Thursday, January 31, 2013

Let's climb up Manawhla Hill

မနောလှတောင် တက်ရအောင်


ထင်းရူးမြို့တော် ကလောကနေ ၄မိုင်ခန့်အကွာ သာယာတဲ့ တောတောင်တို့အလယ်ကနေ ဖြတ်သန်းကာ အပန်းလည်းဖြေ ဘုရားလည်းဖူး သဘာဝအလှအပတို့ကိုလည်း ခံစားလို့ရတဲ့ မနောလှတောင် တက်ကြရအောင်နော်

သိမ်တောင်ကတစ်ဆင့် စတက်ရပါတယ်
ကလောကြိုးဝိုင်းဟုဆိုင်းဘုတ်တပ်ထားသော်လည်း
လွမ်းစေတီ
မနောလှတောင်ကို အဝေးကမြင်ရစဉ်
ထင်ရူးနံ့မွှေးလမ်းကလေး
အထီးကျန်
နားခိုရာဇရပ်
အဝေးကပိန္နဲပင်ရွာ
ဒယ်အိုးပုံရှိသဖြင့် ပလောင်လို ကလောက်ဟုခေါ်ပါသည်
မနောလှစေတီ အမောတို့ပြေ
တစ်မူးရလို့တစ်ပဲလှူ
နေခြည်အောက်မှာ ရွှေရည်တောက်နေ ထင်းရူးမြေ
နဂါးရုံဘုရားများ
လာဘမုနိမြတ်စွာဘုရား
အရှင်သီဝလိကိုလည်းဖူးမျှော်နိုင်သည်
ရိုးရာအုန်းမောင်း
ညွတ်နူးပူဇော် ဖူးမျှော်မ၀ မြတ်ဗုဒ္ဓ
အောင်စည်အောင်မောင်း အောင်စေကြောင်း
သပ္ပါယ်ပေစွ ရှင်တော်ဗုဒ္ဓ
ယုံကြည်သူတို့အတွက်
လွမ်းဘွယ့်မြေ
ထင်းရူးတောတန်း တောင်တန်းကြီးတွေနဲ့
ကဗ္ဗည်းကျောက်စာ ခန့်ထည်စွာ
တောပန်းတို့လည်းဝေေ၀ဆာဆာ
စကြာရန်အောင် မနောလှစေတီတော်
ကမ္ဘာငြိမ်းချမ်းအေးစေတီ
အောင်ချမ်းသာခေါင်းလောင်း

Wednesday, January 16, 2013

Shall JGGA assist for water supply in Pinetree city

ထင်ရူးမြို့တော်ရေလုံလောက်စေဖို့

ထင်းရူးမြို့တော် ကလောမြို့မှာရပ်ကွက်ပေါင်း(၁၁)ခုရှိပြီး ခန့်မှန်းခြေ လူဦးရေ (၁၆၀၀၀)ကျော်ခန့်နေထိုင်ပါတယ်။ ဒါပေမယ့် စစ်ဦးစီးတက္ကသိုလ် တပ်မ(၅၅)နဲ့ တပ်ရင်းနှစ်ရင်းကမြို့ပေါ်မှာတည်ရှိနေပြီး နိုင်ငံခြားခရီးသွားများကလည်း အမြောက်အမြားနေ့စဉ် တည်းခိုနေထိုင်တဲ့အတွက် လူဦးရေစုစုပေါင်းဟာ (၂၀၀၀၀)အထက်မှာနေ့စဉ်ရှိနေနိုင်ပါတယ်။ ကလောမြို့ရေပေးရေးကို မြို့နယ်စည်ပင်က တာဝန်ယူဆောင်ရွက်နေရာမှာ နေ့စဉ် ရေဂါလံပေါင်း (၃၆၀၀၀၀)ခန့် ဖြန့်ဝေပေးနေပေမယ့် အိမ်ခြေအားလုံးဆီကို ရောက်ရှိအောင် ဖြန့်ဝေပေးနိုင်ခြင်းမရှိသေးတဲ့အတွက် နွေအခါမှာ မြို့သူမြို့သားများဟာ ရေအတွက် ဒုက္ခရောက်ကြရတာ နှစ်စဉ်ပုံမှန်ဖြစ်နေပါတယ်။ အဲဒါကြောင့် မြို့မိမြို့ဖများနဲ့ လုပ်ငန်းရှင်များဟာ မြို့ရေပေးရေးကော်မတီဖွဲ့စည်းပြီး လက်ရှိရေပေးရေးလုပ်ငန်းတွေကို အဆင့်မြှင့်တင်ဖို့ တိုးချဲ့နိုင်ဖို့ မြို့နယ်စည်ပင်နဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ JGGA Japan's Grassroots Grant Assistance ဂျပန်နိုင်ငံအသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်ထံ အကူအညီ လျှောက်ထားခဲ့ပါတယ်။ အဲဒါကြောင့် ဂျပန်သံရုံးမှ ညှိနှိုင်းရေးမှူးနဲ့ အဖွဲ့ဟာ ကလောမြို့ကို ရောက်ရှိပြီး သက်ဆိုင်ရာများနဲ့ ဆွေးနွေးညှိနှိုင်းခြင်း ဖြစ်နိုင်ချေများကို လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

