ဖွံ့ဖြိုးတိုးတက်ရေးဟူသည်
အလယ်တန်းကျောင်းသားဘဝ စားမေးပွဲဖြေခါနီး
ဆရာဆရာမများက revisionပြန်လျှင် ကျွန်တော်တို့မေးလေ့ရှိသည်က
ဘယ်အခန်းကအရေးကြီးလဲ ဘာတွေကျက်ရမှာလဲဖြစ်၏။
ဆရာဆရာမများ၏ အဖြေက တစ်ဦးနှင့်တစ်ဦး မတူတတ်ကြ။
ဆရာမအချို့က အရိပ်အမြွက်ပြောသလို အချို့ကျတော့ နီးနီးစပ်စပ်ပြောကြ၏။ ဆရာတစ်ဦးကတော့ အကုန်လုံးသင်ထားပြီးပြီ မေးချင်တာမေးမည်ဟုသာ ရှုတည်တည်ပြောလေ့ရှိ၏။ ထိုဆရာမျိုးကို ကျွန်တော်မုန်းခဲ့ဖူးသည်။
ကျေးလက်မီးလင်းရေးအတွက် လျှပ်စစ်ဓာတ်အားစနစ်နှင့်ဝေးသော ကျေးရွာများတွင် မီးထွန်းရန် TV ကြည့်ရန်အတွက် ဆိုလာစနစ်များ တပ်ဆင်ပေး၏။
တစ်အိမ်တစ်ယူနစ်တပ်ဆင်ပေးသည့် ဆိုလာတန်ဖိုးက နှစ်သိန်းနီးပါးဖြစ်သည်။
ရွာသူရွာသားများက နိုင်ငံတော်အစိုးရနှင့်ဌာနကို ကျေးဇူးတင်ကြ၏။
ဝမ်းမြောက်စကားဆိုကြ၏။
ဆိုလာမီးလေးရတော့ မနက်စောစောဆွမ်းထချက်ရတာ အဆင်ပြေတာပေါ့ကွယ် ဆိုသည့်
အဖွားအို၏ စကားသည် ဗုဒ္ဓဘာသာတို့၏ နှလုံးအိမ်ကို ညွတ်နူးချမ်းမြေ့
ဝမ်းမြောက်စေပါ၏။
သို့သော်
စဉ်းစားစရာရှိလာသည်က
အလကားရသဖြင့် ဝမ်းသာနေကြခြင်းပေလား။
သာမန်မီးထွန်းရုံအတွက် ဆိုလာယူနစ်တစ်စုံသည် နှစ်သောင်းကျပ်သာတန်၏။
အကာမရှိအမိုးမလုံသည့် ထန်းရွက်တဲနှင့်နေသော ကျေးလက်မိသားစုတစ်စုသည် သမီးငယ် ညစာကြည့်ရန်အတွက် နှစ်သောင်းတန်ဆိုလာမီးဝယ်ယူ အသုံးပြုနေသည်ကို မြင်တွေ့ဖူးသဖြင့် အိမ်ကြီးရခိုင်နှင့်နေသော အဖွားအို၏ ကျေးဇူးတင်စကားအတွက် ကျွန်တော်ဝမ်းနည်းမိရသည်။
ခေတ်အဆက်ဆက် အစိုးရအသီးသီး ဌာနအမျိုးမျိုး နိုင်ငံတကာအဖွဲ့အစည်းအဖုံဖုံက
ကျေးရွာများတွင် စက်ရေတွင်းများတူးပေးခဲ့ကြ၏။
VWCဟုခေါ်သည့် ကျေးရွာရေကော်မတီများဖွဲ့စည်းပေးပြီး
ငွေစာရင်းထိန်းသိမ်းနည်းများ စက်အသေးစားပြုပြင်နည်းများကို အခါအားလျော်စွာ
သင်တန်းများပေးထား၏။
စက်ဖြင့်မောင်းမှရသောရေကို သင့်လျော်သည့်နှုန်းဖြင့် ရွာသားများကဝယ်သုံးကြရသည်။
ဆီဖိုးနှင့်စက်မောင်းခနှုတ်ပြီးကျန်သောရေဖိုးရငွေကို ရေတွင်းရေစက်ပျက်လျင် ပြင်ဆင်ရာတွင်သုံးရန် ရန်ပုံငွေစုထားရသည်။
ထိုစနစ်သည်ကောင်းမွန်သော်လည်း ....
