Tuesday, January 24, 2012

Opening ceremony of new concrete road in Pathein City

မြို့တော်ပုသိမ်တစ်ဖက်ကမ်းက လမ်းဖွင့်ပွဲ

လမ်းဖွင့်ပွဲ အမှတ်တရ
   (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့တော်ပုသိမ်ရဲ့ တစ်ဖက်ကမ်း ရပ်ကွက်(၉)က ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။

Wednesday, January 18, 2012

What is your option?

သင်ဘာကို ရွေးမလဲ

နေရာ
  • ထောင်သားက (၁၀)ပေ (၈)ပေအခန်းထဲမှာနေရသည်။
  • ၀န်ထမ်းက (၆)ပေ (၈)ပေအခန်းထဲမှာအလုပ်လုပ်ရသည်
အစားအသောက်
  • ထောင်သားက တစ်နေ့(၃)ကြိမ် အချိန်မှန် အစာစားရသည်။
  • ၀န်ထမ်းက မကြာခဏ နေ့လည်စာစားဖို့ အချိန်လုရသည်။
အနေအထိုင်
  • ထောင်သားက ကောင်းကောင်းနေလျင် လျော့ရက်ရသည်။
  • ၀န်ထမ်းက အလုပ်ကောင်းကောင်းလုပ်ပါက အလုပ်များများပိုလုပ်ရသည်။
သက်သာချောင်ချိရေး
  • ထောင်သားက တီဗွီကြည့်နိုင် ဂိမ်းကစားနိုင်သည်။
  • ၀န်ထမ်းက အလုပ်ထဲတွင်တီဗွီကြည့် ဂိမ်းကစားပါက အလုပ်ပြုတ်မည်။
Space
  • Prisoner has 8-10 ft room for rest.
  • Employee has only 6-8 ft room for working.
Meal
  • Prisoner takes meal three times a day in regularly.
  • Employee has no time to have lunch frequently.
Behaviour
  • If prisoner behave as good, he will get some relief.
  • If employee work hard, he will get more works.
Facilities
  • Prisoner has time to watch television and to play video game.
  • Employee will be dismissed, if he watches television and plays video game in work.

Tuesday, January 17, 2012

Urban Development Planning (Cont;)

မြို့ပြဖွံ့ဖြိုးရေးအစီအမံရေးဆွဲခြင်း(အဆက်)

  ဒုတိယမြို့ပြအင်္ဂါရပ်ဖြစ်တဲ့ ကျန်းမာရေး Health ကို ရှင်းပြပါ့မယ်။ ကျန်းမာရေးကို အဓိက သက်ရောက်စေတဲ့ အကြောင်းအရာ နှစ်ခုကတော့ ပတ်ဝန်းကျင်အရေအသွေးအဆင့် Environmental Quality Standard နဲ့ တစ်ကိုယ်ရေ ကျန်းမာရေးစစ်ဆေးမှု Self Medical Check တို့ဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ပတ်သက်ရင် 
  • သက်ရှိဇီဝပတ်ဝန်းကျင် Biological Environment 
  • ဓါတုပတ်ဝန်းကျင် Chemical Environment နဲ့ 
  • ရူပပတ်ဝန်းကျင် Physical Environment လို့ (၃)မျိုးခွဲခြားနိုင်ပါတယ်။ 
Noise Barrier ကို လူထုကျန်းမာရေးအတွက် တပ်ဆင်ရပါမယ်

Performing Multi Color Anyaint in PatheinCity

နိဂြောဓါဗျာဒိတ်ပေးဘုရားပူဇော်ပွဲနဲ့ဆေးရောင်စုံအငြိမ့်

  မြို့တော်ပုသိမ်ရဲ့ ထင်ရှားတဲ့ ဘုရားပွဲတွေထဲက တစ်ခုဖြစ်တဲ့ နိဂြောဓါဗျာဒိတ်ပေး ဘုရား ပင့်ဆောင် ပူဇော်ပွဲကို ရပ်ကွက်အလိုက် ခြိမ့်ခြိမ့်သဲကျင်းပလျက်ရှိရာ (၁၅.၁.၁၂)မှ (၁၆.၁.၁၂)ထိ မြို့တော်ပုသိမ် တစ်ဖက်ကမ်း ရပ်ကွက်(၉)နယ်မြေတွင် အပူဇော်ခံခဲ့ရာ ဘုရားပွဲတော်ကို စည်ကားစွာ ကျင်းပခဲ့ပြီး လူရွှင်တော် ကင်းကောင် ကျော်ထူးနှင့်သီးလေးသီး ဆေးရောင်စုံ အငြိမ့် အဖွဲ့သားများက နှစ်ည တိုင်တိုင် ဖြော်ဖြေခဲ့ကြောင်း သိရှိရပါတယ်။

