ဆံတော်ရှင်ရွှေမောင်းတီးမဟာစေတီတော်
မြို့တော်ပုသိမ်ကနေ မဝေးလှတဲ့ ကန်ကြီးထောင့်မြို့နယ်အတွင်းက ရွှေမောင်းတီးမဟာစေတီတော်ကြီးကို သွားရောက်ဖူးမျှော်ကြရအောင်။
ရွှေမောင်းတီးစေတီ၏သမိုင်းအစသည် မြန်မာနိုင်ငံ၌သာသနာစတင်သည့်ကာလနှင့် ဆက်စပ်နေသည်။ ဘီစီ ၅၈၈ခုနှစ်တွင် ဥက္ကလာပတိုင်းသား ကုန်သည်ညီနောင်က ဗုဒ္ဓ၏ဆံတော်ရှစ်ဆူကို ပင်လယ်ဖြတ်၍ ပင့်ဆောင်လာရာ မော်တင်ဒေသအနီးတွင် ဆံတော်နှစ်ဆူကို နဂါးမင်းကခိုးယူကာ မြတ်မော်တင်စေတီ တည်ထားခဲ့လေသည်။ နဂါးမင်းဖန်ဆင်းသော လေမုန်တိုင်းဒဏ်ကြောင့် နီးစပ်ရာမြစ်ချောင်းအတွင်းသို့ ကုန်သည်ညီနောင်တို့ ၀င်ရောက်ခဲ့ကြရာ မောင်းတီးဒေသ အရောက်တွင် လူရိုင်းဘုရင်ဇုလုမင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရ၏။ ထိုအခါတွင် ကုန်သည်ညီနောင်တို့ ပင့်ဆောင်လာသော ဗုဒ္ဓ၏ ဆံတော်များက ရောင်ခြည်တော် ကွန့်မြူးသဖြင့် အထူးထူးသော အံ့ဘွယ်ကြောင့် ဘုရင်ဇုလုနှင့် လူရိုင်းများက ခွင့်လွှတ်ပါရန် တောင်းပန်ပြီး ကုန်သည်ညီနောင်တို့အား လွှတ်ပေးကာ ဆံတော်နှစ်ဆူ အလှူခံယူ၍ ဌာပနာတည်ကာ (၁၈)တောင်ရှိ မောင်းတီးစေတီကို ပထမဆုံးတည်ထားကိုကွယ် ခဲ့ကြလေ၏။
No comments:
Post a Comment