ကိုယ့်အားကိုယ်ကိုး ညောင်ဝိုင်း
ညောင်ဝိုင်းရွာအ၀င်က ချမ်းသာကြီးစေတီတော် |
မြို့တော်ပုသိမ်မှ (၅)မိုင်ခန့်အကွာ ပုသိမ်ဝါးယားချောင်း ကားလမ်းဘေးကနေ ကိုက် ၅၀၀ လောက် ရှိတဲ့ ရွာအ၀င်လမ်းကို ဖြတ်သန်းပြီးရင်တော့ င၀န်မြစ်ကမ်းဘေးက အေးချမ်း သာယာတဲ့ ညောင်ဝိုင်းရွာ ကို ရောက်မှာ ဖြစ်ပါတယ်။ အိမ်ခြေပေါင်း(၅၀) လာက်သာရှိပေမယ့် ညီညွတ်တဲ့ ကိုယ့်အားကိုယ်ကိုး စိတ်ဓါတ်နဲ့ ကျေးရွာမီးလင်းရေးကို ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြလို့ မကြာခင်မှာ ဓါတ်မီးရောင်တစ်ထိန်ထိန်နဲ့ စည်ပင်ဖွံ့ဖြိုးလာတော့မှာဖြစ်ပါတယ်။ ``ကိုယ့်အားကိုယ်ကိုး မီးလင်းဖို့ စုပေါင်းလုပ်ခဲ့ကြတာပါ၊ တစ်အိမ်ကို (၃)သိန်းစီ စုထည့်ကြတယ် ဘယ်လောက်ကုန်မလဲတော့ မသိသေးပါဘူး မီတာတွေလည်း ရတော့မှာပါ၊ မီးလိုင်းသွယ်တာလည်း ပြီးသလောက်ရှိနေပါပြီ။´´ ဟု ကျေးရွာသူတစ်ဦးကပြောပါတယ်။
``အရမ်း ၀မ်းသာတယ် အိမ်မှာမီးစက်တော့ရှိပါတယ်၊ စက်နဲ့ဒိုင်နမိုက (၉)သိန်းလောက်ရှိတယ် ဆီဖိုးနဲ့ ပြီးတော့ စက်နှိုးမယ်ဆို လူရှာရတာနဲ့ အခုလို (၃)သိန်းလောက်နဲ့ မီးရမှာ အများကြီးပိုကောင်းပါတယ်။ တစ်ရွာလုံးကလည်း ၀မ်းသာနေတာ ဒီမှာလာလုပ်တဲ့သူတွေကိုလည်း နေ့တိုင်းထမင်းချက်ကျွေးတယ်၊ အခုလိုဖြစ်အောင် စီစဉ်ပေးတဲ့ လူကြီးတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်´´ မျက်ရည်စို့စို့နဲ့ ၀မ်းသာလုံးဆို့ပြီး အမေအိုတစ်ဦးက ပြောပြပါတယ်။ အကြောင်း တိုက်ဆိုင်စွာ ရောက်ခဲ့ ရတဲ့ ညောင်ဝိုင်း ကျေးရွာလေးက ရပ်သူရွာသားများရဲ့ ၀မ်းမြောက် ကျေနပ်မှုကို မုဒိတာပွါးရင်း ကျေးလက်နေ ပြည်သူများရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာဖို့ အစိုးရတစ်ခုတည်းကို အားကိုးပြီး လက်ဖြန့်ခံတောင်း စောင့်ဆိုင်းနေမယ့်အစား ဥစ္စာရင်လို ဥစ္စာရင်ခဲ ကိုယ့်အားကိုယ်ကိုး စုစည်းညီညွတ်စွာ ဆောင်ရွက်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ရွာအ၀င်လမ်းက ဓါတ်မီးတိုင်များ |
တပ်ဆင်သွယ်တန်း မမောတမ်း |
No comments:
Post a Comment