အပူဇော်ခံထားဗျာဒိတ်ပေးယွန်းဘုရား

Thursday, January 12, 2012

29th aniversiry of Pathein Home for Aged

ဘိုးဘွားရိပ်သာနှစ်ပတ်လည်ကျင်းပမည်

  မြို့တော်ပုသိမ်ရှိ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ဘိုးဘွားရိပ်သာ (စက်တော်ရာဘိုးဘွားရိပ်သာ) (၂၉)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲနှင့် အဆင့်မြှင့် မွမ်းမံပြီးသော အဆောက်အအုံများ ဖွင့်လှစ်ပွဲ အခမ်းအနားများကို  (၁၄.၁.၁၂)နှင့် (၁၅.၁.၁၂) ရက်နေ့များမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမယ်လို့ သိရှိရပါတယ်။

ဘိုးဘွားတို့ဘုရားသွားဖို့ ပြုပြင်ပြီးတဲ့လမ်း

Tuesday, January 10, 2012

Visiting to National Races Village

တိုင်းရင်းသားကျေးရွာသို့ အလည်တစ်ခေါက်

  အမည်အပြည့်အစုံက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် သာကေတ မြို့နယ်က သန်လျင်တံတားကြီး အနီး ပဲခူးမြစ်ကမ်းမှာ အပန်းဖြေအနားယူစရာ အပြင် တိုင်းရင်းသား တွေရဲ့ ယဉ်ကျေးမှုနဲ့ လူမှုဘ၀တွေပါလေ့လာနိုင်တဲ့ နေရာအဖြစ် ၁၉၉၄ခုနှစ် ဧပြီလမှာ စီမံကိန်း စတင်ခဲ့ပါတယ်။ အကျယ်အ၀န်း စုစုပေါင်း (၁၁၇)ဧကရှိတဲ့ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာမှာ ရိုးရာအိမ်များ တည်ဆောက်ခြင်းနဲ့ မြေယာရှုခင်းလုပ်ငန်းကို ၂၀၀၂ခုနှစ် ဖေဖေါ်ဝါရီလမှာ စတင်ခဲ့ပြီး ဒီဇင်ဘာလမှာ အများပြည်သူများအတွက် စတင် ဖွင့်လှစ်ခဲ့ပါတယ်။

တစ်ရွာလုံးကို အပေါ်စီးကကြည့်နိုင်တဲ့ နန်းမြင့်မျှော်စင်

Workshop of Result of MICS in Pathein City

အုပ်စုအလိုက်ဘက်စုံအညွှန်းကိန်းစစ်တမ်းကောက်ယူမှုရလဒ်များဆွေးနွေးပွဲ

  စီမံကိန်းရေးဆွဲရေးဦးစီးဌာန ကျန်းမာရေးစီမံကိန်းဦးစီးဌာနနှင့် unicef ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့တို့ ၂၀၀၉-၂၀၁၀ ခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသော Multiple Indicator Cluster Survey အုပ်စုအလိုက် ဘက်စုံအညွှန်းကိန်းစစ်တမ်း ကောက်ယူမှု ရလဒ်များ (Link) ဆွေးနွေးပွဲကို ယမန်နေ့က မြို့တော်ပုသိမ် ပုသိမ်ဟိုတယ်မှာကျင်းပခဲ့ကြောင်းသိရှိရပါတယ်။

မြန်မာ MICS ၂၀၀၉-၂၀၁၀ အစီရင်ခံစာ

Monday, January 9, 2012

Sattawyar pagoda from Pathein City

မြို့တော်ပုသိမ်မှ စက်တော်ရာဘုရား

မြို့တော်ပုသိမ်ရဲ့ ထင်ရှားတဲ့ဘုရားတွေထဲက တစ်ဆူဖြစ်တဲ့ မင်းဘူးရွှေစက်တော်ဘုရားကို ပုံစံပြုတည်ထားတဲ့ စက်တော်ရာဘုရားနဲ့ သာသနိက အဆောက်အဦတွေကို အဝေးရောက်ပုသိမ်သားများ အလွမ်းပြေစေဖို့နဲ့ မြို့တော်ပုသိမ်ကို မရောက်ဖူးသူများအတွက် ဗဟုသုတအလို့ငှာ ဓါတ်ပုံရိုက်ကူး ဖေါ်ပြပေးလိုက်ပါတယ်။

