ကဏ္ဍအလိုက်ရွေးချယ်ရန်
- မြို့တော်သတင်း (96)
- မြို့တော်သုတ (17)
- မြို့တော်အလှ (14)
- ပြင်ပသုတ (29)
- သတင်းထူး (6)
- ဟာသ (10)
- ခေတ်နှင့်အညီ (8)
- ဒေသရှုခင်း (5)
Tuesday, October 11, 2011
ပုသိမ်မြို့ကမီးလောင်မှုသတင်း
ပုသိမ်မြို့ ရပ်ကွက်(၆) ပတ်လမ်း အိမ်အမှတ်(၆၂/က) နေအိမ်မှ မီးအားမြှင့်စက် အပူလွန်ကဲပြီး (၁၀.၁၀.၁၁)ရက်နေ့ မွန်းလွဲ (၁း၃၅)နာရီခန့်မှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပါတယ်။ မြို့နယ်မီးသတ်တပ်ဖွဲ့ နဲ့ပြည်သူလူထု၏၀ိုင်းဝန်း မီးငြိမ်းသတ်မှုကြောင့် (၂)နာရီခန့်မှာ မီးညွန့်ကျိုးသွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် (၅)ခန်းတွဲနှစ်ထပ်အိမ် (၁)လုံး နှစ်ထပ်ပျဉ်ထောင်အိမ်(၁)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၅)စု လူဦးရေ(၂၀)အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ မီးလောင်ဆုံးရှုံးမှုတန်ဘိုး သိန်း(၃၀)ကျော်ဖြစ်တယ်လို့ မြို့နယ်မီးသတ်က ခန့်မှန်းတွက်ချက်ထားပါတယ်။ မီးဘေးဒုက္ခသည်တွေကို ကုသိနာရုံဘုရားဝင်းထဲက ဓမ္မာရုံထဲမှာ ယာယီနေရာချထားတယ်လို့သိရပါတယ်။ ပုသိမ်မြို့ကုန်သည်လမ်းမှာလည်း ပြီးခဲ့တဲ့လ (၁၁)ရက်နေ့ညမှာ မီးလောင်မှုဖြစ်ပွားခဲ့သေးတဲ့အတွက် ယခုမီးလောင်မှုဟာ တစ်လအတွင်းမှာ ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပါတယ်။ မကြာခင်ခြောက်သွေ့တဲ့ရာသီကို ရောက်ရှိလာတော့မှာဖြစ်လို့ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ပြည်သူလူထုက မီးကို အထူးသတိထားသုံးစွဲကြရန် ကိုယ့်အားကိုယ်ကိုး မီးသတ်ရေတွင်းများတူးဖေါ်ကြရန် လိုအပ်လျက်ရှိကြောင်း သတိပေး နှိုးဆော်လိုက်ရပါတယ်။ (ရွှေပြည်သာဈေးအနီးကုန်စုံလမ်းနဲ့ တဂေါင်းဘုရားလမ်းချွန်းတို့မှာ အလှူရှင်များက မီးသတ်ရေတွင်းနှစ်တွင်းတူးထားပြီးဖြစ်ပါတယ်။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment