မြို့တော်ပုသိမ်၏ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား
(၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက်(၄)နာရီ မိနစ်(၂၀)မှာ မြို့တော်ပုသိမ်ရဲ့ ကျောက်တိုင်ကွင်းမှာ ကျင်းပခဲ့ပါတယ်။
|
နိုင်ငံတော်အလံဟာ လွတ်လပ်တဲ့အချုပ်အခြာအာဏာကို ကိုယ်စားပြုပါတယ် |
အခမ်းအနားကို တာဝန်ရှိသူများတက်ရောက်ကြပြီး တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့နှင့် စစ်တီးဝိုင်းတို့နှင့်အတူ အစီအစဉ်အတိုင်း ဆောင်ရွက်ကြရာမှာ နိုင်ငံတော် အလံလွှင့်တင်ရာတွင် စစ်ခရာမှုတ်ခြင်းနှင့် မီးသတ်ယာဉ်များက ဥသြဆွဲခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တက်ရောက်ကြသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပါတယ်။ နံနက်(၈)နာရီမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ အကြီးအကဲက လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ဖတ်ကြားခြင်း အစီအစဉ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
|
နိုင်ငံတော်အလံအား အလေးပြု |
|
လွတ်လပ်ရေးကျောက်တိုင်ကို အသက်သွေးချွေးတွေနဲ့ တည်ဆောက်ထားတာပါ |
No comments:
Post a Comment