အောက်စက်တော်ရာ

Saturday, January 7, 2012

Self relying Nyaungwine

ကိုယ့်အားကိုယ်ကိုး ညောင်ဝိုင်း

ညောင်ဝိုင်းရွာအ၀င်က ချမ်းသာကြီးစေတီတော်
မြို့တော်ပုသိမ်မှ (၅)မိုင်ခန့်အကွာ ပုသိမ်ဝါးယားချောင်း ကားလမ်းဘေးကနေ ကိုက် ၅၀၀ လောက် ရှိတဲ့ ရွာအ၀င်လမ်းကို ဖြတ်သန်းပြီးရင်တော့ င၀န်မြစ်ကမ်းဘေးက အေးချမ်း သာယာတဲ့ ညောင်ဝိုင်းရွာ ကို ရောက်မှာ ဖြစ်ပါတယ်။ အိမ်ခြေပေါင်း(၅၀) လာက်သာရှိပေမယ့် ညီညွတ်တဲ့ ကိုယ့်အားကိုယ်ကိုး စိတ်ဓါတ်နဲ့ ကျေးရွာမီးလင်းရေးကို ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြလို့ မကြာခင်မှာ ဓါတ်မီးရောင်တစ်ထိန်ထိန်နဲ့ စည်ပင်ဖွံ့ဖြိုးလာတော့မှာဖြစ်ပါတယ်။ ``ကိုယ့်အားကိုယ်ကိုး မီးလင်းဖို့ စုပေါင်းလုပ်ခဲ့ကြတာပါ၊ တစ်အိမ်ကို (၃)သိန်းစီ စုထည့်ကြတယ် ဘယ်လောက်ကုန်မလဲတော့ မသိသေးပါဘူး မီတာတွေလည်း ရတော့မှာပါ၊ မီးလိုင်းသွယ်တာလည်း ပြီးသလောက်ရှိနေပါပြီ။´´ ဟု ကျေးရွာသူတစ်ဦးကပြောပါတယ်။

Friday, January 6, 2012

Urban Development Planning

မြို့ပြဖွံ့ဖြိုးရေးအစီအမံရေးဆွဲခြင်း

မြို့ပြနေထိုင်မှုဝန်းကျင်အတွက် အဓိကအင်္ဂါရပ်(၄)ခုရှိပါတယ်
   ဖွံ့ဖြိုးတိုးတက်မှုကို ဆန္ဒပြင်းပြစွာ ငတ်မွတ်လာနေကြသော ယနေ့အချိန်တွင် City Development Plan, Town Plan, Urban Development Plan ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။ နိုင်ငံတော် သမ္မတကြီးက ရန်ကုန်မြို့တော်ကို စင်္ကာပူကဲ့သို့ ဖြစ်လာစေရန် လမ်းညွှန်ခဲ့ သကဲ့သို့ ဧရာဝတီတိုင်း ဒေသကြီးတွင်လည်း မြို့တော်ပုသိမ်ကို လာရောက် လေ့လာစရာ စံပြမြို့တော် ဖြစ်စေဖို့ ဦးတည် ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။ ဒါကြောင့် လေ့လာမှတ်သား သိရှိခဲ့ရတဲ့ မြို့ပြဖွံ့ဖြိုးရေး အစီအမံ ရေးဆွဲခြင်းဆိုင်ရာ အသိသညာတစ်ချို့ကို ကြားဖြတ် အနေနဲ့ ဝေမျှလိုက်ပါတယ်။

စိတ်အပန်းဖြေစရာ(၆)

ဒီတစ်ခါ ဂျာနယ်တွေထဲက ကာတွန်းတွေ ကူးယူဖေါ်ပြလိုက်ပါတယ်

Thursday, January 5, 2012

Private hospital and shophouse project in Pathein City

မြို့တော်ပုသိမ်က အဆင့်မြင့်ပုဂ္ဂလိကဆေးရုံစီမံကိန်း

မြို့တော်ပုသိမ်ရဲ့ မြို့လယ်က ထောင်လယ်လို့ခေါ်တဲ့ အကျဉ်းဦးစီးဌာနပိုင် လယ်မြေကွက်တွေမှာ ကုတင်(၁၀၀)ဆံ့ အဆင့်မြင့် ပုဂ္ဂလိကဆေးရုံနဲ့  လူနေဆိုင်ခန်းများပါဝင်တဲ့ အဆောက်အအုံတို့ကို ဧရာဝတီယူနိုက်တက်ပိုင်ရှင် ကုမ္ပဏီများက အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါတယ်။

