန် လုပ်ကြံ၍ သတင်းသဖွယ်ထုတ်ပြန်လာသည်မှာ မိမိတို့အားလုံး မျှော်မှန်းထားခဲ့သော တာဝန်ယူမှုနှင့် ဒွန်တွဲသည့် လွတ်လပ်မှု ဟူသော အခြေအနေအတွက် များစွာ စိတ်မကောင်း ဖြစ်ရပါသည်။

၅။ မီဒီယာပေါင်း(၅၀)ကျော်ကို ကိုယ်စားပြုသည့် သတင်းမီဒီယာ လောကာသားပေါင်း(၁၂၈)ဦး တက်ရောက်ခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲ၏ အစအဆုံး မှတ်တမ်းရုပ်/သံများလည်း အွန်လိုင်း မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုနိုင်ပါသည်။ ဤသတင်းမှာ လုံးဝ မဟုတ်မမှန် လိမ်ညာထားခြင်းသာ ဖြစ်ကြောင်း ထိုနေ့က သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြသူများ အားလုံး သိရှိထားပါသည်။

၆။ အဆိုပါသတင်းကို အစပြုလွှင့်တင်ခဲ့သည့် "အတွင်းသတင်း" Facebook စာမျက်နှာသည်လည်းကောင်း၊ သတင်းအဖြစ် ထုတ်လွှင့်ခဲ့သည့် သစ်ထူးလွင် ဝက်ဘ်ဆိုက်သည်လည်းကောင်း၊ အဆိုပါ သတင်းအရင်းအမြစ်များကို ကိုးကား၍ ဝေဖန်ပြောဆိုနေမှုများသည် လည်းကောင်း မည်သို့သော အကြောင်းရင်းနောက်ခံများ တည်ရှိနေသည် ဆိုသည်မှာလည်း ယင်းတို့ဘာသာပင် သိရှိနိုင်ပါလိမ့်မည်။

၇။ နိုင်ငံတော်သမ္မတကြီးသည် သတင်းမီဒီယာများကို အထူးအလေးထား၍ နိုင်ငံတည်ဆောက်ရေးကို ဆောင်ရွက်လာခဲ့သည်မှာ နိုင်ငံတော်သမ္မတ တာဝန်ကို စတင်လွှဲပြောင်းချိန်မှ ယနေ့အချိန်အထိ ဖြစ်ကြောင်း အထူးတလည် ပြောရန် မလိုအပ် ဟု ယူဆပါသည်။

၈။ ဤသို့ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ဖြစ်ပေါ်လာစေရန် အဓိက တွန်းအားပေး ညွှန်ကြားခဲ့သော နိုင်ငံတော်သမ္မတကြီးအနေဖြင့်လည်း လူသားတို့၏ သဘာဝကို နားလည်ထားပြီး ဖြစ်သော်လည်း မဟုတ်မမှန် လုပ်ကြံသတင်း ဖန်တီးဆောင်ရွက်ခဲ့သူတို့ကြောင့် မိမိတို့အနေဖြင့် ပြည်သူများအတွင်း ဟုတ်နိုးနိုး ထင်ယောင်ထင်မှား ဖြစ်မည် စိုး၍ ယခုကဲ့သို့ ဖြေရှင်းချက် ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။

၉။ ယနေ့အချိန်အခါသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် ဖင်ပြဲအောင် ရုန်းကန်ကြိုးစားကြရမည့် အချိန်ဖြစ်သလို မတူညီမှုများ ဘေးဖယ်ထားပြီး နိုင်ငံနှင့်ပြည်သူများအကျိုးကို Common Ground ထား၍ စံနမူနာပြ ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်သမ္မတကြီးနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်တို့သည် မိမိတို့နိုင်ငံသားအားလုံး၏ ရှေ့ဆောင်လမ်းပြများ ဖြစ်သည် ဟုလည်း အခိုင်အမာ ယုံကြည်ထားပါသည်။

