ကုန်ခြောက်သားငါးဈေးတင်ဒါ ရှင်းလင်းတင်ပြပွဲ
တောင်ကြီးစည်ပင်အဖွဲ့ပိုင် လက်ရှိကုန်ခြောက်သားငါးဈေးကို အဆင့်မြှင့်တင်တည်ဆောက်ဖို့ အတွက် ဆောက်လုပ်ရေးကုမ္ပဏီ(၇)ခုက ရှင်းလင်းတင်ပြပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲကနေ ညနေ ၄နာရီအထိ မြို့တော်ခန်းမမှာကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ဖိတ်ကြားထားသူများ တက်ရောက်ကြပါတယ်။
|
တင်ဒါကုမ္ပဏီများက ရှင်းလင်းတင်ပြပွဲ |
|
အဆင့်မြှင့်ဈေးတည်ဆောက်မည့်နေရာ |
လက်ရှိကုန်ခြောက်သားငါးဈေးနေရာဟာ ဧရိယာ ၁.၄၄ဧကရှိပြီး ၁၉၆၉ခုနှစ်က ဆောက်လုပ်ထားတဲ့ဈေးဖြစ်ကာ ဆိုင်ခန်းပေါင်း ၄၄၆ခန်းရှိပါတယ်။
|
Creation Myanmar ကအဆိုပြုသောအဆင့်မြင့်ဈေးပုံစံ |
|
တောင်ကြီးကုမ္ပဏီကတင်ပြသော ဈေးဝယ်စင်တာပုံစံ |
|
ရှမ်းရိုးမကုမ္ပဏီ၏ central point mall |
ကုန်ခြောက်သားငါးဈေးဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ရေထွက်ဦးလမ်းထောင့် မြို့မဈေးကြီးနဲ့ မျက်နှာချင်းဆိုင် မြို့လယ်ကောင်မှာတည်ရှိပြီး မြို့တော်ရဲ့ ပြယုဂ် အထင်ကရနေရာတစ်ခုအဖြစ် တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့အတွက် စိတ်ဝင်စားတဲ့ကုမ္ပဏီများကလည်း အပြိုင်အဆိုင် အဆိုပြုတင်ပြကြပါတယ်။ ကုမ္ပဏီ တစ်ခုဆိုလျင် အကျိုးအမြတ်ခွဲဝေမှုအနေနဲ့ အစိုးရအတွက် ၇၇% လုပ်ငန်းရှင်အတွက် ၂၃%လို့အဆိုပြုပြီး လက်ရှိဈေးသူဈေးသားများကို ဈေးတည်ဆောက်စဉ်ကာလအတွင်း ယာယီဈေးသစ်မှာ အခမဲ့ရောင်းချခွင့်ပေးကာ လုပ်ငန်းနေရာပြောင်းရွေ့ရတဲ့အတွက် အရောင်းအ၀ယ်ထိခိုက်ရမှုကို လစဉ်နစ်နာကြေးတွေပါ ထုတ်ပေးသွားမယ်လို့ အဆိုပြုတာတွေ့ရှိရပါတယ်။
https://www.facebook.com/MaroonMatrix/posts/153651288140511
ReplyDelete