အွန်လိုင်းက မြန်မာပြန်ဟာသ အချို့ကိုကူးယူဖေါ်ပြလိုက်ပါတယ်
လာဘ်ပေးလာဘ်ယူ
ငွေစက္ကူများထည့်ထားသော စာအိတ်ကိုဧည့်သည်က အရာရှိကြီး၏လက်ထဲသို့ ကမ်းပေးလိုက်သည်။ အရာရှိကြီးက အသံမာမာဖြင့် ပြောသည်။
``ဘာလဲ ဒါလာဘ်ပေးတာလား´´
ဧည့်သည်သည်အရာရှိကြီး၏စကားကြောင့် တုန်လှုပ်သွားပြီး စာအိတ်ကို ပြန်ယူရန်ကြိုးစားသည်။ အရာရှိကြီးကလက်ဖြင့် တားပြီး ပြောလိုက်သည်။
``ခင်ဗျားကံကောင်းတယ်၊ ကျုပ်ကလာဘ်ယူတဲ့သူ ဖြစ်နေတယ်´´
ဒါသဘာဝပဲ
``ကွယ်ရာမှာ ခင်ဗျားအထက်အရာရှိကို ခင်ဗျားဝေဘန်တာ ရစရာကိုမရှိဘူး၊ အဲ အစည်းအဝေးမှာကျတော့ သူ့ကိုပဲ ခင်ဗျားချီးကျူးပြန်တယ်၊ ဘယ်လိုလဲ´´
``ဘာသဘောမှမဟုတ်ဘူး၊ စကား တစ်ခွန်းတည်းကို နှစ်ခါထပ်မပြောချင်လို့´´
ဘွဲ့ရမှဖြစ်မယ်
စုပေါင်းလယ်ယာလုပ်သားဟောင်း ပီထရော့သည် မိမိ၏မိတ်ဆွေဟောင်းဖြစ်သူ ခေတ်ပေါ်သူဋ္ဌေး အီဗန်နော့ထံ အကူအညီ လာတောင်းသည်။
``သူငယ်ချင်း ငါ့သားကို အလုပ်ကလေးဘာလေး မပေးနိုင်ဘူးလားကွာ´´
``သူငယ်ချင်းအချင်းချင်းပဲကွာ ကူညီရမှာပေါ့ တစ်လရူဘယ် တစ်သန်းခွဲဆိုရင်ကျေနပ်မလား´´
``များလွန်းတယ်ကွာ ဒီကောင်အရက်တွေသောက်ပြီး ပျက်စီးသွားပါဦးမယ်´´
``ဒီလိုဆိုရင် တစ်လတစ်သန်းပဲပေးမယ် ဟုတ်ပြီလား´´
``သူ့အတွက်များနေသေးတယ်ကွ တစ်လတစ်သိန်းပေးရင် ကျေနပ်ပါပြီကွာ´´
``ဟေ့ မင်းရူးနေလား တစ်လတစ်သိန်းပေးခွင့် ငါ့မှာမရှိဘူးကွ၊ မင်းသားကတက္ကသိုလ်ဘွဲ့ရမဟုတ်ဘူး´´
No comments:
Post a Comment