Tuesday, February 28, 2012

ICT exhibition in Pathein city


ဧရာဝတီ အိုင်စီတီနှင့် မိုဘိုင်းပြပွဲ ၂၀၁၂

   မြို့တော်ပုသိမ်မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မယ့် Ayeyarwady ICT & Mobile Exhibition 2012 ကို ၂.၃.၂၀၁၂ နေ့ကနေ ၄.၃.၂၀၁၂ နေ့အထိ မြို့တော်ခန်းမမှာ ခမ်းနားထည်ဝါစွာ ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။

ICT ပြပွဲမှပြခန်းတစ်ခု
မြို့တော်ပုသိမ်ကပြပွဲမှာဒီကုမ္ပဏီလည်းပါတယ်
 
ဒီပြပွဲကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က ကြီးမှူးပြီး ဧရာဝတီတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်း ကွန်ပျူတာပညာရှင်အသင်းတို့က ဦးဆောင်ကာ မြို့တော်ပုသိမ်မှာ အိုင်စီတီ ပညာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာရေး ရည်ရွယ်ကျင်းပမှာ ဖြစ်ပါတယ်။ ပြပွဲမှာ  ပြခန်းပေါင်း(၃၀)ကျော် ပါဝင်မှာဖြစ်ပြီး Net Guide, MCC, ViewSonic, Panasonic, Soft Guide, For Every Group, Smart Dictionary, Golden Power, KingPower, IT Star, Concodia, Ygn Dev, Jewel, Ntt and AIBI စတဲ့ကွန်ပျူတာနဲ့ မိုဘိုင်းကုမ္ပဏီများက နောက်ဆုံးပေါ် ကွန်ပျူတာနည်းပညာများ၊ အသုံးချ ဆော့ဖ်ဝဲများ၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းများ၊ အီလက်ထရောနစ်နဲ့ ဆက်သွယ်ရေးပစ္စည်းများ မိုဘိုင်း နည်းပညာနှင့် ပစ္စည်းများကို စုံစုံလင်လင် ပြသရောင်းချသွားမှာဖြစ်ပြီး မြို့တော်ပုသိမ်မှာ ပထမဆုံးကျင်းပမယ့် အိုင်စီတီနဲ့ မိုဘိုင်းပြပွဲ ဖြစ်တဲ့အတွက် မြို့တော်ပုသိမ်က အိုင်တီချစ်သူများ အိုင်တီပညာ လေ့လာသူများ မိုဘိုင်းနည်းပညာ စိတ်ဝင်စားသူများ အထူး မျှော်လင့်နေတဲ့ပြပွဲဖြစ်ကြာင်း သိရှိရပါတယ်။

Sunday, February 26, 2012

Lifting ceremony of pagoda's umbrella in Thayetkone

ခြိမ့်ခြိမ့်သဲသဲ ထီးတင်ပွဲ

  မြို့တော်ပုသိမ်မြို့နယ် အနန်းကုန်းကျေးရွာအုပ်စု သရက်ကုန်းကျေးရွာ၌ တည်ထား ကိုးကွယ်သော လောကမာရဇိန် စေတီတော်၏ ထီးတော်တင်လှူပွဲကို ယနေ့နံနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။ 

စေတီတော်သမိုင်း

ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးများနေထိုင်ရာ ကျေးရွာရဲ့ ပွဲတော်ဖြစ်တဲ့အတွက် ကရင်ဒုံးယိမ်းအဖွဲ့များကလည်း ယိမ်းအကများနဲ့ ပရိတ်သတ်များကို ဖြော်ဖြေခဲ့ကြပါတယ်။ ထီးတော်တင်ပွဲကို နီးစပ်ရာ ကျေးရွာများကသာမက ကန်ကြီးထောင့်မြို့နယ်က ပြည်သူများကပါ မော်တော်ယာဉ်များနဲ့ လာရောက်ကြပြီး ပွဲတော်လာ ဧည့်ပရိတ်သတ် အားလုံးကို ဆန်(၁၀)တင်းချက် ထမင်း ဟင်းများနဲ့ ကျွေးမွေးခဲ့ကြောင်း သိရှိရပါတယ်။

