(၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့
၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလ (၇)ရက်နေ့မှာ ကျရောက်တဲ့ (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများကို ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ ကျင်းပခဲ့ကြကြောင်းသိရပါတယ်။ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် တက်ရောက်ပြီး သ၀ဏ်လွှာဖတ်ကြားတဲ့ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန် မြို့တော်ခန်းမမှာကျင်းပခဲ့ပါတယ်။
|
ပြည်နယ်ဝန်ကြီးချုပ်ကသ၀ဏ်လွှာဖတ်ကြားခြင်း |
ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဌာနဆိုင်ရာ ပြခန်းများကိုလည်း ကျောက်တိုင်ကွင်းအတွင်းမှာ ခင်းကျင်းပြသလျက်ရှိကြောင်း သိရပါတယ်။
|
ယဉ်ကျေးမှုပြခန်း |
|
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးပြခန်း |
|
စက်မှုလယ်ယာပြခန်း |
ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ယနေ့ နံနက်(၁၁)နာရီ ရွှေဘုန်းပွင့် စေတီတော်မြတ်ရင်ပြင်မှာရှိတဲ့ ဓမ္မာရုံမှာလည်း သံဃာတော်အရှင်သူမြတ်(၁၁)ပါးတို့အား လှူဖွယ်ဝတ္ထုအစုစုနှင့် နေ့ဆွမ်းတို့ဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။
|
သံဃာတော်များအားလှူဒါန်းခြင်း |
No comments:
Post a Comment