၁၀။ သူ့ဘက်-ကိုယ့်ဘက် ဘက်အစွဲများ၊ ရန်-ငါ အကွဲများ မပြေပျောက်သေးသော သဘော သဘာဝကို နားလည်သိရှိထားသည့်တိုင် " နိုင်ငံတော်သမ္မတကြီးကို ထောက်ခံ ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ခြင်းမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခြင်းသည် နိုင်ငံတော်သမ္မတကြီးကို ဆန့်ကျင်ခြင်း မဟုတ်" ဟူသော အထက်တန်းကျသည့် အတွေးအခေါ်များ အစပြု လျှောက်လှမ်းရမည့် အချိန်သို့ ရောက်ရှိနေပြီ ဟုလည်း ယုံကြည်ပါသည်။

၁၁။ သတင်း လွှင့်တင်သော "သစ်ထူးလွင်" ဝက်ဘ်ဆိုက် မည်သူ လွှင့်တင်နေသည်ကို မိမိတို့ သိရှိထားပြီး ဖြစ်ပါသည်။ မမှန်သတင်း အစပြု ဖြန့်ချိသော "အတွင်းသတင်း Facebook စာမျက်နှာ" နှင့် မိမိတို့ ဆက်လက်ဆောင်ရွက်ရန် ရှိသည်များကို ဆက်လက် ဆောင်ရွက်ပါမည်။

၁၂။ ယနေ့လက်ရှိအချိန်တွင် နိုင်ငံရေးခေါင်းဆောင်များ၊ Stakeholder များအားလုံးက နိုင်ငံနှင့်ပြည်သူ အကျိုးအတွက် ဝမ်းမြောက်ဖွယ်ရာ ပူးပေါင်းဆောင်ရွက်နေကြပြီ ဖြစ်ရာ ဤသို့သော လုပ်ဆောင်ချက်များ လုပ်ဆောင်လာကြသူများသည်လည်း မိမိတို့၏ အစွန်းရောက်သော ခံယူချက်များ၊ ငါနှင့်မတူ ငါ့ရန်သူ ဟူသော ခေတ်ဆွေးအတွေးအခေါ်များ ဖယ်ခွါချရန် အချိန်တန်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

By Hmuu Zaw

Friday, October 19, 2012

Sufficient water for Borsai?

ဘော်ဆိုင်းအတွက် ရေ ရတော့မှာလား

ကလောမြို့နဲ့ မိုင်(၄၀)ကျော် ဝေးပြီး ပင်းတယမြို့နဲ့ (၈)မိုင်ကျော်သာရှိတဲ့ ကလောမြို့နယ်ထဲက ဘော်ဆိုင်းဆိုတဲ့ရွာဟာ အိမ်ခြေ ၈၇၀ရှိပြီး လူဦးရေ ၄၆၀၀ကျော် နေထိုင်ကာ ငါးရက်တစ်ခါ ရောင်းဝယ်ဖေါက်ကားတဲ့ ဈေးကြီး တစ်ဈေးလည်းရှိလို့ စည်ပင်သာယာတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက သတ္ထုတူးဖေါ်ခြင်းလုပ်ငန်းနဲ့ ထင်ရှားခဲ့တဲ့ရွာဖြစ်ပြီး ယနေ့အချိန်မှာလည်း ခဲမဖြူ ခနောက်စိမ်းစတဲ့ တွင်းထွက်တွေကြောင့် သတ္ထုတွင်းကုမ္ပဏီတွေ လာရောက်ရင်းနှီးမြုပ်နှံ အလုပ်လုပ်ကိုင်ကြတဲ့ရွာ ဖြစ်ပါတယ်။ ဒါပေမယ့်မြေအောက်ရေ တူးဖေါ်လို့မရဘဲ အနီးအနားမှာလည်း ချောင်းနဲ့ ရေထွက်တွေမရှိလို့ သောက်သုံးရေရှားပါးပါတယ်။ သောက်ရေကို တစ်နှစ်စာ မိုးရေလှောင်ကန်တွေနဲ့ စုဆောင်းထားရပြီး သုံးရေကိုတော့ ရွာဘေးက ရေကန်ရေကို သုံးကြရပါတယ်။

