Friday, May 22, 2015

So they are called Japan.

ထို့ကြောင့်ဂျပန်ဟုခေါ်၏


ပထမပုံက ၂၀၁၁ခုနှစ် တာလေငလျင်လှုပ်စဉ်က တာလေမြို့အဝင်ရှိ ပြည်ထောင်စုလမ်းမကြီး ကွဲအက်ပျက်စီးခဲ့ပုံဖြစ်၏။
ဒုတိယနှင့် တတိယပုံက ၁၉၉၅ခုနှစ် ကိုဘေးငလျင်လှုပ်စဉ်က ကိုဘေးဆိပ်ခံတံတားပြိုကျမှုနှင့် တစ်ဘက်ကမ်းရှိမြေကြီးများ ကွဲအက်ပျက်စီးခဲ့ပုံများဖြစ်၏။

ပထမပျက်စီးမှုကို အမြန်ဆုံးပြုပြင်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေး အလျင်အမြန်ပြန်လည်ကောင်းမွန်ခဲ့ပါ၏။
ဒုတိယပျက်စီးမှုကို ပုံပါအတိုင်းထားခဲ့၏။(ပုံကို၂၀၁၀တွင်ရိုက်ခဲ့သည်)
တတိယပျက်စီးမှုကို ပုံပါအတိုင်း အမိုးအကာဆောက်၍ ပြတိုက်ပြုလုပ်ခဲ့၏။
ထိုနေရာများကို ဂျပန်ကျောင်းသားကျောင်းသူများ လာရောက်လေ့လာပြီး သဘာဝဘေးအန္တရာယ် အပေါ်သတိတရားဖြင့် တုံ့ပြန်မှု အလေ့အကျင့်တည်ဆောက်၏။
ထိုနေရာများကို နိုင်ငံခြားသားများက အခကြေးငွေဖြင့် လာရောက်ကြည့်ရှုကြ၏။ (ငလျင်အတုလှုပ်ပေးသည့် shake table ပေါ်တွင်ထိုင်ရင်း ငလျင်အတွေ့အကြုံကိုလည်းယူနိုင်သေး၏)

သဘာဝဘေးအန္တရာယ်ဟူသည်..
မျက်စိမရှိ၊ ဦးနှောက်မရှိ၊ လူမျိုးမသိ၊ ကိုးကွယ်သည့်ဘာသာမကြည့် ဖြစ်ချင်သလို ဖြစ်ချင်သည့်အချိန် ဖြစ်ပြီး ဘေးဒုက္ခပေးတတ်၏။
ဘေးဒုက္ခတစ်ခုအပေါ်မှ သင်ခန်းစာအကြိမ်ကြိမ်ယူယုံမျှမက ငွေအမြောက်အမြားကိုပါ ယူ၍ရ၏။
ထို့ကြောင့် ဂျပန်ဟုခေါ်၏။

No comments:

Post a Comment