Thursday, October 15, 2015

How does operate Ram Pump?

ဟမ်းဆီးရွာရောက်ခဲ့စဉ် ရွာအောက်ရှိရေကန်ကရေကို ရွာပေါ်အရောက် တွန်းတင်ပေးနေသည့် pumpတစ်ခုကိုတွေ့ခဲ့ရ၏။
ထိုpumpလည်ပတ်ရန် လျှပ်စစ်မသုံး အင်ဂျင်ကိုမသုံး ပြင်ပစွမ်းအင်ကိုမသုံးဘဲ ရေအားကိုသာသုံး၏။
ထိုpumpမည်သို့အလုပ်လုပ်သည်ကို စပ်စုကြည့်တော့ ရွာကဂဃနဏမပြောနိုင်။
လေအိုးပါသဖြင့် pneumetic pressureဖြင့်အလုပ်လုပ်သည်ထင်ရ၏။
သို့သော် ၃စက္ကန့်လောက်တစ်ကြိမ်မြည်နေသည့်တဒုံးဒုံးအသံ
လေအိုးနှင့် အဝင်ပိုက် အထွက်ပိုက် ရေပိုထွက်ပေါက်တို့သာပါပြီး compressing accessoryတို့မတွေရမှုတို့က ဘဝင်မကျစရာ။
Internetကျေးဇူးဖြင့် ram pumpအကြောင်း ဝါးတားတားသိရ၏။
အခြေခံက အတည်စွမ်းအင်လွှဲပြောင်းခြင်းဖြစ်၏။
အတည်စွမ်းအင်ကို p.e=mghဖြင့်ဖေါ်ပြနိုင်၏။
အမြင့် 1m၌ရှိနေသော ရေဒြပ်ထု1000kg၏ potential energyသည် အမြင့် 100m၌ ရှိနေသော ရေ10kg၏ p.eနှင့်အတူတူဖြစ်၏။
ထို့ကြောင့် စွမ်းရည် efficiencyသည် 1ဖြစ်ပါက 1mအမြင့်မှရေ 1000kgကို အမြင့်100mသို့ ပြင်ပမှစွမ်းအင်မသုံးဘဲ ရေ10kg ပို့နိုင်မည်ဖြစ်၏။
အခြား loosesများကြောင့် efficiency သည် 1မဖြစ်နိုင်ဘဲ 0.8သာဖြစ်သည်ဆိုလျင် ထိုအမြင့်သို့ ရေ8kgပို့နိုင်ပေမည်။
ထို့သို့စွမ်းအင်လွှဲပြောင်းနိုင်ရန် ram pumpကို အဓိက အစိတ်အပိုင်း ၆ခုဖြင့် တည်ဆောက်သည်ဆို၏။
inlet pipe, water chamber, waste valve, check valve, air chamber and outlet pipe တို့ဖြစ်၏။
အမြင့်တစ်ခုမှရေဒြပ်ထုပမာဏတစ်ခုသည် inlet pipeမှတစ်ဆင့် water chamber ထဲသို့ရောက်ရှိပြီး pressure တစ်ခုရသောအခါ normal opened ဖြစ်သော waste valveကို တွန်းပြီးပိတ်လိုက်၏။
water chamberအတွင်း ရေဖိအားမြင့်တက်လာပြီး normal closed ဖြစ်သော check valveကို တွန်းဖွင့်ပြီး water chamberထဲမှ ရေတို့သည် air chamberထဲသို့ ရောက်၏။
ထိုအခါ water chamber ထဲ၌ ရေဖိအားကျပြီး check valve ပြန်ပိတ်ကာ waste valveပြန်ပွင့်၏။
valveနှစ်ခု၏ အပိတ်အဖွင့်ဖြစ်ချိန်သည် တစ်ပြိုင်နက်နီးပါးတူ၏။
(တစ်ဒုံးဒုံးမြည်သံက valveများဖွင့်ပိတ်ရာမှ ထွက်သောအသံဖြစ်၏)
ထိုအချိန်တွင် water chamberထဲမှ ကျန်နေသောရေတို့ waste valveကိုဖြတ်ပြီး ပြင်ပသို့စီးထွက်၏။
ထိုဖြစ်စဉ်မျိုး ဆက်တိုက်ဖြစ်ပြီး air chamberထဲဝင်ရောက်လာသောရေများသည် လေဖိအားဖြင့် out let pipe မှတစ်ဆင့် အမြင့်သို့တက်နိုင်တော့၏။
ram pump ဖြင့် တင်ပို့နိုင်သောရေစီးနှုန်း ကို Q=vFc/E ဖြင့်တွက်နိုင်၏။
Q သည် pumping flow rate (GPM)
v သည် flow rate into inlet pipe (GPM)
F သည် height of water source (ft)
c သည် efficiency of ram pump
E သည် height of pumping water to be raised (ft) တို့ဖြစ်ပါကြောင်း