သပ္ပါယ်စွာဖူးမြော်ရသော ရေဖြူကန်စေတီ
ခဲသတ္ထုများအများအပြားပါဝင်သောကျောက်ခဲတစ်ခု

Demostration for farmers

အထူးအထွက်တိုးစပ်မျိုးပုလဲသွယ်ဆန်မွှေးစိုက်ကွင်းသရုပ်ပြပွဲ

ကလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရဲ့ အစီအစဉ်နဲ့ ဟဲဟိုးမျိုးပွါးခြံက အင်းခေါင်းဆည်အနီး စိုက်ပျိုးထားရှိတဲ့ ဧက(၁၀၀) အထူးအထွက်တိုးစပ်မျိုးပုလဲသွယ်ဆန်မွှေးစိုက်ကွင်း အောင်မြင်ဖြစ်ထွန်းမှုများကို ကျေးရွာ တောင်သူလယ်သမားများအား ရှင်းလင်းပြသခဲ့ပါတယ်။ ဟဲဟိုးလွင်ပြင်မှာစိုက်ပျိုးတဲ့ ဗာစပါတီဆန်ဟာ မြန်မာနိုင်ငံမှာ အကောင်းဆုံးဖြစ်ပြီး အထွက်အားဖြင့် တစ်ဧက စပါး (၄၅)တင်းလောက်ပဲ ထွက်တယ်လို့သိရပါတယ်။


တာဝန်ရှိသူတစ်ဦးကရှင်းလင်းပြောကြားစဉ်
တောင်သူပညာပေးပြကွက်
စပါးနဲ့ဆန်အမျိုးမျိုး
စပါးဖျက်ပိုးအမျိးမျိုး
ယခုစိုက်ပျိုးပြသထားတဲ့  အထူးအထွက်တိုးစပ်မျိုးပုလဲသွယ်ဆန်မွှေးဟာ ဗာစပါတီဆန်ရဲ့ မူလမျိုးရင်းကို အထူးအထွက်တိုးအောင် ပြုပြင်ထားတဲ့မျိုးဖြစ်လို့ တစ်ဧကစပါး တင်း(၁၂၀)ကျော် ထွက်ရှိမှာ ဖြစ်တယ်လို့သိရပါတယ်။ မျိုးအနေနဲ့လည်း တစ်ဧက ၅ကီလိုသာ စိုက်ရမှာဖြစ်လို့ မျိုးတန်ဘိုး ကုန်ကျစရိတ်မှာလည်း ဗာစပါတီဆန်နဲ့အတူတူဖြစ်တယ်လို့ဆိုပါတယ်။ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် (၁၄)ချက်အတိုင်း လိုက်နာဆောင်ရွက်ရင် ဒီလိုအထွက်တိုးတယ်ဆိုတာ တောင်သူတွေကို လက်တွေ့သိရအောင် စိုက်ပြရတာပါလို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စိတ်ဝင်တစားလေ့လာကြသည်
ဒီလိုမျိုးကိုဒီလိုစိုက်ရင်ဒီလိုအောင်မြင်ပါတယ်
ပင်ပွါးနဲ့ကောက်နှံကိုရေပြီး အထွက်ခန့်မှန်းလို့ရတယ်
လက်ရှိဈေးကွက်မှာ ဗာစမာတီဆန်ဟာ ဈေးအကောင်းဆုံးဖြစ်ပြီး ဟဲဟိုးဒေသမှာတင် တစ်အိပ်ကို ၉၀၀၀၀ကျပ် ဈေးပေါက်နေတာမို့ တောင်သူများအနေနဲ့ မျိုးပြောင်းလဲစိုက်ပျိုးဖို့ အထူးစိတ်ဝင်စားနေကြကြောင်း သိရှိရပါတယ်။

