စောစောအိပ်လို့စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့
မြို့တော်ပုသိမ်ရဲ့ ဒီဇင်ဘာလူထုလှုပ်ရှားအားကစားလ လမ်းလျှောက်ပွဲ ပထမနေ့ကို ယနေ့ စတင်ကျင်းပပါတယ်။ နံနက် (၅)နာရီခွဲမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ စုရပ်ကနေ ရွှေရုပ်ထုအ၀ိုင်း သို့ စုပေါင်း လမ်းလျှောက်ကြပြီး ရွှေရုပ်ထုအ၀ိုင်းမှာ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြပါတယ်။ ယနေ့လမ်းလျှောက်ပွဲကို ပြည်သူလူထု အင်အား စုစုပေါင်း ၂၀၀၀ခန့် ပါဝင်ဆင်နွှဲခဲ့ပြီး ဒီဇင်ဘာလရဲ့ စနေနေ့နံနက်တိုင်းမှာ ယခုလို လမ်းလျှောက်ပွဲများ ဆက်လက် ကျင်းပသွားမှာ ဖြစ်ကြောင်းသိရှိရပါတယ်။
``နံနက်စောစောအိပ်ယာထ လမ်းလျှောက်ကြ´´ နာရီစင်က သတိပေးနေသည် |
စုပေါင်းလမ်းလျှောက်ရန်အသင့် |
အစိုးရအဖွဲ့ရုံးရှေ့မှ ရွှေရုပ်ထုအ၀ိုင်းဆီသို့ |
No comments:
Post a Comment