Saturday, June 30, 2012

Nantine marketing day

နန်းတိုင်းဈေးနေ့

  ရှမ်းပြည်နယ်ရဲ့ထူးခြားတဲ့ ဓလေ့တွေထဲက တစ်ခုကတော့(၅)ရက်တစ်ဈေး ကျင်းပလေ့ရှိတဲ့ ဈေးနေ့ ပဲ ဖြစ်ပါတယ်။ ဈေးပတ်ကားတွေနဲ့ လိုက်ပါပြီး နီးစပ်ရာ မြို့တွေ ကျေးရွာဈေးတွေကို ဈေးသည်များက လှည့်လည် သွားလာ ရောင်းဝယ်ဖေါက်ကားတဲ့ အစဉ်အလာကနေ ဈေးနေ့လို့ ဖြစ်လာတာ ဖြစ်ပါတယ်။

ရောင်းဝယ်ဖေါက်ကား ငါးရက်တစ်ခါ ရပ်ရွာဓလေ့ ဈေးနေ့

ခြံထွက်သီးနှံများလာရောက်ရောင်းချကြသူများ
 ဈေးနေ့တွေမှာ ဈေးပတ်ကား ဈေးသည်များသာမက အနီးပတ်ဝန်းကျင် ကျေးရွာများက ယာထွက် ခြံထွက် ထွက်ကုန် သီးနှံများ လာရောက်ရောင်းချရင်း မိမိတို့အတွက် လိုရာဝယ်ချမ်းကြတဲ့ ရပ်သူရွာသား များဖြင့်လည်း တစ်နေကုန် စည်ကားနေတတ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဈေးနေ့ကျတဲ့ရက်ဟာ ဥပုသ်နေ့ ဖြစ်နေရင်တော့ ဈေးနေ့မတိုင်ခင် တစ်ရက်ဖြစ်တဲ့ ဈေးဖိတ်နေ့မှာ ဈေးပျက်ဆိုပြီး ခင်းကြ ရောင်းဝယ်ကြတဲ့အခါ ပုံမှန်ဈေးပတ်ကားနဲ့ ဈေးသည်တွေ ရောက်မလာလို့ မစည်ကားပေမယ့် နောက်တစ်ပတ် ဈေးနေ့မှာတော့ ပုံမှန်ဈေးနေ့ထက် ပိုမို စည်ကားလေ့ ရှိတတ်ပြန်ပါတယ်။ ကလောမြို့ပတ်ဝန်းကျင်ရဲ့ ဈေးနေ့တွေကတော့ ကလောဈေး၊ ပင်းတယဈေး၊ ဟဲဟိုးဈေး၊ အောင်ပန်းဈေးနဲ့ နန်းတိုင်းဈေးတို့ ဖြစ်ပါတယ်။
ငါးရက်စာတစ်ခါဝယ်လို့ ပအို့ဝ်မို့အိုတစ်ဦး

Friday, June 29, 2012

School dress donation for vendors' childern

ပျံကျဈေးသည်များ၏ သားသမီးငယ်များအား ကျောင်းဝတ်စုံထောက်ပံ့ပေးအပ်

 ကလောမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ကလောမြို့မဈေး၊ အောင်ပန်းမြို့မဈေးနှင့် အောင်ပန်းမြို့
 ပြည်သာယာဈေးများရှိ ပျံကျဈေးသည်များအား ကလောစည်ပင်မှ တာဝန်ယူကာ စည်ပင်သာယာရေးဘဏ် လီမိတက်ချေးငွေများဖြင့် အသေးစားငွေကြေး ၀န်ဆောင်မှုအဖွဲ့များ ဖွဲ့စည်းပြီး ချေးငွေများ ထုတ်ပေးထားခဲ့ပြီး အရစ်ကျ ပြန်လည်ပေးဆပ်စေခဲ့ရာမှ ရရှိသော အတိုးစုငွေများဖြင့် ပျံကျ ဈေးသည်များ၏ သာရေး နာရေး လူမှုရေး ကိစ္စများတွင် အဖွဲ့ အစီအစဉ်ဖြင့် ကူညီဆောင်ရွက်လျက်ရှိပါတယ်။

တာဝန်ရှိသူတစ်ဦးက ထောက်ပံ့ရခြင်းအကြောင်းရင်း ရှင်းလင်းပြောကြားစဉ်
  ယခုပညာသင်နှစ် ကျောင်းဖွင့်ရာသီ အစတွင် အဖွဲ့ဝင် ပျံကျဈေးသည်များ၏ အခြေခံပညာ ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။ ထိုသို့ ထောက်ပံ့ပေးခဲ့ရာမှာ ကျောင်းသား/သူစုစုပေါင်း (၂၃၆)ဦး အတွက် ငွေကျပ် (၁၄)သိန်းကျော် သုံးစွဲခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါဈေး(၃)ဈေးမှ ပျံကျဈေးသည် စုစုပေါင်း(၃၈၅)ဦးအား ကလောစည်ပင်နှင့် ဈေးကော်မတီများပါဝင်သော  အသေးစားငွေကြေးဝန်ဆောင်မှု အဖွဲ့(၃)ဖွဲ့က ချေးငွေပေါင်း(၅၃၇)သိန်း ထုတ်ချေးထားကြောင်း သိရှိရပါတယ်။

