Implementation postponement of proposal of government employees' salary increasing
ဝန်ထမ်းများလစာတိုးရေးကိစ္စ နောင်နှစ်မှစဉ်းစားမည်
ပြီးခဲ့တဲ့အပတ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်ကို တင်ပြအတည်ပြုခဲ့တဲ့ အစိုးရ၀န်ထမ်းများအား လစာများတိုးမြှင့်ပေးရေး အဆိုနှင့်ပတ်သက်ပြီး
ယနေ့ ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက
ပြန်လည် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါတယ် ။ ၀န်ထမ်းတွေကို ၁၉၅၆-၆၀
ခုနှစ်များက ကုန်ဈေးနှုန်းနဲ့ လစာငွေ အချိုးအစား အတိုင်း
ယနေ့ အချိန်တွင် ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရပါက အနိမ့်ဆုံးလစာမှာ ၂၁၀၀၀၀ကျပ် ဖြစ်ပြီး တစ်နိုင်ငံလုံး အတွက်ဆိုရင် ငွေကျပ် ၅၆၀၀.၃၅၄ ဘီလျံလောက် လိုအပ်မှာဖြစ်တယ်။ ဒါကြောင့် ဝေးလံခေါင်ဖျားမြို့နယ် ၈၅ မြို့နယ်မှ ၀န်ထမ်းများ အတွက်သာ
ထောက်ထား ငဲ့ညှာသောအားဖြင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင်
လစာများတိုးပေးနိုင်ရေး အတွက်စီစဉ်မှာဖြစ်ပြီး
တစ်နိုင်ငံလုံး အတွက်ကိုတော့ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် မှ ထည့်သွင်း စဉ်းစားမှာဖြစ်တယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးက ရှင်းလင်းတင်ပြသွားပါတယ် ။
No comments:
Post a Comment