မြို့တော်ပုသိမ်က အဆင့်မြင့်ပုဂ္ဂလိကဆေးရုံစီမံကိန်း
မြို့တော်ပုသိမ်ရဲ့ မြို့လယ်က ထောင်လယ်လို့ခေါ်တဲ့ အကျဉ်းဦးစီးဌာနပိုင် လယ်မြေကွက်တွေမှာ ကုတင်(၁၀၀)ဆံ့ အဆင့်မြင့် ပုဂ္ဂလိကဆေးရုံနဲ့ လူနေဆိုင်ခန်းများပါဝင်တဲ့ အဆောက်အအုံတို့ကို ဧရာဝတီယူနိုက်တက်ပိုင်ရှင် ကုမ္ပဏီများက အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါတယ်။
ထိုင်းနိုင်ငံက နာမည်ကျော် ပုဂ္ဂလိက ဆေးရုံကြီးမှာ ရှယ်ရာအများစုဝယ်ယူပိုင်ဆိုင်ထားသူတွေရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ကမ္ဘာ့အဆင့်မီ ရောဂါရှာဖွေမှုနဲ့ ပြုစုကုသမှုတို့ ရရှိစေမယ့် အဆင့်မြင့်ဆေးရုံကြီး တစ်ခုဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေမှာတော့ လယ်ကွက်တွေမှာ သဲဖို့တဲ့လုပ်ငန်းကို င၀န်မြစ်တွင်းကနေ ပိုက်လိုင်းဆက်သွယ်ပြီး တိုက်ရိုက်မှုတ်တင်တဲ့ စနစ်နဲ့ ဆောင်ရွက်နေကြောင်း တွေ့ရှိရပါတယ်။

စီမံကိန်းနေရာကမြို့တော်ရဲ့ အလယ်ဗဟိုမှာ |
လုပ်ငန်းခွင်မှကြော်ငြာ |
အုပ်ချုပ်မှုရုံး ဆောက်နေစဉ် |
No comments:
Post a Comment