Monday, October 31, 2011

New Royal White Elephant's Pictures

ပုသိမ်မြို့နယ်မှာပေါ်ထွန်းခဲ့တဲ့ ဆင်ဖြူတော်ပုံအချို့
ဖြူသောအမွှေးနဲ့ အသားအရောင် ကြေးစည်နားရွက်
ပုလဲမျက်လုံး ငါးဖယ်ခုံးကျောကုန်း
ဆင်ဖြူတော်ထံလာရောက်ကြည့်ရှုကြသူများ

စုပေါင်းဆင်နွှဲကထိန်ပွဲ

မြို့တော်ပုသိမ်က စုပေါင်းမဟာဘုံကထိန်ပွဲ

အလုပ်နည်းနည်းရှုတ်နေလို့ သတင်းကနောက်ကျသွားတယ် ဘာပဲဖြစ်ဖြစ် ကုသိုလ်သဒ္ဓါပွားများပြီး သာဓုခေါ်နိုင်ဖို့တင်ပေးလိုက်ပါတယ်
(၂၈.၁၀.၁၁)ရက်နေ့ ကထိန်လှည့်လည်စဉ်
(၂၉.၁၀.၁၁)ရက်နေ့ သာသနာ့ဗိမာန်မှာ
ပဒေသာပင်များ
 




Friday, October 28, 2011

Wednesday, October 26, 2011

New Royal White Elephant captured

ဆင်ဖြူတော်တစ်စီးဖမ်းဆီးရမိခြင်း

(၂၅.၁၀.၂၀၁၁)ရက်နေ့ ညက ပုသိမ်မြို့နယ် အတွင်းရှိ ငွေဆောင်-ချောင်းသာကားလမ်း မိုင်တိုင်အမှတ်(၇) အနီးတွင် ဆင်ဖြူတော်တစ်စီးကို ဖမ်းဆီးရမိကြောင်း သိရှိရပါတယ်။ ယင်းဆင်ဖြူတော်သည် ခန့်မှန်း အသက်(၁၅)နှစ်ခန့် ရှိပြီး အမ ဖြစ်ကြောင်း သိရှိရပါတယ်။ လက်ရှိအားဖြင့် ချောင်းသာကားလမ်း အနီးရှိ  မြ၀တီ ရာဘာခြံအတွင်းမှာ ခေတ္တထိန်းသိမ်း ပြုစုစောင့်ရှောက်လျက်ရှိပါတယ်။ အခု ရရှိတဲ့ ဆင်ဖြူတော်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရလက်ထက်မှာ ပထမဆုံး ရရှိတဲ့ ဆင်ဖြူတော်ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ရရှိခဲ့တဲ့ ဆင်ဖြူတော်ဟာ သမ္မတကြီးရဲ့ ဇာတိဒေသဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပေါ်ထွန်းလာခြင်းဟာ ထူးခြားမှုတစ်ခု ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ ယုံကြည်မှုအရ ဆင်ဖြူတော် ပေါ်ထွန်းခြင်းဟာ အတိတ်နိမိတ်ကောင်းဖြစ်ပြီး မင်္ဂလာရှိမှု အေးချမ်းသာယာမှု စည်ပင်ဝပြောမှုတို့ကို ရရှိစေမယ့် သင်္ကေတဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဒီမိုကရေစီကျင့်စဉ်ကို အဆင့်ဆင့်ဖေါ်ဆောင် အောင်မြင်မှုတွေ ရရှိနေချိန်မှာ အခုလို အတိတ်ကောင်း နိမိတ်ကောင်းတွေနဲ့ ဆင်ဖြူတော်တစ်စီး ပေါ်ထွန်းလာခြင်းဟာ မြန်မာ့ခေတ်သစ်အရုဏ်ဦးကို ပိုမိုလင်းလက် တောက်ပလာစေဖို့ အင်အားသစ်တွေ ဖြစ်လာစေမှာဖြစ်ပါတယ်။
ယခုဆင်ဖြူတော်ဟာ မြန်မာနိုင်ငံရဲ့ ဆဋ္ဌမမြောက်ဆင်ဖြူတော်ဖြစ်ပြီး ပဉ္စမမြောက် ဆင်ဖြူတော်ကို ၂၀၁၀ခုနှစ် စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက ရရှိခဲ့ခြင်းဖြစ်ကာ ထိုစဉ်က ခန့်မှန်းအသက် (၁၈)နှစ် အရပ်(၇)ပေ(၁)လက်မဖြစ်ကြောင်းသိရှိရပါတယ်။

