တိုင်းဧရာအခမဲ့ဆေးခန်းဖွင့်ပြီ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သော ၀င်ငွေနည်း ပြည်သူများအတွက် တိုင်းဧရာ အခမဲ့ဆေးခန်းကို ယနေ့ နံနက်(၈)နာရီက ယင်းဆေးခန်းရှေ့မှာ ကျင်းပခဲ့ပါတယ်။
|
ကုန်သည်လမ်းက ယခင်တိုင်းဒေသပါတီကော်မတီရုံးဟောင်းမှာဖွင့်လှစ်ထားပါတယ် |
မြို့တော်ပုသိမ်မှာ ၀င်ငွေမြင့်မားသူပြည်သူများအတွက် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကဆေးရုံကြီးတစ်ခုကို တည်ဆောက်နေဆဲဖြစ်ပြီး
(သတင်းဖေါ်ပြပြီး) ၀င်ငွေနည်းပြည်သူများအတွက်ပါ မမေ့မလျော့ဖြင့် သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဆောင်ရွက်မှုကို ပြည်သူအများက ၀မ်းပန်းတသာကြိုဆို ပူးပေါင်း ဆောင်ရွက်ကြတဲ့အတွက် ဆေးခန်းဖွင့်လှစ်သည့် နေ့မှာပင် ပင်မရန်ပုံငွေအတွက် လှူဒါန်းငွေ စုစုပေါင်း (၂၅၇)သိန်း မတည်နိုင်ခဲ့ပါတယ်။
|
အလှူရှင်တစ်ဦးကလှူဒါန်းရခြင်းကိုရှင်းလင်းပြောကြား |
|
လူနာမှတ်ပုံတင်ရန်နေရာ |
|
အနောက်တိုင်းဆေးဝါးများ |
|
တိုင်းရင်းဆေးနှင့် လူနာစမ်းသပ်ကုတင် |
|
ဆေးကုခန်းအတွင်းကလူနာကုတင်မျာါး |
တိုင်းဧရာအခမဲ့ဆေးခန်း ဖွင့်လှစ်နိုင်ရေးအတွက် အဆောက်အအုံ ဆေးခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အကြီးအကဲက ငွေကျပ်သိန်း(၈၀)ကျော် အကုန်ကျခံ သုံးစွဲခဲ့ကြောင်းနှင့် လစဉ် ဆေးခန်းအတွက် ငွေကျပ်သိန်း(၅၀) အသုံးပြုနိုင်ရေး အစီအမံများ ဆောင်ရွက်ထားကြောင်း သိရှိရပါတယ်။ ဆေးခန်းကို တနင်္ဂနွေနေ့မှအပ နေ့စဉ်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ တိုင်းရင်းဆေးသမားတော်များနှင့် မွန်းလွဲ(၂)နာရီမှ ညနေ(၅)နာရီအထိ အနောက်တိုင်း ဆရာဝန်များက လူနာများကို စမ်းသပ်စစ်ဆေးခြင်း၊ ကုသခြင်း၊ ဆေးဝါးများပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိပြီး စေတနာရှင် ပြည်သူများက ငွေကြေး၊ လုပ်အား၊ ဆေးဝါးနှင့် ပစ္စည်းများ လှူဒါန်းနိုင်ပါကြောင်း တင်ပြလိုက်ပါတယ်။
No comments:
Post a Comment