သဘာဝပတ်ဝန်းကျင်ရေရှည်တည်မြဲစေသော သယ်ယူပို့ဆောင်မှု
အရင်ဆုံး Environmentally Sustainable Transport (EST) အကြောင်း တင်ပြချင်ပါတယ်။ EST ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ Transport
development that
meets the needs of the present without preventing future generations
from
meeting their needs. မျိုးဆက်သစ်များရဲ့ လိုအပ်ချက် ပြည့်စုံမှုကို
အတားအဆီးမဖြစ်စေဘဲ မျက်မှောက် ပစ္စက္ခ လိုအပ်ချက်များ ကိုလည်း ပြည့်စုံစေသည့်
သယ်ယူပို့ဆောင်ရေး ဖွံဖြိုးမှု လို့ဆိုပါတယ်။ ကမ္ဘာမှာ
၂၀ရာစုနှောင်းပိုင်းက စလို့ အာရှနိုင်ငံတွေမှာ ယာဉ်ကြောပိတ်ဆို့မှု၊
စွမ်းအင်အသုံး မလုံလောက်မှု၊ လေထု၊ရေထု ညစ်ညမ်းစေမှုနဲ့ ယာဉ်ဆူညံသံများ စတဲ့
သယ်ယူပို့ဆောင်ရေးနဲ့ ဆက်နွှယ်ပြီး ဖြစ်ပေါ်လာတဲ့ စီးပွါးရေးနဲ့ သဘာဝ
ပတ်ဝန်းကျင်ဆိုင်ရာ problems တွေရှိလာခဲ့ပါတယ်။ အဲဒီ problems တွေ
ပေါ်ပေါက်လာစေတဲ့ အကြောင်းရင်းတွေကတော့ စီးပွါးရေး အလျင်အမြန်
ဖွံ့ဖြိုးလာမှုနဲ့ မြို့ပြအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များကြောင့်
သယ်ယူပို့ဆောင်ရေး လိုအပ်ချက် အလွန်တရာ မြင့်မားလာမှု၊ စက်တပ်ယာဉ်မီးခိုးထုတ်လွှတ်မှုကို ထိန်းချုပ်ခြင်း အားနည်းမှုနဲ့ သယ်ယူ ပို့ဆောင်ရေး
လိုအပ်ချက်နဲ့လျော်ညီတဲ့ အခြေခံ အဆောက်အအုံ မပြည့်စုံမှု တို့ပဲ
ဖြစ်ပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုက စီးပွားရေးဆိုင်ရာ Problem ဖြစ်ပါတယ် (အိန္ဒိယနိုင်ငံကပုံ) |
လေထုညစ်ညမ်းစေမှုက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ Problem ဖြစ်ပါတယ်(ဗီယက်နမ်ကပုံ) |
အဲဒါကြောင့် အာရှဒေသ အပြည်ပြည်ဆိုင်ရာ EST ညီလာခံကို ဂျပန်နိုင်ငံ နာဂိုရာမြို့မှာ ၂၀၀၃ခုနှစ် မတ်လက ကျင်းပခဲ့ပြီး
Nagoya Statement on Environmentally Sustainable Transport in the Asian Region
ကိုထုတ်ပြန်ခဲ့ပါတယ်။ ဆက်လက်ပြီး အာရှဒေသ မနီလာ သဘာဝပတ်ဝန်းကျင်နဲ့
သယ်ယူပို့ဆောင်ရေး မူဝါဒ ဆွေးနွေးပွဲ ကို ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာ
၂၀၀၄ခုနှစ် ဇန်န၀ါရီလမှာ ကျင်းပခဲ့ပြီး Manila Statement ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ပထမဆုံး EST ဖိုရမ်ကိုတော့ နာဂိုရာမှာပဲ ၂၀၀၅ခုနှစ် သြဂုတ်လက ကျင်းပခဲ့ကြပြီး Aichi Statement
ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ၂၀၀၆၊ ၂၀၀၈၊ ၂၀၀၉ နဲ့ ၂၀၁၀ တွေမှာ
အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ယိုးဒယားတို့မှာ EST
ဖိုရမ်တွေကျင်းပခဲ့ကြ ပါတယ်။ ဒါ့အပြင် အာရှမြို့တော်ဝန်များရဲ့ EST
မြှင့်တင်ရေး မူဝါဒဆွေးနွေးပွဲကို ၂၀၀၇ခုနှစ်က ကျိုတိုမှာ ကျင်းပခဲ့ပြီး Kyoto Declaration ထုတ်ပြန်ခြင်း၊ ၂၀၀၈ခုနှစ်က ယိုးဒယား
ဘန်ကောက်နဲ့ ၂၀၁၀ မတ်လက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တို့မှာ
ကျိုတိုကြေညာချက်ကို အာရှမြို့တော်ဝန်များက လက်မှတ်ရေးထိုးခြင်းတို့
ဆောင်ရွက်ပြီး EST ဖေါ်ဆောင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီလို ပူးပေါင်း
ဖေါ်ဆောင်ခဲ့ကြတဲ့ အာရှနိုင်ငံပေါင်း (၂၂)နိုင်ငံရှိပြီး မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။
ပဉ္စမအကြိမ်မြောက် EST ဖိုရမ်ကို ၂၀၁၀သြဂုတ်လက ဘန်ကောက်၌ကျင်းပခဲ့ပုံ |
EST အတွက် သမူဟမဟာဗျူဟာ (၁၂)ချက်ရှိပါတယ်။ အဲဒါတွေကတော့-
- Public Health (လူထုကျန်းမာရေး)
- Road Safety and Maintenance (လမ်းလုံခြုံမှုနဲ့ ထိန်းသိမ်းမှု)
- Non-motorized Transport (စက်စွမ်းအင်မဲ့သယ်ယူပို့ဆောင်မှု)
- Cleaner Fuels (စက်သုံးဆီသန့်စင်ရေး)
- Public Transport Planning and Transport Demand Management(TDM) (လူထုသယ်ယူပို့ဆောင်ရေး အစီအမံနဲ့ သယ်ယူပို့ဆောင်ရေးလိုအပ်ချက် စီမံခန့်ခွဲမှု)
- Traffic Noise Management (ယာဉ်ဆူညံမှု စီမံခန့်ခွဲမှု)
- Environment and People Friendly Urban Infrastructures (လူနဲ့ပတ်ဝန်းကျင် သဟဇာတဖြစ်စေသည့် မြို့ပြ အခြေခံအဆောက်အဦများ)
- Vehicle Emission Control, Standards, Inspection and Maintenance(I/M) (ယာဉ်မီးခိုးထုတ်လွှတ်မှုထိန်းချုပ်ရေး၊ စံသတ်မှတ်ရေး၊ စစ်ဆေးရေးနှင့် ထိန်းသိမ်းရေး)
- Strengthening Road Side Air Quality Monitoring and Assessment (စဉ်ဆက်မပြတ် လမ်းဘေးလေထု အရည်အသွေး စောင့်ကြည့်အကဲဖြတ်ခြင်း)
- Social Equity and Gender Perspectives (လူမှုညီမျှရေးနဲ့ ကျား၊ မတန်းတူမှု)
- Land Use Planning (မြေအသုံးချမှုအစီအမံ) နဲ့
- Strengthening Knowledge Base, Public Participation and Awareness (ဗဟုသုတမြှင့်တင်ရေး၊ လူထုပူးပေါင်းပါဝင်ရေးနဲ့ သတိဂရုပြုရေး) တို့ပဲဖြစ်ပါတယ်။
No comments:
Post a Comment