ဥပ္ပါတသန္တိစေတီအခြေကဆင်ဖြူတော်တစ်စီး
ပဉ္စမမြောက်ဆင်ဖြူတော်
 

နေပြည်တော်က ဆင်ဖြူတော်ဆောင်

တွေ့ဆုံဆွေးနွေးကျန်းမာရေး

ဆရာဝန်အသင်းညီလာခံကျင်းပမည်
(၈)ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး ဆရာဝန်အသင်းညီလာခံကို (၃.၁၁.၂၀၁၁)နှင့် (၄.၁၁.၂၀၁၁) ရက်နေ့များတွင် ပုသိမ်မြို့တော် မဟာဗန္ဓုလလမ်းမပေါ်ရှိ ဆရာဝန်အသင်း ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသင်းဝင် ဆရာဝန်ဆရာဝန်မများ အထူးကုဆရာဝန်ကြီးများ တက်ရောက်ပြီး စာတမ်းများဖတ်ကြားခြင်း အတွေ့အကြုံများဖလှယ်ခြင်းတို့ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ညီလာခံအထိမ်းအမှတ် ဆေးနှင့်ဆေးပစ္စည်း အရောင်းပြပွဲကိုလည်း စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်းသိရှိရပြီး ပုသိမ်မြို့တော်ဆေးရုံကြီးဝင်း အ၀င်ဝ၌ မုခ်ဦးနှင့် ၀င်းအတွင်း၌ အရောင်းပြခန်းများ ဆောက်လုပ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။

Monday, October 24, 2011

ဥပဒေနှင့်အညီ

မြို့တော်ပုသိမ်က ဆိုင်ကယ်တက္ကစီများ

 တည်ဆဲမော်တော်ယာဉ်ဥပဒေအရ မော်တော်ဆိုင်ကယ်များသည် ခရီးသည်တင်ဆောင်ခွင့်မရှိ(မရှိ)ပါ။ မော်တော်ဆိုင်ကယ်ကို မည်သည့် က.ည.နကမျှ လုပ်ငန်းလိုင်စင် ထုတ်မပေးပါ။ လူပိန်းစကားပြောရလျင် မော်တော်ဆိုင်ကယ်သည် နံပတ်အနက်သာရှိ၍ အနီမရှိပါ။ 
သို့သော် ဥပဒေ၏ အထက်တွင် မည်သူမျှမရှိသည့် ယနေ့ခေတ်၌ ဥပဒေအရ ခွင့်မပြုသော လုပ်ငန်းကို တရားဝင်လုပ်ငန်း တစ်ခုသဖွယ် ပြောင်ပြောင်တင်းတင်း လုပ်ကိုင်နေကြသော ယာဉ်မရပ်ဟု သင်္ကေတပြ ဖြူနီကြား ဆေးသုတ်ထားသည့် နေရာများတွင် အုပ်စုဖွဲ့ရပ်နားနေကြသော ဆိုင်ကယ်တက္ကစီများကား မြို့တော်ပုသိမ် နေရာအနှံ့ ၀င့်ဝင့်ကြွားကြွား ရှိနေကြသည်မှာ အမြင်မတော် ဆင်တော်နှင့်ခလောက်ဟု ဆိုရုံမျှနှင့် မြို့တော်သာယာလှပလာမည် မဟုတ်ပါ။ ကျောသားရင်သားမခွဲခြားသော ဥပဒေ၏ အောက်တွင် ဥပဒေကိုလိုက်နာသူများအား ဥပဒေက အကာအကွယ်ပေးသကဲ့သို့  ဥပဒေချိုးဖေါက်သူများကို ဥပဒေက ထိထိရောက်ရောက် အရေးယူ သင့်ပြီ ဖြစ်ပါကြောင်း။


