Monday, November 14, 2011

Kanthonezint nondisappearing

ကန်သုံးဆင့်လည်းပွင့်လေပြီ

မြို့တော်ပုသိမ်၏ မဟာဗန္ဓုလလမ်းမကြီး (ယခင် ပုသိမ်-မုံရွာလမ်း) ပုသိမ်တက္ကသိုလ် ဆိုင်းဘုတ်နေရာမှစ၍ မိုးလေ၀သလမ်းဆုံအထိ လမ်းဘေးတစ်လျောက် ယခင်က ကာရံထားသော အတားအဆီး ကွန်ကရစ်ကွက် နံရံများနေရာတွင် ပွင့်လင်းမြင်သာသော သံပန်းစည်းရိုးများဖြင့် အစားထိုးခြင်းကို သက်ဆိုင်ရာက ပြင်ဆင်ဆောင်ရွက်ခဲ့သဖြင့် မြို့တော်ပုသိမ်နှင့် ခွဲခြားမရသော မြို့တော်၏ နှလုံးသည်းပွတ် ကန်သုံးဆင့်ကို ကားလမ်းပေါ်မှ ထင်ထင်ရှားရှား မြင်တွေ့ရပြီ ဖြစ်ပါတယ်။ ညအချိန် ကန်သုံးဆင့်၏ မီးရောင်စုံအလှအပများကို လမ်းမပေါ်မှ ရှုမြင်နိုင်သကဲ့သို့ နံနက်စောစော လမ်းလျောက် ထွက်သည့် မမပုသိမ်သူများအတွက်လည်း ကန်ရေပြင်ကို ဖြတ်သန်းလာသည့် လွတ်လပ် လတ်ဆတ်သော လေနုအေးများကို အမောပြေရှူရှိုက်ရင်း နှင်းမြူကြားမှ ကန်သုံးဆင့်အလှကို ခံစားနိုင်ပြီ ဖြစ်သဖြင့် နံရံနောက်ကွယ်မှ ကန်သုံးဆင့်သည်လည်း ခေတ်နှင့်အညီ ကြွားကြွားဝင့်ဝင့် ပွင့်လန်းလာပြီဖြစ်ကြောင်း သိရှိရပါတယ်။
ယခင်က ကာရံထားသောနံရံဟောင်း

ပွင့်လင်းမြင်သာသောစည်းရိုးသစ်

ပွင့်ပန်းတို့နဲ့ အလှချင်းယှဉ် စည်းရိုးသစ်ကမာန်ဝင့်ချင်

အတားအဆီးနံရံဖျက်ခဲ့ပေမယ့် အကာအကွယ် စည်းရိုးတော့လိုသေးတယ်
ကန်သုံးဆင့်ရဲ့ လွတ်လပ်အလှပန်း ပွင့်လန်းနေလေပြီ

No comments:

Post a Comment