Wednesday, January 4, 2012

National flag hoisting ceremony in Pathein City

မြို့တော်ပုသိမ်၏ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား

(၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက်(၄)နာရီ မိနစ်(၂၀)မှာ မြို့တော်ပုသိမ်ရဲ့ ကျောက်တိုင်ကွင်းမှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံတော်အလံဟာ လွတ်လပ်တဲ့အချုပ်အခြာအာဏာကို ကိုယ်စားပြုပါတယ်

Tuesday, January 3, 2012

Solid Waste Management

အမှိုက်စီမံခန့်ခွဲမှု

Regional Development ဒေသဖွံ့ဖြိုးရေးအတွက် ပထမအဓိကမဏ္ဍိုင် ဖြစ်သော Environmental Management သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု၏ အစိတ်အပိုင်း တစ်ခုဖြစ်သော EST အကြောင်း အနည်းငယ် တင်ပြပြီးနောက် EM ၏ အခြားအစိတ်အပိုင်းတစ်ခုဖြစ်သည့် Solid Waste Management အမှိုက်စီမံခန့်ခွဲမှု အကြောင်း တင်ပြလိုပါတယ်။ ရှေးဦးစွာ အမှိုက်ဆိုတာ ဘာလဲဟု မေးချင်ပါတယ်။ အမှိုက်ကို နိုင်ငံအသီးသီးက အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ ဥပမာ ဗီယက်နမ်က Wastes are substances in form of solid, liquid, gas, which are discharged production, service, living or other activities. ကုန်ထုတ်လုပ်ခြင်း ၀န်ဆောင်မှုပြုခြင်း နေထိုင်ခြင်း (သို့) အခြား အပြုအမူ တစ်ခုခုက စွန့်ထုတ်လိုက်တဲ့ အခဲ၊ အရည်နဲ့ အငွေ့ ပုံသဏ္ဍာန်ရှိတဲ့ အရာဝတ္ထုများ လို့ဆိုပါတယ်။

Monday, January 2, 2012

New concrete roads opening ceremony in PatheinCity

မြို့တော်ပုသိမ် ကွန်ကရစ်လမ်းများ ဖွင့်ပွဲ

(၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့တော်ပုသိမ်မှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့တဲ့ ကွန်ကရစ်လမ်းတွေထဲက ကုန်သည်လမ်းနဲ့ ဈေးချောင်းလမ်း ဖွင့်ပွဲကို ယနေ့နံနက်မှာ သက်ဆိုင်ရာ လမ်းဖွင့်ပွဲ မုခ်ဦး အသီးသီးမှာ ကျင်းပခဲ့ပါတယ်။

Sunday, January 1, 2012

နှစ်သစ်ဦးရဲ့မင်္ဂလာ မြို့တော်ပုသိမ်မှာ


ရွှေမုဋ္ဌောစေတီက တစ်ထောင်စီပူဇော်တဲ့ပွဲ

ခရစ်နှစ် ၂၀၁၂ ရဲ့ ပထမဆုံးညမှာ မြို့တော်ပုသိမ်ရဲ့ ကျက်သရေဆောင် ရွှေမုဋ္ဌော မဟာစေတီတော် ရင်ပြင်ထက် ပရိတ်တော် ဓမ္မစကြာနဲ့ မေတ္တာပို့အမျှဝေတဲ့ အသံတွေနဲ့ ကျက်သရေမင်္ဂလာ ပြည့်စုံဝေဖြာလို့ အလင်းတစ်ထောင် ပန်းတစ်ထောင် ရေချမ်းတစ်ထောင် တံခွန်ကုက္ကားတစ်ထောင် တို့ကို မြတ်စွာဘုရားအား ရည်မှန်းလှူဒါန်းပူဇော်ပွဲ ကျင်းပခဲ့ပါတယ်။
ရွတ်ဖတ်ပူဇော် ဥပ္ပါတသန္တိ ပရိတ်တော်