ပြည်သူ့ကိုယ်စားလှယ်တစ်ဦးဦးက လွှတ်တော်တစ်ခုခုတွင်
`မော်တော်ဆိုင်ကယ်များ တက္ကစီ အငှားလိုက်ခြင်းသည် တည်ဆဲဥပဒေများနှင့် ညီညွတ်မှုရှိပါသလား´ ဟု မေးခဲ့သည်ရှိသော်....

Master & Follower

ရင်ထဲထိတဲ့ဟာသလေးပါ (စဉ်းစားစရာလေးပေါ့နော်)
Master:   Follower must be more intelligent than master.
Follower:   Alright sir, so master must be poorer in knowledge than follower.

စိတ်အပန်းဖြေစရာ

အွန်လိုင်းက မြန်မာပြန်ဟာသ တစ်ချို့ဖေါ်ပြလိုက်ပါတယ် 
စိတ်ညစ်ညူးမှုတွေခဏတာ ပြေပျောက်စေဖို့ စမ်းသပ်ကဏ္ဍလုပ်ကြည့်တာပါ အကြံပေးကြဦးနော်
 





 

e Library of Pathein City

ပုသိမ်မြို့တော်ဂုဏ်ဆောင်စာကြည့်တိုက်ကြီး (ဧရာဝတီစာကြည့်တိုက်)
ကမ်းနားရင်ပြင်ကမြင်ရတဲ့မြို့တော်ခန်းမ

မြို့တော်ခန်းမထဲကဧရာဝတီစာကြည့်တိုက်

စာကြည့်တိုက်အတွင်း စာဖတ်ရန်နေရာများ
သတင်းစာဂျာနယ်များလည်းဖတ်နိုင်ပါတယ်
ဧည့်ခန်းမှာဂြိုဟ်တုစလောင်းကြည့်နိုင်တယ်
Internet နဲ့ CD ဖတ်ဖို့ကွန်ပျူတာများရှိပါတယ်
စာအုပ်တွေကို စနစ်တကျထားရှိပါတယ်
e library က CD များ