Wednesday, October 17, 2012

Filtered water for Aungpan

အောင်ပန်းလူထုအတွက် ရေသန့်စင်စနစ်

အောင်ပန်းမြို့လူထုအတွက် သောက်သုံးရေရရှိရေးကို မြို့ရေပေးရေးကော်မတီက တာဝန်ယူ ဖြန့်ဝေပေးနေပါတယ်။ မြို့ရေပေးရေးကော်မတီဆိုတာ မြို့ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီရဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ မြို့ရေပေးရေးကော်မတီဟာ မြို့နယ်စည်ပင်ရဲ့ကြီးကြပ်မှုနဲ့ မြို့ပေါ်ရပ်ကွက်(၁၂)ခုမှာ အိမ်ခြေ ၅၀၀ကျော်ကို တစ်နေ့ ရေဂါလံ ၃သိန်းကျော်ဖြန့်ဝေပေးနေပါတယ်။ အဓိကရေအရင်းအမြစ်တွေကတော့ ငါးကြောင်အိုင်ဆည်နဲ့ နန့်အွန်ရေထွက်တို့ပဲ ဖြစ်ပါတယ်။ ငါးကြောင်အိုင်ဆည်ရေဟာ မိုးတွင်းအခါမှာ လွန်စွာနောက်ကျိပြီး နှစ်ရက်လောက် အနယ်ထိုင်ပြီးမှ သုံးလို့ရတဲ့အတွက် ရေသန့်စင်စနစ်တစ်ခု တည်ဆောက်ဖို့ ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ နိုင်ငံတော်သမ္မတကြီးက လမ်းညွှန်ခဲ့ပါတယ်။

အောင်ပန်းအတွက်ရေအရင်းအမြစ် ငါးကြောင်အိုင်ဆည်
နွေအတွက်ရေကိုမိုးမှာစုထားရပါတယ်
မြို့နယ်စည်ပင်က အနှေးသဲရေစစ်စနစ် Slow Sand Filtering System ကို အသုံးပြုပြီး ရေသန့်စင်မယ့် အနည်ထိုင်ကန်နဲ့ ရေစစ်ကန်တို့ကိုတည်ဆောက် နေရာမှာ ၉၀%ပြီးစီးပြီး မကြာမီမှာ လုပ်ငန်းစတင်နိုင်တော့မယ်လို့ သိရပါတယ်။ ``အနယ်ထိုင်ကန်က ဂါလံ ၅၀၀၀၀ဆံ့ပြီး အကန့် ၁၂ကန့်ပါရှိပါတယ်။ ဆည်ကနေ ၆လက်မပိုက်နဲ့ ရောက်လာတဲ့ ရေတွေကို အဲဒီအကန့်တွေထဲမှာ ကွေ့ကောက်စီးဆင်းစေပြီး အနည်ကျစေပါတယ်။ အပေါ်ယံရေကြည်ကို ၄လက်မပိုက်နဲ့ ရေစစ်ကန်ကိုပို့ပါတယ်။ ရေစစ်ကန်က ၁၁ပေမြင့်ပြီး အောက်မှာ ကျောက်စရစ်သုံးထပ်နဲ့ သဲတစ်ထပ်ကို အမြင့် ၆ပေခွဲအထိထည့်ထားပြီး အဲဒီရေစစ် အလွှာတွေနဲ့ ရေမှာရောနေတဲ့ နုံးတွေကို စစ်ထုတ်တာဖြစ်ပါတယ်။ ရေစစ်ကန်ကနှစ်ယူနစ်ဖြစ်ပြီး တစ်ယူနစ်ကို တစ်နေ့ ဂါလံ ၈၀၀၀၀ သန့်စင်နိုင်ပါတယ်။´´ လို့ စည်ပင်အရာရှိကပြောပါတယ်။

အနှေးသဲရေစစ်စနစ်၏နမူနာပုံစံ
အနယ်ထိုင်ကန်
အနှေးသဲရေစစ်ကန်
တာဝန်ရှိသူများကစစ်ဆေးစဉ်
 တည်ဆောက်ဆဲရေသန့်စနစ်ပြီးသွားတဲ့အချိန်မှာ အောင်ပန်းမြို့လူထုအတွက်ဖြန့်ဝေပေးတဲ့ရေဟာ တိုက်ရိုက်သောက်သုံးနိုင်တဲ့အဆင့် ဖြစ်မယ်လို့ မြို့သူမြို့သားတွေကမျှော်လင့်နေကြကြောင်း သိရှိရပါတယ်။