အချို့ရွာက စက်ဆီဖိုးမတတ်နိုင်သဖြင့် ဆိုလာတပ်ပေးရန်တင်ပြကြ၏။
အချို့ရွာက စက်ပျက်သဖြင့်ပြင်ပေးပါဟုပြောကြပြန်သည်။
ရေကော်မတီရန်ပုံငွေမရှိဘူးလားဟုမေးလျင် ဝေဝေဝါးဝါးဖြေ၏။
ကန်ထရိုက်ပေးသည့်ရွာကပေးထားကြသေးသည်။
ရွှေကိုမလို ရေကိုသာလိုသည့် ထိုရွာတို့တွင် ....
ရေကန်တို့သည် ရေညှိအလိမ်းလိမ်း
ရေစက်ရုံ အမိုးတို့သည် အပြိုပြို
အကာအခင်းတို့သည် အပျက်ပျက်
Engine တို့သည် ချေးအထပ်ထပ်
ရေတွင်းပတ်လည်တို့သည် ရွံ့အလူလူး မြင်ရလေ့ရှိ၏။
အထက်တန်းကျောင်းသားဘဝရောက်ပြီး ယခုအချိန်အထိ အမျိုးမျိုးအဖုံဖုံသော စာမေးပွဲများ ကြုံတွေ့ရသောအခါ
ကျွန်တော်မုန်းခဲ့ဖူးသော ဆရာ၏ စေတနာကို မျက်ရည်စို့အောင်ခံစားမိရင်း
ဆရာ့ကျေးဇူးတရားကို စိတ်အတွင်းမှ အကြိမ်ကြိမ် ဦးချကန်တော့ရတော့သည်။
ဘုရားရှိခိုးပြီးတိုင်း နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုနှင့် ရောက်ရပါစေဟုဆုတောင်းရင်း
နိဗ္ဗာန်သောင်သို့ ပို့မည့်ဖောင်ကူးတို့ ရောက်အလာကိုစောင့်ဆိုင်းရင်းဖြင့်
သံသရာနွံတွင်း ဘဝများစွာနစ်မွန်းနေကြရသော အန္တပုတုဇဉ်များကဲ့သို့ ....
လိုသမျှတောင်းရင်း ရသမျှကျေးဇူးတင်ရင်း ပဒေသာပင် အထက်ကကျအလာကို စောင့်ဆိုင်းရင်းဖြင့်
ဆင်းရဲခြင်းလွတ်ကင်းအောင် စွမ်းဆောင်ပေးမည့်
ဘိုးဘိုးအောင်နှင့် ရှင်အဇ္ဈဂေါဏတို့ကို မျှော်လင့်ရင်းဖြင့် ....
နေညိုတိမ်တောက်ချိန် စာဥတို့သူငယ်ချင်းတစ်သိုက် ရွံ့အလူးလူးဖြင့် ရေခပ်ဆင်းပြီးနောက်
ကျွန်တော်တို့ ဘိုးဘွားများ၏ ရွာငယ်ဇနပုဒ်မီးခွက်ကလေးမှိတ်တုပ်ကို သားမြေးမြစ်အဆက်ဆက်ထိ ဆက်ထွန်းနေဦးမည့် ကျေးရွာများအတွက်
ကိုယ့်အားကိုယ်မကိုးဘဲ ဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည်မရနိုင်ကြောင်း
မည်သို့ပြောကြားရမည်ကို ကျွန်တော့်ဆရာအား မေးကြည့်ချင်ပါတော့သည်။
|
ကဏ္ဍအလိုက်ရွေးချယ်ရန်
- မြို့တော်သတင်း (96)
- မြို့တော်သုတ (17)
- မြို့တော်အလှ (14)
- ပြင်ပသုတ (29)
- သတင်းထူး (6)
- ဟာသ (10)
- ခေတ်နှင့်အညီ (8)
- ဒေသရှုခင်း (5)
Monday, May 25, 2015
Friday, May 22, 2015
So they are called Japan.