ဒေသဖြစ် လက်ဆေးကန်

မျက်နှစာစိမ်းကျက်မရွေး ကျွေးမွေးဧည့်ခံ

စေတီတော်အနီးကသိမ်တော်

ထီးတော်တင်လှူနေစဉ်

အောင်ပွဲအထိမ်းအမှတ် ငွေမိုးတို့ရွာစဉ်

ထီးတော်တင်အပြီး အနေကဇာတင်နေစဉ်

Friday, February 24, 2012

Seeming Image at Shwemyintin pagoda

အဘအောင်ချမ်းသာ၏ ပုံရိပ်ပေလော

   ၂၁.၂.၂၀၁၂ ရက်နေ့ (တပို့တွဲလကွယ်နေ့) ညနေပိုင်းက ရွှေမြင်တင်ဘုရားကို ဓါတ်ပုံ(၂)ပုံ ရိုက်ခဲ့ရာ တစ်ပုံတွင် အဘအောင်ချမ်းသာနှင့်တူသော ပုဂ္ဂိုလ်တစ်ဦး၏ ပုံရိပ် ပါဝင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း တင်ပြလိုက်ရပါတယ်။

ပုံရိပ်ပေါ်နေသောပုံ

သာမန်ပုံ

Thursday, February 23, 2012

Meeting with member of union commision for election in Pathein city

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့်တွေ့ဆုံပွဲ

  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည်နှင့် ဧရာဝတီတိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များ တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက ဧရာရွှေဝါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။

ဒေါက်တာဒေါ်မြင့်ကြည်ကအမှာစကားပြောကြား
  တွေ့ဆုံပွဲသို့ ၂၀၁၂ခုနှစ် ဧပြီလ(၁)ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဆောင်ရွက်ရန်ရှိသည့် မြို့နယ်များနှင့် သက်ဆိုင်ရာ ခရိုင်များ၏ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒေါက်တာ ဒေါ်မြင့်ကြည်က လွတ်လပ်ပြီး တရားမျှတသော ကြားဖြတ် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လမ်းညွှန်မှာကြားခြင်း ကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြခြင်း မရှင်းလင်း သည်များ မေးမြန်းခြင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်က ပြန်လည် ရှင်းလင်း ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။

ကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးက ဆွေးနွေးစဉ်
  ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပုသိမ် မြောင်းမြ မအူပင် ၀ါးခယ်မ မြန်အောင်မြို့နယ် မဲဆန္ဒနယ်များ၌ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်(၅)နေရာ ဖျာပုံနှင့် ဒေးဒရဲမြို့နယ်မဲဆန္ဒနယ်၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၁)နေရာနှင့် ရေကြည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁)နေရာ စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်(၇)နေရာ လစ်လပ်လျက်ရှိကြောင်းသိရှိရပါတယ်။

