ပျံကျဈေးသည်များ၏ သားသမီးငယ်များအား ကျောင်းဝတ်စုံထောက်ပံ့ပေးအပ်
ကလောမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ကလောမြို့မဈေး၊ အောင်ပန်းမြို့မဈေးနှင့် အောင်ပန်းမြို့
ပြည်သာယာဈေးများရှိ ပျံကျဈေးသည်များအား ကလောစည်ပင်မှ တာဝန်ယူကာ စည်ပင်သာယာရေးဘဏ် လီမိတက်ချေးငွေများဖြင့် အသေးစားငွေကြေး ၀န်ဆောင်မှုအဖွဲ့များ ဖွဲ့စည်းပြီး ချေးငွေများ ထုတ်ပေးထားခဲ့ပြီး အရစ်ကျ ပြန်လည်ပေးဆပ်စေခဲ့ရာမှ ရရှိသော အတိုးစုငွေများဖြင့် ပျံကျ ဈေးသည်များ၏ သာရေး နာရေး လူမှုရေး ကိစ္စများတွင် အဖွဲ့ အစီအစဉ်ဖြင့် ကူညီဆောင်ရွက်လျက်ရှိပါတယ်။
ယခုပညာသင်နှစ် ကျောင်းဖွင့်ရာသီ အစတွင် အဖွဲ့ဝင် ပျံကျဈေးသည်များ၏ အခြေခံပညာ ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။ ထိုသို့ ထောက်ပံ့ပေးခဲ့ရာမှာ ကျောင်းသား/သူစုစုပေါင်း (၂၃၆)ဦး အတွက် ငွေကျပ် (၁၄)သိန်းကျော် သုံးစွဲခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါဈေး(၃)ဈေးမှ ပျံကျဈေးသည် စုစုပေါင်း(၃၈၅)ဦးအား ကလောစည်ပင်နှင့် ဈေးကော်မတီများပါဝင်သော အသေးစားငွေကြေးဝန်ဆောင်မှု အဖွဲ့(၃)ဖွဲ့က ချေးငွေပေါင်း(၅၃၇)သိန်း ထုတ်ချေးထားကြောင်း သိရှိရပါတယ်။
တာဝန်ရှိသူတစ်ဦးက ထောက်ပံ့ရခြင်းအကြောင်းရင်း ရှင်းလင်းပြောကြားစဉ် |
No comments:
Post a Comment