သစ်ထွင်းရေထွက်၌
ရေစုကန်၌
ရေဖြန့်ဝေကန်၌
  “အခုလာတဲ့အဖွဲ့က ပဏာမလေ့လာရေးအဖွဲ့ပါ အများဆုံးထောက်ပံ့နိုင်တဲ့ ငွေက သိန်းတစ်ထောင်ပတ်ဝန်းကျင်ဖြစ်ပါတယ်။ ကျနော်တို့က သစ်ထွင်းရေထွက် ရေပေးရေးကို အဆင့်မြှင့်ဖို့ အဆိုပြုထားပါတယ်။ သစ်ထွင်းရေထွက်က တစ်နေ့ဂါလံ ၈၀၀၀၀ လောက်ထွက်ပါတယ်။ သွယ်တဲ့ပိုက်က၂”ပိုက်ဆိုတော့ တစ်နေ့ ရေဂါလံ ၄၀၀၀၀ပဲဖြန့်နိုင်ပါတယ်။ အဲဒါကို ၄”ပိုက်နဲ့အစားထိုးပြီး ပိုလာတဲ့၂”ပိုက်တွေကို ရပ်ကွက်တွေထဲသွယ်ပေးလိုက်ရင် အနည်းဆုံးအိမ်ခြေ ၄၀၀ လူဦးရေ ၂၀၀၀ကျော်ကို ရေဖြန့်ဝေပေးနိုင်မှာ ဖြစ်ပါတယ်” လို့ စည်ပင်အရာရှိက ရှင်းပြခဲ့ပါတယ်။

Monday, January 14, 2013

Workshop for development of Socioeconomic in Pinetree City

ထင်းရူးမြေက လူမှုစီးပွါးဖွံ့ဖြိုးရေးအလုပ်ရုံဆွေးနွေးပွဲ

ကလောမြို့နယ် စီးပွါးဖြစ် ထုတ်ကုန်လုပ်ငန်းများထူထောင်၍ ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ လူမှုစီးပွါးရေးအခြေအနေများ တိုးတက်အကောင်အထည်ဖေါ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို ယနေ့နံနက်(၉)နာရီခွဲကနေ နေ့လယ် (၁)နာရီခွဲအထိ ကလောမြို့နယ်ခန်းမမှာ ကျင်းပခဲ့ကြောင်းသိရှိရပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းနဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ဦးဆောင်ဆွေးနွေးပြီး ကလောမြို့နယ်အတွင်းမှ မြို့မိမြို့ဖများ စီးပွါးရေးလုပ်ငန်းအသီးသီးမှ လုပ်ငန်းရှင်များ လုပ်ငန်းအစုအဖွဲ့များမှ ကိုယ်စားလှယ်များ သမ၀ါယမအသင်းများ စိုက်ပျိုးရေး မွေးမြူရေး ကုန်ထုတ်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူများ ပြည်နယ်နဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