Wednesday, February 22, 2012

Let's visit and homage Mawtin Zun Pagoda

မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီ

မြတ်မော်တင်စေတီတော်
ဦးခိုက်ကော်ရော် ဖေါင်တော်ဦးစေတီတော်

  နှစ်စဉ် တပေါင်းလဆန်း(၁)ရက်နေ့မှ လပြည့်နေ့အထိ ကျင်းပမြဲဖြစ်သော ဆံတော်ရှင် မြတ်မော်တင် စေတီတော်၏ ယခုနှစ်အတွက် ဘုရားပွဲတော်ကို ယနေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။ သာသနာအစ မော်တင်ကဟု ဆိုစမှတ်ပြုရသည့် မော်တင်စွန်းဘုရားသည် မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၀ါဆိုလပြည့်နေ့တွင် ဥက္ကလာပတိုင်းသား ကုန်သည်ညီနောင်က ပင့်ဆောင်လာသော မြတ်ဗုဒ္ဓ၏ ဆံတော်ရှစ်ဆူအနက်မှ နှစ်ဆူကို ဌာပနာထည့်သွင်း၍ ဇေယျသေန နဂါးမင်းက သရဏတောင်ပေါ်တွင် တည်ထားကိုးကွယ်သော ဘဒ္ဒကမ္ဘာ၏ ပထမဆုံး ဓါတုစေတီတော်ပင် ဖြစ်ပါသည်။ မဟာသက္ကရာဇ် (၂၃၉)ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီး၏ ကောင်းမှုဖြင့် လူတစ်ရစ် နတ်တစ်ရစ် ထပ်မံ တည်တော်မူခဲ့ကြပြန်၏။ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးသည် သိကြားမင်းဆက်သသော ဓါတ်တော်များကို ထပ်မံဌာပနာ ထည့်သွင်း၍ စေတီတော်ကို မွမ်းမံပြင်ဆင်ရာ သံတောင်(၄၀)အထိ ရှိခဲ့ကြောင်း ဘုရားသမိုင်းမှ ထုတ်နှုတ်တင်ပြလိုက်ပါသည်။ (ပုံများကို သက်ပိုင်သူ ဘလော့မှ ကူးယူဖေါ်ပြခြင်း ဖြစ်ပါတယ်)

စေတီတော်သို့ အတက်လမ်း
ကျောက်ကလာပ်အလှ
ပြိုကျသွားသော ကျောက်ကလာပ်တစ်ခု


Tuesday, February 21, 2012

Shwe Maunngtee Maharsati


ဆံတော်ရှင်ရွှေမောင်းတီးမဟာစေတီတော်

  မြို့တော်ပုသိမ်ကနေ မဝေးလှတဲ့ ကန်ကြီးထောင့်မြို့နယ်အတွင်းက ရွှေမောင်းတီးမဟာစေတီတော်ကြီးကို သွားရောက်ဖူးမျှော်ကြရအောင်။

သပ္ပါယ်ဖူးမျှော် ရွှေမောင်းတီးစေတီတော်
  မြို့တော်ပုသိမ်ကနေ မြောင်းမြကားနဲ့ မြင်းကဆိပ်အထိသွားပြီး အဲဒီကနေ စက်လှေနဲ့ နာရီဝက် ခရီးဆက်ခဲ့ရင် လက်ဆောင်ကွင်းကျေးရွာအုပ်စု မောင်းတီးကြီးရွာ စက်လှေဆိပ်ကိုရောက်ရှိမှာဖြစ်ပါတယ်။

ရွာအ၀င်စက်လှေဆိပ်
ဘုရားသို့အသွား ရွာလယ်လမ်း
ဇမ္ဗူရန်ခွင်း အောင်ခြင်းစေတီတော်
အ၀င်မုခ်ဦး
စေတီတော်သို့နတ်လမ်း
သာသနာအစသမိုင်းဝင် ဆံတော်ရှင် ရွှေမောင်းတီးစေတီတော်
   ရွှေမောင်းတီးစေတီ၏သမိုင်းအစသည် မြန်မာနိုင်ငံ၌သာသနာစတင်သည့်ကာလနှင့် ဆက်စပ်နေသည်။ ဘီစီ ၅၈၈ခုနှစ်တွင် ဥက္ကလာပတိုင်းသား ကုန်သည်ညီနောင်က ဗုဒ္ဓ၏ဆံတော်ရှစ်ဆူကို ပင်လယ်ဖြတ်၍ ပင့်ဆောင်လာရာ မော်တင်ဒေသအနီးတွင် ဆံတော်နှစ်ဆူကို နဂါးမင်းကခိုးယူကာ မြတ်မော်တင်စေတီ တည်ထားခဲ့လေသည်။ နဂါးမင်းဖန်ဆင်းသော လေမုန်တိုင်းဒဏ်ကြောင့် နီးစပ်ရာမြစ်ချောင်းအတွင်းသို့ ကုန်သည်ညီနောင်တို့ ၀င်ရောက်ခဲ့ကြရာ မောင်းတီးဒေသ အရောက်တွင် လူရိုင်းဘုရင်ဇုလုမင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရ၏။ ထိုအခါတွင် ကုန်သည်ညီနောင်တို့  ပင့်ဆောင်လာသော ဗုဒ္ဓ၏ ဆံတော်များက ရောင်ခြည်တော် ကွန့်မြူးသဖြင့် အထူးထူးသော အံ့ဘွယ်ကြောင့် ဘုရင်ဇုလုနှင့် လူရိုင်းများက ခွင့်လွှတ်ပါရန် တောင်းပန်ပြီး ကုန်သည်ညီနောင်တို့အား လွှတ်ပေးကာ ဆံတော်နှစ်ဆူ အလှူခံယူ၍ ဌာပနာတည်ကာ (၁၈)တောင်ရှိ မောင်းတီးစေတီကို ပထမဆုံးတည်ထားကိုကွယ် ခဲ့ကြလေ၏။

