မြို့တော်ပုသိမ်က မဟာဗန္ဓုလလမ်းမကြီးကို ပြုပြင်မွမ်းမံပြင်ဆင်ပြီ
မြို့တော်ပုသိမ်ရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ မဟာဗန္ဓုလမ်းမကြီးကို ရွှေရုပ်ထုအ၀ိုင်းကနေစတင်ပြီး ပြုပြင် မွမ်းမံမှုတွေ အေရှားဝေါကုမ္ပဏီက ယနေ့ စတင်ဆောင်ရွက်နေကြာင်း တွေ့ရှိရပါတယ်။
``မဟာဗန္ဓုလလမ်းဟာ ရွှေရုပ်ထုအ၀ိုင်းကနေ မေတ္တာဦးတံတားအထိ အရှည်(၂)မိုင်(၆)ဖာလုံရှိပါတယ်။ လမ်းအကျယ်ကတော့ ပျှမ်းမျှပေ(၃၀)ရှိပါတယ်။ ၃လက်မ ထပ်ပိုးလွှာခင်းဖို့ သိန်း(၅၀၀၀)လောက် ကုန်ကျမှာဖြစ်ပါတယ်။´´ ဟု စည်ပင်အင်ဂျင်နီယာက ပြောပြပါတယ်။ မြို့တွင်းလမ်းကို အေရှားဝေါက ဘာကြောင့်ခင်းရကြောင်း စည်ပင်အရာရှိကို မေးကြည့်ရာမှာ ``လမ်းကစည်ပင်လမ်းပါ ဘတ်ဂျက်အရ စည်ပင်က ခင်းဖို့ရန်ပုံငွေမရှိဘူး အဲဒါကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အကြီးအကဲက ရန်ကုန်-ပုသိမ် ဆောက်လုပ်ရေးလမ်းကို BOT နဲ့လုပ်နေတဲ့ ကုမ္ပဏီကို ခင်းခိုင်းတာပါ။ အေးရှားဝေါက စည်ပင်ရဲ့ မြို့ဝင်ဘီးကောက်လိုင်စင်ကိုလည်း ယူထားတဲ့သူဆိုတော့ မြို့တွင်းလမ်းကို ကူခင်းပေးတာပါ။ အဲဒီလိုခင်းလို့ ယာဉ်တွေကို လမ်းအသုံးပြုခ သီးခြားထပ်ကောက်မှာမဟုတ်ပါဘူး´´ ဟုရှင်းပြပါတယ်။ လက်ရှိ မဟာဗန္ဓုလလမ်းကို လွန်ခဲ့တဲ့(၁၀)နှစ်လောက်က ခင်းခဲ့တာဖြစ်ပြီး လမ်းကြံ့ခိုင်မှု နည်းပါးပြီး လှိုင်းများဖြစ်လာတာကြောင့် ယခုလို ထပ်ပိုးလွှာခင်းခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
ရွှေရုပ်ထုအနီး မဟာဗန္ဓုလလမ်းထပ်ပိုးလွှာခင်းနေစဉ် |
No comments:
Post a Comment