Tuesday, October 16, 2012

Some Myanmar Jokes

ပြုံးစရာမြန်မာဟာသများ

ဘ၀အမောပြေစေဖို့ မြန်မာဟာသ အချို့ ကူးယူဖေါ်ပြလိုက်ပါတယ်






Today Weather forecasting

ယနေ့မိုးလေ၀သအခြေအနေ

မြ၀တီမှကူးယူဖေါ်ပြပါသည်

A railway station beyond Kalaw

ကလောအလွန်တစ်ဘူတာ


ကလောမြို့နယ် တောင်လားကျေးရွာအုပ်စုထဲက မြင်းဒိုက်ဘူတာကို ရောက်ခဲ့စဉ် ပရိတ်သတ်များအတွက် ဓါတ်ပုံရိုက်တင်ပေးလိုက်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ၄၁၅၇ပေမှာရှိတဲ့မြင်းဒိုက်ဘူတာ
ရုံပိုင်နေအိမ်ကရှေးဟောင်းပုံစံ မီးလင်းဖိုနဲ့ပေါ့
ရထားအ၀င် ပြင်ဆင်နေကြ ဒေသထွက်ကုန် ရောင်းဖွယ်စုံ
ရထားဆိုက်ချိန် ထမင်းဆိုင်
စည်ပင်သွယ်တန်း စိမ့်စမ်းရေတိုင်
ဘူတာသေးသေး ကုန်စည်များများ
ဆက်လက်ထွက်ခွါ လိုလာပို့ဆောင်မည့် မမ
တောင်ခိုးမြူဝေ လွမ်းဖွယ့်မြေ
မက်မန်းလိမ္မော် သစ်တောတွေစိုက်ပျိုး ရိုးသားစွာ အသက်မွေးတဲ့ သွေးချင်းတို့မြေ
နေချင်စဖွယ် အိမ်ငယ်ငယ်

Monday, October 15, 2012

So we love much our President

မင်္ဂလာရှိသော သတင်းပါခင်ဗျား

နိုင်ငံတော်သမ္မတရုံးက OIC ဆက်ဆံရေးရုံးများကို ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ဖွင့်လှစ်ခွင့်ပြုမည်မဟုတ်ဟု သတင်းထုတ်ပြန်ထားကြောင်းသိရပါတယ်။ မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေ နယ်ချဲ့လာနိုင်ဖို့ ကုလားအုပ်လို သွေးတိုးစမ်းလာတဲ့ OIC ဆက်ဆံရေးရုံးဖွင့်လှစ်ရန်ကိစ္စကို ရဟန်းရှင်လူ ပြည်သူတွေက ကန့်ကွက်မှုများပေါ်ပေါက်လာပြီး ပြည်သူတို့ နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့ နိုင်ငံတော်သမ္မတရုံးက ယခုလို သတင်းထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။


မင်္ဂလာရှိသောကြေညာချက်


Monday, October 8, 2012

Awareness Campaigns for Inlay Lake Conservation

အင်းလေးကန်ထာဝရတည်တံ့အောင်ထိန်းသိမ်းကြပါစို့


အင်းလေးကန်ထဲနေသူများရဲ့အသိစိတ်ဓါတ်ကအဓိကပေါ့
သတိထားပြုပြင်စရာတွေပေါ့
အန္တရာယ်ကိုသိပြီဆိုတော့ သင်ကောဘာလုပ်မှာလဲ
ဘယ်သူ့မှာတာဝန်ရှိလဲ
ဘယ်သူမပြုမိမိမှု
ခုတော့ဒီလိုဖြစ်နေပြီ နောင်ဆိုရင်တော့...
စီးပွါးရေးလုပ်ဖို့နေရာမရှိတော့ရင်သင့်စီးပွါးရေးလည်းထိခိုက်မှာနော
အားလုံးတာဝန်ကိုယ်စီကျေဖို့လိုပါတယ်

