ပုသိမ်မြို့၏ မြို့တော်ဂုဏ်ဆောင် ဧရာဝတီစာကြည့်တိုက်သည် ပုသိမ်မြို့ မြို့တော်ခန်းမ အဆောက် အအုံအတွင်း၌ စနစ်တကျ အဆင့်မီ ဖွဲ့စည်း တည်ဆောက် ထားပါတယ်။ ယခင် ဧရာဝတီတိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သူရရွှေမန်း က ပြန်ကြားရေးဝန်ကြီးဌာန၊ ပုသိမ်တက္ကသိုလ် စာကြည့်တိုက်မှူး တို့နှင့် ညှိနှိုင်း အကြံဉာဏ်ရယူ၍ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ခေတ်မီပြီး အဆင့်မြင့်တဲ့ စာကြည့်တိုက် တစ်ခုကို ဧရာဝတီတိုင်း ဂုဏ်ဆောင် မြို့တော်ခန်းကြီးမှာ ဖွင့်လှစ်ရန် စတင် အကောင်အထည်ဖော် ခဲ့ပါတယ်။ စာကြည့်တိုက် ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်းပြီးနောက် စာကြည့်တိုက်ရဲ့ နေ့စဉ် လုပ်ငန်း ဆောင်တာများအား ပုံမှန် လည်ပတ်နိုင်ရေး အတွက် ဝန်ထမ်း(၈)ဦးအား စိစစ်ရွေးချယ်ပြီး၊ ကိုယ်စီ တာဝန်များဖြင့် ခန့်အပ်ခဲ့ပါတယ်။ ထို့နောက် ဧရာဝတီစာကြည့်တိုက်ဟု အမည်ပေးခဲ့ပြီး ၂ဝဝ၁ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့ (၁၃း၄၅) ချိန်တွင် ဧရာဝတီ စာကြည့်တိုက်၏ ရှေ့တွင်ခန့်ငြားစွာ စိုက်ထူ ထားသည့် ကြေးပြားကမ္ပည်း ကျောက်စာ တိုင်မှတ်တမ်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ဧရာဝတီစာကြည့်တိုက်ကို အဆင့်မြင့်သော အီလက်ထရွန်းနစ် စာကြည့်တိုက် (e-library) အဖြစ် တည်ထောင် ထားပါတယ်။ လူကြီးများအတွက် ကွန်ပျူတာ(၁ဝ)လုံး၊ ကလေးများအတွက် ကွန်ပျူတာ(၅)လုံး၊ ရုံးသုံး(၁)လုံး စုစုပေါင်း ကွန်ပျူတာ(၁၆)လုံး တပ်ဆင်ထားပါတယ်။ ကလေးများ အတွက် အလွယ် တကူ လေ့လာသင်ယူ နိုင်သော စီဒီများ၊ လူကြီးများအတွက် (educational CDများ)၊ အထွေထွေ ဗဟုသုတ မှီငြမ်းကိုးကားနိုင်သော စွယ်စုံကျမ်းများ၊ ပြတိုက်များ၊ ဂန္ဓဝင်စာအုပ်များ၊ မြေပုံများပါသည့် (reference CD များ)၊ နိုင်ငံတကာ စီးပွားရေး၊ ဆက်ဆံရေးနည်းလမ်းများ၊ နည်းဥပဒေသများ၊ စာပေး စာယူ ရေးသား နိုင်သော (Business CD များ)၊ ဆေးပညာ ဘာသာရပ်ဆိုင်ရာ ရောဂါများ၊ ကုထုံးများ၊ ဆေးဝါးများ အကြောင်း ပါဝင်သည့်(Medical CD များ)၊ အင်ဂျင်နီယာ၊ အီလက်ထရောနစ်၊ သိပ္ပံနှင့်နည်းပညာ ဘာသာရပ် ဆိုင်ရာ နည်းပညာ များအလိုက် ကိုယ်တိုင် အလွယ်တကူ လေ့လာနိုင်သော သင်ခန်းစာများ ပါဝင်သည့်(Tutorial CD များ)၊ လုပ်ငန်းခွင်သုံး (Software CD) များပါဝင်သည့် (Installation CD များ)၊ ဝါသနာအလိုက် အိမ်အလှပြင်ခြင်း၊ ဥယျာဉ်စိုက်ပျိုးပြုစုခြင်း၊ ကားပြင်ခြင်း၊ ဂစ်တာ/စန္ဒယား တီးနည်း၊ ချက်ပြုတ်နည်း၊ အင်္ကျီဒီဇိုင်းများ ပါဝင်သည့်(Hobby CD များ)၊ တေးသီချင်း (Music(karaoke CD))များ၊ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုး တက်လာစေမည့် (Sport & Game CD များ)စသည့် CD မျိုးစုံ (၈ဝဝ)ကျော် ဝယ်ယူ စုဆောင်း ထားရှိပါတယ်။ ထပ်မံ၍လည်း CD များဝယ်ယူဖြည့်ဆည်း လျက် ရှိပါတယ်။
ဧရာဝတီစာကြည့်တိုက်မှာ အသင်းဝင်လို သူများအတွက် နှစ်စဉ်ကြေးမှာ (၁၂ဝဝိ/-)၊ ( e-library) အသင်းဝင် လိုသူများအတွက် လစဉ်ကြေးမှာ (၁ဝဝဝိ/-)၊ Internet အသုံးပြုခ တစ်နာရီ (၄ဝဝိ/-)ကျသင့်မှာ ဖြစ်ပါတယ်။ နေ့စဉ် (တနင်္လာနေ့မှအပ) နံနက်(၁ဝ)နာရီမှ ညနေ(၆)နာရီအထိ စာကြည့်တိုက်ကို ဖွင့်လှစ်ထားရှိပါတယ်။
ယခုအခါ စာကြည့်တိုက် အသင်းဝင် (၃၈ဝဝ)ကျော်နဲ့ (e-library) အသင်းဝင်သူ (၁၇၅ဝ)ကျော် ရှိပါတယ်။ နေ့စဉ်နှင့်အမျှ စာကြည့်တိုက်အသင်းဝင်သစ်များ တဖွဲဖွဲဝင်ရောက် လျက်ရှိပြီး၊ စာဖတ်သူ၊ စာကြည့်သူ၊ စာအုပ်ငှားသူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရပါတယ်။
Very Good for Pathein people. Electricity in Pathein should be OK for 24 hours/7days/ 365days because for Internet and computers and business.
ReplyDelete