Tuesday, December 25, 2012

Air crash in Heho

ဟဲဟိုးလေယာဉ်ကွင်းထိပ်၌လေယာဉ်မတော်တဆဖြစ်ပွါးမှု

ယနေ့ နံနက် (၈)နာရီ မိနစ်(၅၀)မှာ မန္တလေးမှ ဟဲဟိုးသို့ ပျံသန်းရောက်ရှိလာတဲ့ Air Baganလေကြောင်းလိုင်းပိုင် Fokker F-100အမျိုးအစား ခရီးသည်တင်ဂျက်လေယာဉ်ဟာ ဟဲဟိုးလေယာဉ်ကွင်း တောင်ဘက် ၀ါးရုံပင်ကျေးရွာအနီး မိတ္ထီလာတောင်ကြီး ပြည်ထောင်စုလမ်းမကြီး ဘေးရှိ 600KV ဓါတ်အားလိုင်းကို တိုက်မိပြီး ရိပ်သိမ်းပြီးစ ပန်းနှမ်းစိုက်ခင်းအတွင်းသို့ ကျရောက်ခဲ့ကြောင်း သိရှိရပါတယ်။


 လေယာဉ်ဟာ လမ်းဘေးမှ သစ်ပင်များကို တိုက်မိပြီး အတောင်ပံများ ပြုတ်ထွက်ကာမီးလောင်ခဲ့ကြောင်း သိရှိရပါတယ်။ ပြုတ်ထွက်သွားတဲ့ အတောင်ပံတစ်ခုဟာ ကားလမ်းပေါ်သွားနေတဲ့ ဆိုင်ကယ်တစ်စီးကို တိုက်မိပြီး ဆိုင်ကယ်မှာ မီးလောင်ပျက်စီးကာ ဆိုင်ကယ်ပေါ်ပါလာသူ နှစ်ဦးအနက် တစ်ဦးမှာ နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ တောင်ကြီးစ၀်စံထွန်း ဆေးရုံမှာ ကွယ်လွန်သွားခဲ့ကြောင်းသိရပါတယ်။

လေယာဉ်ကိုယ်ထည်မီးလောင်နေစဉ်
မီးလောင်ပျက်စီးနေသောအတောင်ပံ
လေယာဉ်ပေါ်မှာ ခရီးသည် (၆၅)ဦး လေယာဉ်မှူးတစ်ဦး တွဲဘက်လေယာဉ်မှူးတစ်ဦး လေယာဉ်မောင်တစ်ဦး လေယာဉ်မယ်နှစ်ဦး လိုက်ပါခဲ့ပြီး လေယာဉ်ကိုယ်ထည်ကို မီးမလောင်မီ ခရီးသည်များကို လေယာဉ်အတွင်းမှ ဘေးလွတ်ရာကယ်ထုတ်နိုင်ခဲ့သည့်အတွက် ခရီးသည်တစ်ဦးသာ မီးလောင်သေဆုံးခဲ့ကြောင်းသိရပါတယ်။ လေယာဉ်မှူးနှစ်ဦနဲ့ ခရီးသည်(၇)ဦး စုစုပေါင်း(၉)ဦးကိုတော့ မစိုးရိမ်ရတဲ့ဒါဏ်ရာများနဲ့ တောင်ကြီး စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ဆေးကုသထားရပါတယ်။ သေဆုံးသူခရီးသည်မှာ မနွယ်လင်းရှိန်ဖြစ်ပြီး နိုင်ငံခြားသားဧည့်လမ်းညွှန်အဖြစ်လိုက်ပါလာခြင်းဖြစ်ကာ ရပ်စောက်သူတစ်ဦးဖြစ်ကြောင်းသိရှိရပါတယ်။

လေယာဉ်အစိတ်အပိုင်းများ
အတောင်ပံအပိုင်းအစတစ်ခု
မီးလောင်သွားသောယာခင်းပြင်
လမ်းမဘေးသစ်ပင်များ

လေယာဉ်ပျက်ကျရာနေရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲနဲ့ ၀န်ကြီးများ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ပြီး လေယာဉ်ပျက်မှ ခရီးသည်များကို ယာယီနေရာချထားပေးတဲ့ လေဆိပ်ဓမ္မာရုံကိုသွားရောက်ကာ နှစ်သိမ့်အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
မီးလောင်သွားသောဆိုင်ကယ်
 
 
 
အားပေးစောင့်ရှောက်မှု

Sunday, December 23, 2012

Opening ceremony of Win Lin Libary

စာကြည့်တိုက်ဖွင့်ပွဲ

ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု မြက်ဆက်ကျေးရွာရဲ့ ၀င်းလင်းစာကြည့်တိုက် အဆောက်အအုံအသစ် ဖွင့်ပွဲကို (၂၁.၁၂.၂၀၁၂)ရက်နေ့က အဲဒီစာကြည့်တိုက်သစ်မှာ ကျင်းပခဲ့ပါတယ်။
စာကြည့်တိုက်အဆောက်အအုံအတွက် ကုန်ကျငွေ (၂၆)သိန်းကျော်ရှိပြီး ပြန်ကြားရေးဝန်ကြီးဌာနက ထောက်ပံ့ငွေ (၁၀)သိန်း ကျေးရွာသူရွာသားများ စုပေါင်းထည့်ဝင်ငွေနဲ့ ဌာနဆိုင်ရာများက လှူဒါန်းငွေတွေနဲ့ အောက်တိုဘာလမှာ စတင်ဆောက်လုပ်ခဲ့ပြီး ယခု ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ဖွင့်ပွဲမှာ စာကြည့်တိုက်အတွက် ငွေပဒေသာပင် စိုက်ထူဖို့ တက်ရောက်ကြတဲ့ စစ်ဘက်နယ်ဘက်ဌာဆိုင်ရာများ ရပ်သူရွာသားများ လှူဒါန်းငွေဟာ ၃၂၀၀၀၀ ရရှိတဲ့အတွက် ကလောမြို့နယ်အတွင်း စာကြည့်တိုက်ငွေပဒေသာပင် အများဆုံးစိုက်ထူနိုင်တဲ့ စာကြည့်တိုက်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
(၂၆)သိန်းကျော်တန်စာကြည့်တိုက်
အိုးစည်ကြီးတီးလို့ရယ်
ဒေသခံတို့ အသိအမြင်တိုးတက်စေဖို့
မီဒီယာအဖုံဖုံ
စာအုပ်စာစောင်အဖုံဖုံ
ပညာရောင်ဝင်း လင်းလေပြီ
စေတနာဟင်း စားချိုသည်


Thursday, December 20, 2012

Nay Pyi Taw Pinlaung Road

နေပြည်တော်ပင်လောင်းလမ်း

သက်တမ်းရာကျော်ကညင်ပင်ကြီး
မြေတောင်တို့မပြိုစေဖို့
လိန်းလီကြိုးတံတား မြန်မာ့စွမ်းအား
အမြင့်ကြောက်လို့ဘေးမကြည့်ရဲပါ
၁၃ထပ်ကွေ့ကိုကျော်ပြီးနောက်