Friday, October 5, 2012

Let's Conserve our Heritage, Inlay Lake

အင်းလေးကန်ထာဝရတည်မြဲစေဖို့

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကုန်းတွင်းရေအိုင်ကြီးဖြစ်ပြီး ထူးခြားတဲ့ လူနေထိုင်မှုနဲ့ ယဉ်ကျေးမှုတွေကြောင့် ကမ္ဘာကျော်တဲ့ အင်းလေးကန်ကြီးဟာ ကမ္ဘာလုံးဆိုင်ရာရာသီဥတုပြောင်းလဲမှုကြောင့် တဖြည်းဖြည်းနဲ့ ကန်ရေပြင်ပမာဏကျဉ်းမြောင်းလာမှု ရေလှောင်ပမာဏ လျော့နည်းလာမှုတွေနဲ့ ခန်းခြောက်ကွယ်ပျောက်နိုင်တဲ့ ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။

တောင်တွေကာရံထားတဲ့အလယ်မှာ
အင်းလေးကန်တွင်းကရေပေါ်ကျွန်းမျောစိုက်ခင်းများ
  အာဆီယံယဉ်ကျေးမှုအမွေအနှစ်ဒေသ (ASEAN CULTURE HERITAGE) နဲ့ အာဆီယံသဘာဝအမွေအနှစ်ဒေသ (ASEAN HERITAGE PARK) ဖြစ်တဲ့ အင်းလေးကန်ရဲ့ ၂၀၁၀နွေရာသီမှာကြုံတွေ့ရတဲ့ ကန်ရေခန်းခြောက်မှုဟာ အင်းလေးကန် ထိန်းသိမ်းရေးကို ထိထိရောက်ရောက်လုပ်ဖို့ လိုအပ်နေပြီဆိုတာကို သတိပေးလိုက်တာပဲဖြစ်ပါတယ်။ အဲဒါကြောင့် ပုံမှန်ဆောင်ရွက်နေတဲ့ အင်းလေးကန် စီမံကိန်းတွေအပြင် နော်ဝေအစိုးရနဲ့ UNDP တို့ရဲ့ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ၂.၆သန်းနဲ့ ၂နှစ်စီမံကိန်းကို ၂၀၁၂နဲ့၂၀၁၃မှာ ဆောင်ရွက်လျက်ရှိပါတယ်။

ရေပေါ်မှာအိမ်ကလေးတွေဆောက်တယ်
 အင်းလေးကန်ရေဝေရေလဲ ဒေသတစ်ခုဖြစ်တဲ့ ကလောမြို့နယ်မှာလည်း အဲဒီစီမံကိန်းမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီစီမံကိန်းကို UNDP ကကြီးကြပ်ပြီး လူထုအခြေပြုအဖွဲ့အစည်း(၁၀)ခုက အကောင်အထည်ဖေါ်ပါတယ်။ ကလောမြို့နယ်အတွင်းမှာ အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးစီမံကိန်းကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အစည်းအဝေးကို စက်တင်ဘာလ နောက်ဆုံးပတ်မှာ ကလောမြို့ UNDP ရုံးမှာကျင်းပခဲ့ကြောင်း သိရှိရပါတယ်။