Thursday, February 16, 2012

Implementation postponement of proposal of government employees' salary increasing

ဝန်ထမ်းများလစာတိုးရေးကိစ္စ နောင်နှစ်မှစဉ်းစားမည်

 ပြီးခဲ့တဲ့အပတ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်ကို တင်ပြအတည်ပြုခဲ့တဲ့ အစိုးရ၀န်ထမ်းများအား လစာများတိုးမြှင့်ပေးရေး အဆိုနှင့်ပတ်သက်ပြီး ယနေ့ ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြန်လည် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါတယ် ။  ၀န်ထမ်းတွေကို ၁၉၅၆-၆၀ ခုနှစ်များက ကုန်ဈေးနှုန်းနဲ့ လစာငွေ အချိုးအစား အတိုင်း ယနေ့ အချိန်တွင် ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရပါက အနိမ့်ဆုံးလစာမှာ ၂၁၀၀၀၀ကျပ် ဖြစ်ပြီး တစ်နိုင်ငံလုံး အတွက်ဆိုရင် ငွေကျပ် ၅၆၀၀.၃၅၄ ဘီလျံလောက် လိုအပ်မှာဖြစ်တယ်။ ဒါကြောင့် ဝေးလံခေါင်ဖျားမြို့နယ် ၈၅ မြို့နယ်မှ ၀န်ထမ်းများ အတွက်သာ ထောက်ထား ငဲ့ညှာသောအားဖြင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် လစာများတိုးပေးနိုင်ရေး အတွက်စီစဉ်မှာဖြစ်ပြီး တစ်နိုင်ငံလုံး အတွက်ကိုတော့ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် မှ ထည့်သွင်း စဉ်းစားမှာဖြစ်တယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးက ရှင်းလင်းတင်ပြသွားပါတယ် ။

Tuesday, February 14, 2012

Ayeyarwady Barcamp Pathein 2012

မြို့တော်ပုသိမ်က ဧရာဝတီဘားကမ့်ပုသိမ်၂၀၁၂

    မြို့တော်ပုသိမ်မှာ ဧရာဝတီတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း၏ ဦးဆောင်စီစဉ်မှု ဧရာဝတီတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း အသင်းဝင်များ၏ ပံပိုးမှုများဖြင့် ဧရာဝတီ ဘားကမ့်ပုသိမ် ၂၀၁၂ကို ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့တနင်္ဂနွေနေ့ နံနက်(၈)နာရီတွင် မြန်မာနိုင်ငံ ဆရာဝန်များအသင်း ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း ဘားကမ့်ပုသိမ်သို့ ပုသိမ်ကွန်ပျူတာတက္ကသိုလ် ပုသိမ်နည်းပညာတက္ကသိုလ် ပုသိမ်တက္ကသိုလ် ပုသိမ်ပညာရေးကောလိပ် စက်မှုနည်းပညာကျောင်းတို့မှ ဆရာဆရာမ ကျောင်းသား ကျောင်းသူများ ဘွဲ့ရလူငယ်များ စီးပွားရေးလုပ်ငန်းရှင်များ  ရုံးဌာနများမှ ၀န်ထမ်းများ တက်ရောက် နားထောင် ဆွေးနွေးကြမည် ဖြစ်ကြောင်း ပံ့ပိုးကူညီကြသည့် စီးပွားရေး လုပ်ငန်းရှင်များကလည်း မေတ္တာလက်ဆောင်များ ပေးရန် စီစဉ်နေကြကြောင်း သိရှိရပါတယ်။ စိတ်ပါဝင်စားသူများ အတွက်ဆက်သွယ်ရန် ဖုန်းက 09-49717428, 09-49735312 ဖြစ်ပြီး အသေးစိတ် သိချင်ရင် လင့်က http://www.facebook.com/Barcamppathein2012  ဖြစ်ပါတယ်။
 ဘားကမ့်ရန်ကုန် ၂၀၁၂မှပုံရိပ်အချို့