စုဝေးဆွေးနွေးရာနေရာ
မြို့နယ်မှသည်ပြည်ထောင်စုအထိတိုးတက်စေဖို့
ဦးဆောင်ဆွေးနွေးစဉ်
ပွင့်လင်းမြင်သာစွာအကြံပြုတင်ပြ
အာဆီယံလွတ်လပ်စွာကုန်သွယ်ရေးဝင်ရောက်လာတဲ့အခါ ကျနော်တို့ဆီက အသေးစားအလတ်စား မိရိုးဖလာ လုပ်ငန်းတွေက ဈေးကွက်ကိုယှဉ်ပြိုင်နိုင်ဖို့ အစုအဖွဲ့တွေဖွဲ့လုပ်ကြဖို့ ဒေသနဲ့လျော်ညီပြီး ဖွံ့ဖြိုးဖို့ အလားအလာရှိတဲ့ လုပ်ငန်းတွေကို ခေတ်နဲ့အညီ တိုးချဲ့လုပ်ကိုင်ကြဖို့ မြို့ရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြည်သူလူထုအခြေပြုပုံစံနဲ့ ဆွေးနွေးဆုံးဖြတ် လုပ်ကိုင်ကြဖို့ ဌာနဆိုင်ရာတွေ ပြည်သူလူထုတွေရဲ့ mindset ကို ဒီမိုကရေစီခေတ်နဲ့အညီ ပြုပြင်သွားကြဖို့ စီးပွါးရေး ကုန်ထုတ်လုပ်ရေး ၀န်ဆောင်မှုလုပ်ငန်းတွေကို အစိုးရက လုပ်ကိုင်တော့မှာမဟုတ်ပဲ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက လုပ်ကိုင်သွားကြဖို့ စသည်ဖြင့် ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသူများရဲ့ ဆွေးနွေးအကြံပြုချက်များကို ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါတယ်။ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ လူငယ်လုပ်ငန်းရှင်တစ်ဦးက ဆွေးနွေးပွဲအစကတော့ အလုပ်ရုံဆွေးနွေးပွဲဆန်ဆန်ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ၀န်ကြီးချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အထိ လူမှုစီးပွါးဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုတွေ အခွင့်အလမ်းတွေ အကြံဥာဏ်တွေ နည်းလမ်းတွေ ပြောကြဆိုကြနဲ့ပါ။ တက်ရောက်လာကြတဲ့ လုပ်ငန်းရှင်တွေကို ဆွေးနွေးကြပါဆိုတဲ့အခါကျတော့ အလုပ်ရုံဆွေးနွေးပွဲနဲ့မတူတော့ပဲ ကိုယ့်အကျိုးစီးပွါးအတွက် လိုချင်တာတောင်းတဲ့ပွဲဖြစ်သွားတာပါပဲ။ အသင်းသား ၃၀လောက်ပဲရှိတဲ့ ငွေစုငွေချေးသမအသင်းက သိန်းတစ်ထာင်လောက်ချေးချင်တယ်တောင်းလိုတောင်း ကြက်မွေးတဲ့သူတွေကလည်း အာမခံမပါပဲ ဘဏ်တိုးနဲ့ငွေချေးချင်တယ်ပြောလိုပြော ဟိုတယ်လုပ်ငန်းရှင်တွေကလည်း နိုင်ငံခြားသားတွေ လေ့လာလို့ရအောင် ပလောင်တွေကို တဲတစ်လုံးထဲမှာ မိသားစုတွေအများကြီး စုနေတဲ့အစဉ်အလာကို ထိန်းပေးပါလို့ ဆိုလိုဆို ဟိုတယ်ဆောက်တာကို ပြည်နယ်အစိုးရမတင်ပဲ မြို့နယ်မှာတင်ဆောက်ခွင့်ပြုပေးပါလို့ တင်လိုတင်နဲ့ ဘာမှရေရာရာ အဖြေရှာမရပဲ ပြီးသွားတယ် လို့ပြောပြသွားပါတယ်။

Tuesday, January 8, 2013

School family day in Pinetree city

ထင်းရူးမြို့တော်က ပညာရေးစုံညီပွဲတော်

 

ကလော အထက(၁)ရဲ့ ပညာရေးစုံညီ ပွဲတော်ကို ဇန်န၀ါရီလ(၅)ရက်နေ့က အဲဒီကျောင်း တေဇခန်းမမှာ ကျင်းပခဲ့ပါတယ်။ ပွဲတော်ကို စုံညီပွဲတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အမှာစကားပြောကြားခဲ့ပါတယ်။ လူရည်ချွန်များ အားကစား၊ ပန်းချီ စာစီစာကုံး ပြိုင်ပွဲအသီးသီးမှာ ဆုရသူများနဲ့ အတန်းလိုက် ထူးချွန်ဆုရသူများကို တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့ပါတယ်။ ကျောင်းသားကျောင်းသူများက ကပွဲများနဲ့ တင်ဆက်ဖျော်ဖြေခဲ့ကြပြီး ကံစမ်းမဲများ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါတယ်။