 ပုသိမ်မြို့၏ မြို့တော်ဂုဏ်ဆောင် ဧရာဝတီစာကြည့်တိုက်သည် ပုသိမ်မြို့ မြို့တော်ခန်းမ အဆောက် အအုံအတွင်း၌ စနစ်တကျ အဆင့်မီ ဖွဲ့စည်း တည်ဆောက် ထားပါတယ်။ ယခင် ဧရာဝတီတိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သူရရွှေမန်း က ပြန်ကြားရေးဝန်ကြီးဌာန၊ ပုသိမ်တက္ကသိုလ် စာကြည့်တိုက်မှူး တို့နှင့် ညှိနှိုင်း အကြံဉာဏ်ရယူ၍ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ခေတ်မီပြီး အဆင့်မြင့်တဲ့ စာကြည့်တိုက် တစ်ခုကို ဧရာဝတီတိုင်း ဂုဏ်ဆောင် မြို့တော်ခန်းကြီးမှာ ဖွင့်လှစ်ရန် စတင် အကောင်အထည်ဖော် ခဲ့ပါတယ်။ စာကြည့်တိုက် ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်းပြီးနောက် စာကြည့်တိုက်ရဲ့  နေ့စဉ် လုပ်ငန်း ဆောင်တာများအား ပုံမှန် လည်ပတ်နိုင်ရေး အတွက် ဝန်ထမ်း(၈)ဦးအား စိစစ်ရွေးချယ်ပြီး၊ ကိုယ်စီ တာဝန်များဖြင့် ခန့်အပ်ခဲ့ပါတယ်။ ထို့နောက် ဧရာဝတီစာကြည့်တိုက်ဟု အမည်ပေးခဲ့ပြီး ၂ဝဝ၁ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့ (၁၃း၄၅) ချိန်တွင် ဧရာဝတီ စာကြည့်တိုက်၏ ရှေ့တွင်ခန့်ငြားစွာ စိုက်ထူ ထားသည့် ကြေးပြားကမ္ပည်း ကျောက်စာ တိုင်မှတ်တမ်းကို  စက်ခလုတ်နှိပ်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ဧရာဝတီစာကြည့်တိုက်ကို အဆင့်မြင့်သော အီလက်ထရွန်းနစ် စာကြည့်တိုက် (e-library) အဖြစ် တည်ထောင် ထားပါတယ်။ လူကြီးများအတွက် ကွန်ပျူတာ(၁ဝ)လုံး၊ ကလေးများအတွက် ကွန်ပျူတာ(၅)လုံး၊ ရုံးသုံး(၁)လုံး စုစုပေါင်း ကွန်ပျူတာ(၁၆)လုံး တပ်ဆင်ထားပါတယ်။ ကလေးများ အတွက် အလွယ် တကူ လေ့လာသင်ယူ နိုင်သော စီဒီများ၊ လူကြီးများအတွက် (educational CDများ)၊ အထွေထွေ ဗဟုသုတ မှီငြမ်းကိုးကားနိုင်သော စွယ်စုံကျမ်းများ၊ ပြတိုက်များ၊ ဂန္ဓဝင်စာအုပ်များ၊ မြေပုံများပါသည့် (reference CD များ)၊ နိုင်ငံတကာ စီးပွားရေး၊ ဆက်ဆံရေးနည်းလမ်းများ၊ နည်းဥပဒေသများ၊ စာပေး စာယူ ရေးသား နိုင်သော (Business CD များ)၊ ဆေးပညာ ဘာသာရပ်ဆိုင်ရာ ရောဂါများ၊ ကုထုံးများ၊ ဆေးဝါးများ အကြောင်း ပါဝင်သည့်(Medical CD များ)၊ အင်ဂျင်နီယာ၊ အီလက်ထရောနစ်၊ သိပ္ပံနှင့်နည်းပညာ ဘာသာရပ် ဆိုင်ရာ နည်းပညာ များအလိုက် ကိုယ်တိုင် အလွယ်တကူ လေ့လာနိုင်သော သင်ခန်းစာများ ပါဝင်သည့်(Tutorial CD များ)၊ လုပ်ငန်းခွင်သုံး (Software CD) များပါဝင်သည့် (Installation CD များ)၊ ဝါသနာအလိုက် အိမ်အလှပြင်ခြင်း၊ ဥယျာဉ်စိုက်ပျိုးပြုစုခြင်း၊ ကားပြင်ခြင်း၊ ဂစ်တာ/စန္ဒယား တီးနည်း၊ ချက်ပြုတ်နည်း၊ အင်္ကျီဒီဇိုင်းများ ပါဝင်သည့်(Hobby CD များ)၊ တေးသီချင်း (Music(karaoke CD))များ၊ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုး တက်လာစေမည့် (Sport & Game CD များ)စသည့် CD မျိုးစုံ (၈ဝဝ)ကျော် ဝယ်ယူ စုဆောင်း ထားရှိပါတယ်။ ထပ်မံ၍လည်း CD များဝယ်ယူဖြည့်ဆည်း လျက် ရှိပါတယ်။
ဧရာဝတီစာကြည့်တိုက်မှာ အသင်းဝင်လို သူများအတွက် နှစ်စဉ်ကြေးမှာ (၁၂ဝဝိ/-)၊ ( e-library) အသင်းဝင် လိုသူများအတွက် လစဉ်ကြေးမှာ (၁ဝဝဝိ/-)၊ Internet အသုံးပြုခ တစ်နာရီ (၄ဝဝိ/-)ကျသင့်မှာ ဖြစ်ပါတယ်။ နေ့စဉ် (တနင်္လာနေ့မှအပ) နံနက်(၁ဝ)နာရီမှ ညနေ(၆)နာရီအထိ စာကြည့်တိုက်ကို ဖွင့်လှစ်ထားရှိပါတယ်။

