လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီ၌ထီးတင်ပွဲကျင်းပခြင်း
ပုသိမ်မြို့တော်၏ ရှေးဟောင်းသမိုင်းဝင် လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီတော် အရန်စေတီများ ထီးတော်တင်လှူပူဇော်ပွဲနှင့် အနေကဇာတင်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၅)နာရီတွင် ဘုရားရင်ပြင်တော်၌ ကျင်းပခဲ့ပါတယ်။ အစီအစဉ်အရ သံဃာတော်အရှင်သူမြတ်(၉)ပါးအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း ငါးပါးသီလဆောက်တည်ခြင်း သံဃာတော်များက ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း တင်လှူပူဇော်မည့်ထီးတော်များနှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော်များအား ဆက်ကပ်လှူဒါန်းခြင်း ထီးတော်များအား ပင့်ဆောင်၍ စေတီတော်မြတ်အား လင်္ကျာရစ် လှည့်လည်ပူဇော်ခြင်း အရန်စေတီအသီးသီး၌ ထီးတော်များတင်လှူခြင်း သံဃာတော်အရှင်သူမြတ်များက အနေကဇာတင်ခြင်း ရေစက်ချတရားနာယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်။
|
အရုဏ်ဦးမှာသပ္ပါယ်စွာဖူးမျှော်ရသော ဖောင်တော်ဦးစေတီတော်
|
|
ပရိတ်တရားတော်များရွတ်ဖတ်ပူဇော် |
|
ထီးတော်များဆက်ကပ်လှူဒါန်း |
|
လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း |
|
ထီးတော်တင်လှူပူဇော် |
|
အခမ်းအနားတက်ရောက်သူများ |
|
ရေစက်သွန်းချ အမျှဝေ |
No comments:
Post a Comment