စုံညီပွဲတော် တို့နွှဲပျော်
ထူးချွန်သူများကိုဆုချီးမြှင့်
ညီညီညာညာ ယိမ်းအက
အလှပဂေးမော်ဒယ်လေးများ
ရိုးရားအက ထိန်းသိမ်းကြ

Friday, January 4, 2013

Independence day in Pinetree city

ထင်းရူးမြေက လွတ်လပ်ရေးနေ့


ကလောမြို့နယ် (၆၅)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန် မြို့နယ်ခန်းမမှာကျင်းပခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခဲ့ကြောင်းသိရပါတယ်။

လွတ်လပ်ရေးအောင်လံတော်
နိုင်ငံတော်သမ္မတထံမှပေးပို့သောသ၀ဏ်လွှာကိုဖတ်ကြား
အခမ်းအနားတက်ရောက်ကြသူများ

Thursday, January 3, 2013

Opening ceremony of Aungpan slow sand water filter system.

အောင်ပန်းမြို့ရေသန့်စင်စနစ်ဖွင့်ပွဲ

 

(၆၅)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလောမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောက်လုပ်ခဲ့တဲ့ အောင်ပန်းမြို့ ရေသန့်စင်စနစ် (သတင်းဖေါ်ပြပြီး) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲမှာ အောင်ပန်းမြို့ လှည်းရိုးရေစက်ရုံဝင်းအတွင်းရှိ အဲဒီရေသန့်စင်စနစ်ရှေ့မှာ ကျင်းပခဲ့ပါတယ်။

ရေသန့်စင်စနစ်အချက်အလက်များရှင်းလင်းတင်ပြ
ဖဲကြိုးဖြတ်ဖွင့်လှစ်
အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အကြီးအကဲနဲ့ ၀န်ကြီးများ ကလောမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာအကြီးအကဲများ မြို့မိမြို့ဖများ ပြည်သူလူထုများ အင်အား၂၀၀ခန့်တက်ရောက်ခဲ့ပါတယ်။ ဖွင့်ပွဲမှာအမှုဆောင်အရာရှိက ရေသန့်စင်စနစ်ဆိုင်ရာအချက်အလက်များရှင်းလင်းတင်ပြပြီး မြို့ဖွံ့ဖြိုးရေးဥက္ကဋ္ဌကကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ပြီး အစိုးရအဖွဲ့အကြီးအကဲက ကမ္ဗည်းမော်ကွန်းကြေးပြားကို စက်ခလုပ်နှိပ်ကာ ဖွင့်လှစ်ပေးခဲ့ပါတယ်။
အဲဒီနောက် ရေသန့်စင်စနစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ရန်များကို မှာကြားခဲ့ကြောင်းသိရှိရပါတယ်။

ဆက်လက်ဆောင်ရွက်ရန်လမ်းညွှန်မှာကြား
“ရေသန့်စင်စနစ်မှာ အနည်ထိုင်ကန်နဲ့ အနှေးသဲရေစစ်ကန်နှစ်ကန်တွဲ တို့ပါပါတယ်။ သဲရေစစ်ကန်တစ်ကန်က တစ်နာရီကို ရေဂါလန်(၇၄၀၀)စစ်ပေးနိုင်ပါတယ် တစ်နေ့ကို ဂါလန်ပေါင်း (၁၈၀၀၀၀)သန့်စင်ပြီး ဖြန့်ဝေပေးနိုင်ပါတယ်။ ငါးကြောင်အိုင်ဆည်ရေက မိုးအခါနီရဲနောက်ကျိပါတယ်။ အဲဒါကြောင့်သမ္မတကြီးက အောင်ပန်းလူထုအတွက် ရေသန့်စင်စနစ် တစ်ခုဆောက်ပေးဖို့ လမ်းညွှန်ခဲ့ပါတယ်။ နိုင်ငံတော်ထောက်ပံ့ငွေနဲ့ စည်ပင်ဘတ်ဂျက်စုစုပေါင်း ၆၅၃သိန်းကျပါတယ်။ နောင်နှစ်မှာ အောင်ပန်းလူထုအတွက် မိုးတွင်းလည်း ရေကြည်ရေသန့် ရတော့မှာဖြစ်ပါတယ်” လို့ စည်ပင်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။