Kalaw trip of Senior adviser and parties from UNDP

 ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှအကြီးတန်းအကြံပေးနှင့်အဖွဲ့ ကလောမြို့သို့ရောက်ရှိ

 အမေရိကန်နိုင်ငံ နယူးယော့မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ အကြီးတန်းအကြံပေး၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် အရှေ့တောင်အာရှရုံးခွဲမှ အကြံပေးနှင့် ရန်ကုန်မြို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်တို့ ပါဝင်သော အဖွဲ့သည် (၂၃.၆.၁၂)ရက်နေ့နှင့် ( ၂၄.၆.၁၂)ရက်နေ့များတွင် ကလောမြို့သို့ လာရောက်ခဲ့ကြောင်း သိရှိရပါတယ်။

အစိုးရဌာနဆိုင်ရာများနှင့်တွေ့ဆုံဆွေးနွေးစဉ်
  ကလောမြို့ခရီးစဉ်အတွင်း ယင်းအဖွဲ့သည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းဇုန်နှင့် ကလောမြို့နယ် UNDP တာဝန်ခံများနှင့်တွေ့ဆုံကာ Good Governance လုပ်ငန်းစဉ်များနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်မှုတို့ အတွက် လိုအပ်သည့် အကူအညီများပေးရေး အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကိုရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။

ဘုရားဖြူရွာသို့ခရီး အင်းဝန်းဘူတာအနီး
နောက်တစ်နေ့တွင် ကလောမြို့နယ် ဘုရားဖြူရွာနှင့် အင်းဝန်းရွာများသို့ သွားရောက်ခဲ့ပြီး ICDP project ဖြင့် ဆောင်ရွက်ခဲ့သည့် SRG အဖွဲ့များ၏ အဖွဲ့ဝင်များ ရာအိမ်မှူး ဆယ်အိမ်မှူးများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာမှလိုအပ်သည့် အကူအညီများနှင့် ကျေးရွာနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဆက်သွယ်ဆောင်ရွက်မှု အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ပါတယ်။

အင်းဝန်းရွာကတွေ့ဆုံပွဲ
 ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်အနေနဲ့ မြန်မာနိုင်ငံမှာ ကူညီဆောင်ရွက်ရေး လုပ်ငန်းများ ပိုမို လုပ်ဆောင်နိုင်ဖို့နဲ့ ၂၀၁၃ခုနှစ်က စတင်ပြီး ဆောင်ရွက်မယ့် စီမံကိန်းတွေမှာ အစိုးရ ဌာနများရဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများမှာ ပါဝင်ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ဖြစ်နိုင်မယ့် စီမံကိန်းတွေ ရေးဆွဲ တင်ပြနိုင်ဖို့ ယခုလို အကြီးတန်းအကြံပေးပုဂ္ဂိုလ်နဲ့ အဖွဲ့အား ကွင်းဆင်း တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်စေခဲ့ခြင်း ဖြစ်ကြောင်းနဲ့ ယင်းအဖွဲ့သည် ဆက်လက်ပြီး တောင်ကြီးမြို့နဲ့ လွိုင်ကော်မြို့များသို့ သွားရောက်ကာ ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရပါတယ်။

Wednesday, June 27, 2012

နှစ်သက်မိတဲ့ ကာတွန်းပုံများ

လူရိုးဆိုတာသင်္ချိုင်းမှာပဲရှာရတော့မှာလား

ရောင်းအားကောင်းတော့လည်းကွန်ပြူတာသုံးရတော့မှာပေါ့

အားလုံးအကောင်းချည့်ပဲမျှော်လင့်လို့မဖြစ်နိုင်ပါ

Wednesday, June 20, 2012

Non Formal Primary Education in Kalaw

ကလောမြို့နယ်၏ ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်

 ကလောမြို့နယ်၏ ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် အ.ထ.က(၁)ကလော ကျောင်းခန်းမမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ မြို့နယ်အဆင့် ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီ ဥက္ကဌက အမှာစကား ပြောကြားခဲ့ပြီး အလှူရှင်များက အလှူငွေများ ပေးအပ်ကာ အခြေစိုက်စခန်းတာဝန်ခံများအား တာဝန်ပေးအပ်မှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အခမ်းအနားကို ကျောင်းပြင်ပမူလတန်း ဆရာမများက ``ကလေးများအတွက် ဒီနေ့´´ သီချင်းသီဆိုရုပ်သိမ်း ခဲ့ကြောင်း သိရပါတယ်။

အမှာစကားပြောကြားနေစဉ်