ထို့ကြောင့်ဂျပန်ဟုခေါ်၏
ပထမပုံက ၂၀၁၁ခုနှစ် တာလေငလျင်လှုပ်စဉ်က တာလေမြို့အဝင်ရှိ ပြည်ထောင်စုလမ်းမကြီး ကွဲအက်ပျက်စီးခဲ့ပုံဖြစ်၏။
ဒုတိယနှင့် တတိယပုံက ၁၉၉၅ခုနှစ် ကိုဘေးငလျင်လှုပ်စဉ်က
ကိုဘေးဆိပ်ခံတံတားပြိုကျမှုနှင့် တစ်ဘက်ကမ်းရှိမြေကြီးများ
ကွဲအက်ပျက်စီးခဲ့ပုံများဖြစ်၏။
ပထမပျက်စီးမှုကို အမြန်ဆုံးပြုပြင်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေး အလျင်အမြန်ပြန်လည်ကောင်းမွန်ခဲ့ပါ၏။
ဒုတိယပျက်စီးမှုကို ပုံပါအတိုင်းထားခဲ့၏။(ပုံကို၂၀၁၀တွင်ရိုက်ခဲ့သည်)
တတိယပျက်စီးမှုကို ပုံပါအတိုင်း အမိုးအကာဆောက်၍ ပြတိုက်ပြုလုပ်ခဲ့၏။
ထိုနေရာများကို ဂျပန်ကျောင်းသားကျောင်းသူများ လာရောက်လေ့လာပြီး သဘာဝဘေးအန္တရာယ် အပေါ်သတိတရားဖြင့် တုံ့ပြန်မှု အလေ့အကျင့်တည်ဆောက်၏။
ထိုနေရာများကို နိုင်ငံခြားသားများက အခကြေးငွေဖြင့် လာရောက်ကြည့်ရှုကြ၏။ (ငလျင်အတုလှုပ်ပေးသည့် shake table ပေါ်တွင်ထိုင်ရင်း ငလျင်အတွေ့အကြုံကိုလည်းယူနိုင်သေး၏)
သဘာဝဘေးအန္တရာယ်ဟူသည်..
မျက်စိမရှိ၊ ဦးနှောက်မရှိ၊ လူမျိုးမသိ၊ ကိုးကွယ်သည့်ဘာသာမကြည့် ဖြစ်ချင်သလို ဖြစ်ချင်သည့်အချိန် ဖြစ်ပြီး ဘေးဒုက္ခပေးတတ်၏။
ဘေးဒုက္ခတစ်ခုအပေါ်မှ သင်ခန်းစာအကြိမ်ကြိမ်ယူယုံမျှမက ငွေအမြောက်အမြားကိုပါ ယူ၍ရ၏။
ထို့ကြောင့် ဂျပန်ဟုခေါ်၏။
ဒုတိယပျက်စီးမှုကို ပုံပါအတိုင်းထားခဲ့၏။(ပုံကို၂၀၁၀တွင်ရိုက်ခဲ့သည်)
တတိယပျက်စီးမှုကို ပုံပါအတိုင်း အမိုးအကာဆောက်၍ ပြတိုက်ပြုလုပ်ခဲ့၏။
ထိုနေရာများကို ဂျပန်ကျောင်းသားကျောင်းသူများ လာရောက်လေ့လာပြီး သဘာဝဘေးအန္တရာယ် အပေါ်သတိတရားဖြင့် တုံ့ပြန်မှု အလေ့အကျင့်တည်ဆောက်၏။
ထိုနေရာများကို နိုင်ငံခြားသားများက အခကြေးငွေဖြင့် လာရောက်ကြည့်ရှုကြ၏။ (ငလျင်အတုလှုပ်ပေးသည့် shake table ပေါ်တွင်ထိုင်ရင်း ငလျင်အတွေ့အကြုံကိုလည်းယူနိုင်သေး၏)
သဘာဝဘေးအန္တရာယ်ဟူသည်..
မျက်စိမရှိ၊ ဦးနှောက်မရှိ၊ လူမျိုးမသိ၊ ကိုးကွယ်သည့်ဘာသာမကြည့် ဖြစ်ချင်သလို ဖြစ်ချင်သည့်အချိန် ဖြစ်ပြီး ဘေးဒုက္ခပေးတတ်၏။
ဘေးဒုက္ခတစ်ခုအပေါ်မှ သင်ခန်းစာအကြိမ်ကြိမ်ယူယုံမျှမက ငွေအမြောက်အမြားကိုပါ ယူ၍ရ၏။
ထို့ကြောင့် ဂျပန်ဟုခေါ်၏။
Subscribe to:
Posts (Atom)