စာကြည့်တိုက်ဖွင့်ပွဲ
ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု မြက်ဆက်ကျေးရွာရဲ့ ၀င်းလင်းစာကြည့်တိုက် အဆောက်အအုံအသစ် ဖွင့်ပွဲကို (၂၁.၁၂.၂၀၁၂)ရက်နေ့က အဲဒီစာကြည့်တိုက်သစ်မှာ ကျင်းပခဲ့ပါတယ်။
စာကြည့်တိုက်အဆောက်အအုံအတွက် ကုန်ကျငွေ (၂၆)သိန်းကျော်ရှိပြီး ပြန်ကြားရေးဝန်ကြီးဌာနက ထောက်ပံ့ငွေ (၁၀)သိန်း ကျေးရွာသူရွာသားများ စုပေါင်းထည့်ဝင်ငွေနဲ့ ဌာနဆိုင်ရာများက လှူဒါန်းငွေတွေနဲ့ အောက်တိုဘာလမှာ စတင်ဆောက်လုပ်ခဲ့ပြီး ယခု ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ဖွင့်ပွဲမှာ စာကြည့်တိုက်အတွက် ငွေပဒေသာပင် စိုက်ထူဖို့ တက်ရောက်ကြတဲ့ စစ်ဘက်နယ်ဘက်ဌာဆိုင်ရာများ ရပ်သူရွာသားများ လှူဒါန်းငွေဟာ ၃၂၀၀၀၀ ရရှိတဲ့အတွက် ကလောမြို့နယ်အတွင်း စာကြည့်တိုက်ငွေပဒေသာပင် အများဆုံးစိုက်ထူနိုင်တဲ့ စာကြည့်တိုက်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
|
(၂၆)သိန်းကျော်တန်စာကြည့်တိုက် |
|
အိုးစည်ကြီးတီးလို့ရယ် |
|
ဒေသခံတို့ အသိအမြင်တိုးတက်စေဖို့ |
|
မီဒီယာအဖုံဖုံ |
|
စာအုပ်စာစောင်အဖုံဖုံ |
|
ပညာရောင်ဝင်း လင်းလေပြီ |
|
စေတနာဟင်း စားချိုသည် |
No comments:
Post a Comment