Monday, February 13, 2012

Fruits and Flowers Festival in Pathein city

ပြည်ထောင်စုနေ့အထိမ်းအမှတ် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ

  မြို့တော်ပုသိမ်၏ ကန်သာယာဥယျာဉ်အတွင်းမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ပြည်ထောင်စုနေ့အထိမ်းအမှတ် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို (၆၅)နှစ်မြောက်ပြည်ထောင်စုနေ့ အခါသမယမှာလည်း အစဉ်အလာမပျက် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
ပြပွဲပြိုင်ပွဲကိုတာဝန်ရှိသူများကဖွင့်လှစ်ပေးခဲ့သည်
  ပြပွဲပြိုင်ပွဲကို (၁၁.၂.၂၀၁၂)ရက်နေ့မှ (၁၃.၂.၂၀၁၂)နေ့အထိ ကျင်းပခဲ့ပြီး ယနေ့ညနေပိုင်းမှာ ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ပါတယ်။ ပြပွဲပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းက မြို့နယ်များ ဌာနဆိုင်ရာများ အသင်းအဖွဲ့များ ပန်းဝါသနာရှင်များက သစ်သီးဝလံပန်းမန် အမျိုစုံ အရေအတွက် (၇၀၀)ကျော် ပြသယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရပါတယ်။

ပြပွဲပြိုင်ပွဲမဏ္ဍာပ်
ပန်းမျိုစုံပြကွက်
ငြိမ်းချမ်းရေးပန်းလှေ
ပြည်ထောင်စုသစ်သီးဝလံလောင်းလှေ
ဂမုန်းပန်းတွေကလည်းလှလှပပ

Friday, February 10, 2012

Opening ceremony of concrete roads in Pathein city

မြို့တော်ပုသိမ်က ပြည်ထောင်စုနေ့အကြို လမ်းများဖွင့်ပွဲ

  (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့တော်ပုသိမ် ရပ်ကွက်(၆) အတွင်းက စည်ပင်နဲ့ ပြည်သူပူးပေါင်း ဖောက်လုပ်ပြီးသော ကွန်ကရစ်လမ်းသစ်များအနက်က မင်းရဲကျော်စွာလမ်း အောင်သိဒ္ဓိလမ်း (ယခင်ကွင်းကလေးလမ်း) အောင်မာဃလမ်း (ယခင်ကွင်းကလေးဗလီဖြတ်လမ်း) ဘန့်ပွေးကုန်းလမ်း အပိုင်း(၁) လမ်းများ ဖွင့်ပွဲကို ယနေ့ နံနက်(၈)နာရီက မင်္ဂလာမုခ်ဦး အသီးသီးမှာ ဆက်တိုက်ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အကြီးအကဲနဲ့ တာဝန်ရှိသူများ မြို့တော် ပြည်သူများ တက်ရောက်ကြပါတယ်။ မြို့တော်ပုသိမ်မှာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အတွင်း ယနေ့အချိန်အထိ စည်ပင်ပြည်သူပူးပေါင်း ဖေါက်လုပ်ခဲ့တဲ့ ကွန်ကရစ်လမ်းများမှာ စုစုပေါင်းလမ်း(၄၀) အရှည်ပေ(၃၄၀၂၀) တန်ဘိုးငွေ(၇၃၅၃)သိန်း ဖြစ်ကြောင်း စည်ပင်အရာရှိက ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
မင်းရဲကျော်စွာလမ်း (၅၀၀ပေx၂၀ပေx၈လက်မ)
အောင်သိဒ္ဓိလမ်း (၆၅၀ပေx၂၀ပေx၈လက်မ)
အောင်မာဃလမ်း(၂၆၀ပေx၈ပေx၆လက်မ)
ဘန့်ပွေးကုန်းလမ်းအပိုင်း(၁) (၉၅၀ပေx၂၀ပေx၈လက်မ)

