Tuesday, January 10, 2012

Visiting to National Races Village

တိုင်းရင်းသားကျေးရွာသို့ အလည်တစ်ခေါက်

  အမည်အပြည့်အစုံက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် သာကေတ မြို့နယ်က သန်လျင်တံတားကြီး အနီး ပဲခူးမြစ်ကမ်းမှာ အပန်းဖြေအနားယူစရာ အပြင် တိုင်းရင်းသား တွေရဲ့ ယဉ်ကျေးမှုနဲ့ လူမှုဘ၀တွေပါလေ့လာနိုင်တဲ့ နေရာအဖြစ် ၁၉၉၄ခုနှစ် ဧပြီလမှာ စီမံကိန်း စတင်ခဲ့ပါတယ်။ အကျယ်အ၀န်း စုစုပေါင်း (၁၁၇)ဧကရှိတဲ့ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာမှာ ရိုးရာအိမ်များ တည်ဆောက်ခြင်းနဲ့ မြေယာရှုခင်းလုပ်ငန်းကို ၂၀၀၂ခုနှစ် ဖေဖေါ်ဝါရီလမှာ စတင်ခဲ့ပြီး ဒီဇင်ဘာလမှာ အများပြည်သူများအတွက် စတင် ဖွင့်လှစ်ခဲ့ပါတယ်။

တစ်ရွာလုံးကို အပေါ်စီးကကြည့်နိုင်တဲ့ နန်းမြင့်မျှော်စင်
  ပြည်ထောင်စုအတွင်း အေးအတူပူအမျှ အတူတကွ ချစ်ကြည်စွာ နေထိုင်ကြတဲ့ လူမျိုးစုပေါင်း (၁၃၅)မျိုးရဲ့ ပင်မ လူမျိုးစုကြီး(၈)ခုကို ကိုယ်စားပြုတဲ့ အရွယ်တူတိုင်(၈)တိုင်ကို အခြေပြုပြီး စုစည်းထားတဲ့ ပြည်ထောင်စု သဏ္ဍာန် မုခ်ဦးကို ကျေးရွာအ၀င်ဝမှာ တည်ဆောက်ထားပါတယ်။ 

လူမျိုးစု(၈)ခုကိုယ်စားပြု အ၀င်မုခ်ဦး
လူမျိုးတစ်မျိုးစီ အလိုက် ရိုးရာအိမ် ဒေသတွင်းက ထင်ရှားတဲ့ အဆောက်အဦနဲ့ လူမျိုးရဲ့ အထိမ်းအမှတ်တွေကို တည်ဆောက်ထားတဲ့အပြင် လူမျိုးအလိုက် ၀တ်စားဆင်ယင်မှု နေထိုင်စားသောက်မှု ကိုးကွယ် ယုံကြည်မှုတွေကို ခင်းကျင်း ပြသထားပါတယ်။ ဒါ့အပြင် ရိုးရာအိမ်တိုင်းမှာ တိုင်းရင်းသား/သူတွေ နေထိုင်ကြပြီး အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေလည်း ဖွင့်ပေးထားပါတယ်။ တစ်ခေါက်တစ်ခါ အရောက်မလာနိုင်သူတွေ အတွက် တိုင်းရင်းသား ကျေးရွာက ဓါတ်ပုံတွေ ဝေမျှ ပေးလိုက်ပါတယ်။

ရွာအ၀င်က မြက်ခင်းပြင်
မြေယာရှုခင်းအလှ
ကချင်ရိုးရာအိမ်
ကချင်မနောတိုင်
မြန်မာပြည်ရဲ့ အမြင့်ဆုံးတောင် ခါကာဘိုရာဇီ
ကချင်မလေးယာတောပြန်
ကယားရိုးရာအိမ်
ကိန္နရီကိန္နရာ
ပဒေါင်ဆိုတာ ဒို့သွေးသားပါ
ကရင်ရိုးရာအိမ်
မင်္ဂလာဖားစည်
ချင်းရိုးရာအိမ်
အောက်ချင်းမောင်နှံ
ရိဒ်ရေကန်
ဗမာရိုးရာအိမ်
မင်းကွန်းခေါင်းလောင်းကြီး
မွန်ရိုးရာအိမ်
ကျိုက်ထီးရိုးစေတီ
ရခိုင်ရိုးရာအိမ်
ထုက္ကန့်သိမ်စေတီ
န၀ရူပ ဗျာလ်လရုပ်
ရှမ်းရိုးရာအိမ်
ဒို့ရှမ်းမြေက ကျွဲမင်း

No comments:

Post a Comment