အောင်ပန်းမြို့ရေသန့်စင်စနစ်ဖွင့်ပွဲ
(၆၅)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလောမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောက်လုပ်ခဲ့တဲ့ အောင်ပန်းမြို့ ရေသန့်စင်စနစ်
(သတင်းဖေါ်ပြပြီး) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲမှာ အောင်ပန်းမြို့ လှည်းရိုးရေစက်ရုံဝင်းအတွင်းရှိ အဲဒီရေသန့်စင်စနစ်ရှေ့မှာ ကျင်းပခဲ့ပါတယ်။
|
ရေသန့်စင်စနစ်အချက်အလက်များရှင်းလင်းတင်ပြ |
|
ဖဲကြိုးဖြတ်ဖွင့်လှစ် |
အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အကြီးအကဲနဲ့ ၀န်ကြီးများ ကလောမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာအကြီးအကဲများ မြို့မိမြို့ဖများ ပြည်သူလူထုများ အင်အား၂၀၀ခန့်တက်ရောက်ခဲ့ပါတယ်။ ဖွင့်ပွဲမှာအမှုဆောင်အရာရှိက ရေသန့်စင်စနစ်ဆိုင်ရာအချက်အလက်များရှင်းလင်းတင်ပြပြီး မြို့ဖွံ့ဖြိုးရေးဥက္ကဋ္ဌကကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ပြီး အစိုးရအဖွဲ့အကြီးအကဲက ကမ္ဗည်းမော်ကွန်းကြေးပြားကို စက်ခလုပ်နှိပ်ကာ ဖွင့်လှစ်ပေးခဲ့ပါတယ်။
အဲဒီနောက် ရေသန့်စင်စနစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ရန်များကို မှာကြားခဲ့ကြောင်းသိရှိရပါတယ်။
|
ဆက်လက်ဆောင်ရွက်ရန်လမ်းညွှန်မှာကြား |
“ရေသန့်စင်စနစ်မှာ အနည်ထိုင်ကန်နဲ့ အနှေးသဲရေစစ်ကန်နှစ်ကန်တွဲ တို့ပါပါတယ်။ သဲရေစစ်ကန်တစ်ကန်က တစ်နာရီကို ရေဂါလန်(၇၄၀၀)စစ်ပေးနိုင်ပါတယ် တစ်နေ့ကို ဂါလန်ပေါင်း (၁၈၀၀၀၀)သန့်စင်ပြီး ဖြန့်ဝေပေးနိုင်ပါတယ်။ ငါးကြောင်အိုင်ဆည်ရေက မိုးအခါနီရဲနောက်ကျိပါတယ်။ အဲဒါကြောင့်သမ္မတကြီးက အောင်ပန်းလူထုအတွက် ရေသန့်စင်စနစ် တစ်ခုဆောက်ပေးဖို့ လမ်းညွှန်ခဲ့ပါတယ်။ နိုင်ငံတော်ထောက်ပံ့ငွေနဲ့ စည်ပင်ဘတ်ဂျက်စုစုပေါင်း ၆၅၃သိန်းကျပါတယ်။ နောင်နှစ်မှာ အောင်ပန်းလူထုအတွက် မိုးတွင်းလည်း ရေကြည်ရေသန့် ရတော့မှာဖြစ်ပါတယ်” လို့ စည်ပင်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။