Friday, November 2, 2012

Grand Reentering Ceremony of Buddha Images in Inlay

ဖေါင်တော်ဦးဘုရားစံကျောင်းတော်ဝင်ပွဲ

နှစ်စဉ် သီတင်းကျွတ်လဆန်း(၁)ရက်နေ့မှ လပြည့်ကျော်(၂)ရက်နေ့အထိ အင်းလေးကန်ဒေသ ကျေးရွာများနဲ့ ညောင်ရွှေမြို့တို့သို့ ဒေသစာရီလှည့်လည် အပူဇော်ခံပြီး ပွဲတော်ကျင်းပလေ့ရှိတဲ့ အင်းလေး ဖေါင်တော်ဦးဘုရားပွဲတော်ကို ယခုနှစ်မှာလည်း အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ၁၃၇၄ခုနှစ် ဖေါင်တော်ဦးဘုရားပွဲရဲ့ နောက်ဆုံး အစီအစဉ်ဖြစ်တဲ့ ဖေါင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်ဝင်ပွဲကို ကျောင်းတော်တည်ရှိရာ ကုန်းမြေက မဏ္ဍာပ်မှာ ယနေ့နံနက်(၉)နာရီကနေ နေ့လယ်(၁၂)နာရီအထိ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲနဲ့ တာဝန်ရှိသူများ ဘုရားဖူးပြည်သူလူထုများနဲ့ နိုင်ငံခြားသားဧည့်သည်များ ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရှိရပါတယ်။

အင်းလေးရိုးရာဘုရားဆွမ်းပို့သရုပ်ပြ
ကရ၀ိတ်ဖေါင်တော်ဖြင့်အပြန်
ဖေါင်တော်ပေါ်မှ ဝေါယာဉ်တော်ပေါ်သို့
ပြန်လည်စံပါယ် ကျောင်းတော်ဝယ်
 ဖေါင်တော်မရောက်မီ  မဏ္ဍာပ်ရှေ့ အင်းရေပြင်မှာ အင်းလေးရိုးရာဆွမ်းပို့သရုပ်ပြခြင်း ဆောင်ရွက်ခဲ့ပြီး ဖေါင်တော်ရောက်ရှိချိန်မှာ တာဝန်ရှိသူများက ဗုဒ္ဓရုပ်ပွါးတော်များကို ဝေါယာဉ်ဖြင့် စံကျောင်းတော်ပေါ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကာ ဆွမ်းရေချမ်းဆီမီးပန်းများ ကပ်လှူပူဇော်ခဲ့ကြပါတယ်။

သူနိုင်ကိုယ်နိုင်အပြိုင်ကျဲ အင်းသားရိုးရာလှေပြိုင်ပွဲ
 အဲဒီနောက် အင်းသားရိုးရာလှေပြိုင်ပွဲများကိုကျင်းပပြီး ဆုရအသင်းများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါတယ်။

အားပေးကြသူများ
အောင်နိုင်သူတွေရဲရင့်

No comments:

Post a Comment