လုပ်ငန်းတိုးတက်မှုများဆွေးနွေးစဉ်
ကလောမြို့နယ်အတွင်း အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးစီမံကိန်းကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကတော့ 
၁။ အင်းသားစာပေယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးအသင်း
၂။ ရွှေရောင်လွင်ပြင်စိုက်ပျိုးထုတ်လုပ်ရေးသမ၀ါယမအသင်း
၃။ ဂေဟစနစ်ထိန်းသိမ်းရေးနှင့်ပြည်သူအစုအဖွဲ့ဖွံ့ဖြိုးရေးအသင်း
၎။ သဘာဝပတ်ဝန်းကျင်နှင့်စီးပွါးဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်
၅။ အမြဲစိမ်းအုပ်စု
၆။ လယ်ယာမြေဖွံ့ဖြိုးရေးအဖွဲ့
၇။ မြန်မာ့စိုက်ပျိုးရေးအားမန်အသင်း
၈။ သီရိမေအမျိုးသမီးဖွံ့ဖြိုးရေးသမ၀ါယမအသင်းလီမိတက်
၉။ ဓနုစာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးရေးအဖွဲ့
၁၀။ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးမိတ်ဆွေများအသင်း တို့ပဲဖြစ်ပါတယ်။ ရပ်ရွာလူထုအခြေပြုအဖွဲ့တွေရဲ့ ပြည်သူပါဝင်သောလုပ်ငန်းစဉ်တွေအဖြစ် အဓိက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကတော့ သောက်သုံးရေသန့်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်း၊ သစ်တောနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း၊ ရေနှင့်မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းနဲ့ လူမှုစီးပွါးဖွံ့ဖြိုးရေးလုပ်ငန်းတို့ဖြစ်ပါတယ်။ အင်းလေးကန်တိမ်ကောလာရခြင်းအကြောင်းရင်းတွေဖြစ်တဲ့ ရေဝေရေလဲဒေသတွေမှာ သစ်တောထွက်ပစ္စည်းတွေကို အလွန်အကျွံထုတ်ယူသုံးစွဲခဲ့မှု၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုမရှိတဲ့ စိုက်ပျိုးနည်းစနစ်တွေကျင့်သုံးနေမှု၊ ကန်အတွင်းနုန်းပို့ချမှု တွေကို ဒီစီမံကိန်းကနေ လျော့နည်းစေပြီး အင်းလေးကန်ကို ကယ်တင်နိုင်မယ်လို့မျှော်လင့်ရပါတယ်။

Thursday, October 4, 2012

Stationary providing for vendors' children

ပျံကျဈေးသည်သားသမီးများအား စာအုပ်များထောက်ပံ့ပေးအပ်

နိုင်ငံတော်သမ္မတကြီး၏ ဆင်းရဲမှုလျော့ချရေး ရည်မှန်းချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့များက ကျေးလက်ဖွံ့ဖြိုးရေးဘဏ် လီမိတက် (ယခင်စည်ပင်သာယာရေး ဘဏ်လီမီတက်) ထံမှ ချေးငွေများရယူကာ တစ်ဆင့်ပြန်လည် ထုတ်ချေးခြင်းကို ဆောင်ရွက်လျက် ရှိပါတယ်။ နေ့ပြန်တိုးဒဏ်ကို ခံစားနေရတဲ့ အရင်းမဲ့ပျံကျ ဈေးသည်တွေကို တစ်ဦးလျင် ၅၀၀၀၀ကျပ်ကနေ ၅၀၀၀၀၀ကျပ် အထိ တစ်လအတိုး (၂)ကျပ်နှုန်းဖြင့် တစ်နှစ်စာ အတိုးအရင်းပေါင်းကို နှစ်ပတ်တစ်ခါ ပြန်လည်ပေးဆပ်စေတဲ့စနစ် ဖြစ်ပါတယ်။  ပြန်ဆပ်ငွေတွေထဲက ဘဏ်တိုးနဲ့ အရင်းကို ဘဏ်ကိုပြန်ဆပ်ပြီး ပိုတဲ့ အတိုးငွေတွေကို စုထားပြီး ပျံကျဈေးသည်တွေရဲ့ သာရေးနာရေး လူမှုရေးကိစ္စတွေမှာ ပြန်လည်ထောက်ပံ့ပေးပါတယ်။  

ဈေးကော်မတီဝင်တစ်ဦးက စာအုပ်နှင့်စာရေးကိရိယာများပေးအပ်စဉ်
ပညာသင်နှစ် တစ်ဝက်လောက်ကြာတဲ့အခါမှာတော့ ကျောင်းသားတွေလိုအပ်တဲ့ စာအုပ်နဲ့စာရေးကိရိယာတွေ ထောက်ပံ့ပေးအပ်ခဲ့ပြန်ပါတယ်။ ကလောမြို့မဈေး အောင်ပန်းမြို့မဈေးနဲ့ အောင်ပန်းပြည်သာယာဈေးများက ပျံကျဈေးသည် ၁၄၈ဦးရဲ့ သားသမီး ၂၄၈ဦးအတွက် စာအုပ်နဲ့စာရေးကိရိယာ တန်ဖိုး ၁၀သိန်းကျော်ကို ကလောစည်ပင်က ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါတယ်။