Tuesday, February 7, 2012

Colors of Pathein City's clock tower at night

မြို့တော်ပုသိမ် နာရီစင်ရဲ့မီးအလှ

မြို့တော်ပုသိမ်ရဲ့ကျက်သရေဆောင် နာရီစင်ကို ယမန်နှစ် ဇွန်လမှာ မြို့နယ်စည်ပင်က ဆလိုက် မီးအလှများတပ်ဆင်ခဲ့ပါတယ်။ (သတင်းဖေါ်ပြပြီး) အခုအခါမှာတော့ ရောင်စုံဆလိုက်မီးများဟာ ညစဉ် ဆလိုက်မီးအရောင်များ ပြောင်းလဲ ထွန်းညှိလျက်ရှိကြောင်း တွေ့ရှိရပါတယ်။

အပေါ်အ၀ါ အောက်အစိမ်း(ယခင်ကနာရီစင်)
တစ်စင်လုံးစိမ်းနာရီစင်
စိမ်းတစ်ခါ ၀ါတစ်လှည့် တို့ရဲ့နာရီစင်
ရွှေဝါရောင်နာရီစင်

Saturday, February 4, 2012

Renovation of Pathein City's Main road

မြို့တော်ပုသိမ်က မဟာဗန္ဓုလလမ်းမကြီးကို ပြုပြင်မွမ်းမံပြင်ဆင်ပြီ

  မြို့တော်ပုသိမ်ရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ မဟာဗန္ဓုလမ်းမကြီးကို ရွှေရုပ်ထုအ၀ိုင်းကနေစတင်ပြီး ပြုပြင် မွမ်းမံမှုတွေ အေရှားဝေါကုမ္ပဏီက ယနေ့ စတင်ဆောင်ရွက်နေကြာင်း တွေ့ရှိရပါတယ်။

ရွှေရုပ်ထုအနီး မဟာဗန္ဓုလလမ်းထပ်ပိုးလွှာခင်းနေစဉ်

Thursday, February 2, 2012

Auction Sale in Patheincity

မြို့တော်ပုသိမ်က စည်ပင်လေလံပွဲ

  ပုသိမ်စည်ပင်အဖွဲ့၏ အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချပွဲကို စည်ပင်ရုံးခန်းမထဲမှာ ယနေ့ နံနက် (၈)နာရီက စတင်ကျင်းပခဲ့ရာ ညနေ(၅)နာရီတွင် ပြီးစီးခဲ့ပြီး လိုင်စင်(၇၇)ခု အတွက် ရောင်းချရငွေမှာ ငွေကျပ်သိန်း (၅၀၀၀)ကျော် ဖြစ်ကြောင်း သိရှိရပါတယ်။ ကျန်ရှိတဲ့ လိုင်စင်တွေကိုလည်း ဆက်လက် ရောင်းချ သွားမှာ ဖြစ်ကြောင်းနဲ့ မြို့နယ်စည်ပင်ရဲ့ ရန်ပုံငွေ တစ်ဝက်ကျော်ဟာ သားသတ်လုပ်ငန်း ကူးတို့လုပ်ငန်း ဈေးကောက်လုပ်ငန်း အပေါင်ဆိုင်လုပ်ငန်း စတဲ့လိုင်စင်ကြေးတွေ ကနေ ရရှိကြောင်း သိရှိရပါတယ်။

လေလံရောင်းချနေစဉ်
သူနိုင်ကိုယ်နိုင်အပြိုင်ဆွဲ