ယခုအခါ စာကြည့်တိုက် အသင်းဝင် (၃၈ဝဝ)ကျော်နဲ့ (e-library) အသင်းဝင်သူ (၁၇၅ဝ)ကျော် ရှိပါတယ်။  နေ့စဉ်နှင့်အမျှ စာကြည့်တိုက်အသင်းဝင်သစ်များ တဖွဲဖွဲဝင်ရောက် လျက်ရှိပြီး၊ စာဖတ်သူ၊ စာကြည့်သူ၊ စာအုပ်ငှားသူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရပါတယ်။

Saturday, October 22, 2011

Water utilization system of Harchiman, Gujo City, Gifu Prefecture Japan

ဟချီမန်မြို့၏ ရေအသုံးချမှုစနစ်

Hachiman မြို့ရဲ့ရေအရင်းအမြစ် Yoshida River
အမှိုက်တွေကိုစစ်တဲ့နေရာထဲကတစ်ခု
ဒီလိုနေရာတွေမှာ Purified water ဖြစ်အောင် Filtering လုပ်တယ်

ငါးတွေနဲ့ ရေမှာပေါက်တဲ့အပင်တွေထည့်ထားပြီး သဘာဝနည်းနဲ့ ရေသန့်စင်တဲ့နေရာ
ရေနတ်ဘုရား Water God
လမ်းဘေးကရေနှုတ်မြောင်းမဟုတ်ပါ
ရေပေးရေးမြောင်း (Water Way) ဖြစ်ပါတယ်
Service Water ရေကောင်းတွေပါ

ဒီလိုသစ်သားပြားတွေနဲ့ ရေလမ်းကိုပိတ်လိုက်တော့ ရေမျက်နှာပြင်မြင့်လာပြီး အိမ်ထဲကို ရေတွေ အလိုအလျောက် ရောက်လာတာပေါ့
သုံးရေသာမက မီးဘေးကာကွယ်ရေးအတွက်လည်း ရေပုံးတွေထားရှိ သုံးစွဲကြပါတယ်
Water Way ဘေးက Pocket Park တစ်ခု
နာမည်ကျော် Yanaka Water Lane Pocket Park ( Hachiman မှာ Pocket Park ပေါင်း ၃၃ခုရှိပါတယ်)

ငါတို့စာသင်ကျောင်း

ပန်းကလေးများပွင့်လေပြီ

 

အားမာန်ဝင့်လို့ချီ
 

နေခြည်မှာရွှေရည်လောင်း
 ငါတို့စာသင်ကျောင်း

ပုသိမ်မြို့တော်၏ ထင်ရှားသောသမိုင်းဝင် အထက(၁) ယခင် ဟိုက်စကူးကျောင်း ဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာအတွက် ထူးချွန်ထက်မြက်သူများ မွေးထုတ်ပေးရာ ကျောင်းတော်မဟာလို့လည်း ဂုဏ်တင်ထိုက်ပါတယ်။ ဒီကျောင်းတော်ကြီးကနေ ပျိုးထောင်ပေးလိုက်တဲ့ ပန်းကောင်းများစွာထဲက တစ်ပွင့်ကတော့ ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့သမ္မတကြီးပဲ ဖြစ်ပါတယ်။