Wednesday, October 31, 2012

Demostration and Drill for fire fighting

မီးဘေးလုံခြုံရေးဇတ်တိုက်လေ့ကျင့်မှု

မိုးရာသီကုန်ဆုံးတဲ့ကာလ ရောက်ရှိလာပြီဖြစ်တဲ့အတွက် ဈေးသူဈေးသားများ မီးအန္တရာယ် သတိရှိစေရေး နှိုးဆော်ဖို့နဲ့ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လက်ဦးမှုရယူ ငြှိမ်းသတ်နိုင်ဖို့အတွက် ကလောစည်ပင်နဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ရဲ့ ပူးပေါင်းစီစဉ်မှုအရ ကလောမြို့မဈေးမှာ မီးဘေးလုံခြုံရေးဇတ်တိုက်လေ့ကျင့်မှုကို ယနေ့ နေ့လယ်(၁)နာရီမှာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။
ရှေးဦးစွာ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပေါင်ဒါခြောက် Dry Powder မီးသတ်ဆေးဗူး အသုံးပြုပုံကိုရှင်းလင်းပြသခဲ့ပြီး ဈေးသူဈေးသားများအား လက်တွေ့ မီးငြှိမ်းသတ် ဆောင်ရွက်စေခဲ့ပါတယ်။

ဈေးသူဈေးသားတစ်ဦး လက်တွေ့လေ့ကျင့်နေပုံ
အဲဒီနောက် မီးသတ်တပ်ဖွဲ့ဝင်များ ဈေးအရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ တာဝန်ရှိသူများက မီးသတ်ကားနဲ့ အပေါ့စားမီးသတ်စက်များနဲ့ ဈေးအတွင်း သရုပ်ပြမီးငြိမ်းသတ်မှုကို လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။

လေ့ကျင့်ဆောင်ရွက် မီးဘေးကာကွယ်ရေးအတွက်

No comments:

Post a Comment