Thursday, December 1, 2011

Getting to Zero (World's AIDS Day)

အမြစ်ပြတ်စေမည်

``ခွဲခြားနှိမ့်ချကင်းစင်လို့ အေအိုင်ဒီအက်(စ်)ပပျောက်ဖို့ လူတိုင်းပါဝင်ဆောင်ရွက်စို့´´ ဆိုတဲ့ ကြွေးကြော်သံနဲ့ အခမ်းအနားသို့ တက်ရောက်လာသူတိုင်းရဲ့ ရင်ဘတ်မှာ Red Ribbon ( AIDS Ribbon) ဖဲပြားနီ ကိုယ်စီ တပ်ဆင်ကာ မြို့တော်ပုသိမ်ရဲ့ ဧရာရွှေဝါခန်းမကြီးမှာ ယနေ့ (ဒီဇင်ဘာလ ၁ ရက်နေ့) ကျရောက်တဲ့ ကမ္ဘာ့ အေအိုင်ဒီအက်(စ်)ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို နံနက်(၉)နာရီက ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အကြီးအကဲနှင့် အဖွဲ့ဝင်များ ဖိတ်ကြားထားသူများ HIV ကူးစက်ခံထားရသူများ စုစုပေါင်း (၃၀၀)ကျော် တက်ရောက်ကြပါတယ်။ အခမ်းအနားမှာ တာဝန်ရှိသူများက အမှာစကားနဲ့ သိကောင်းစရာများ ရှင်းလင်းပြောကြားကြပြီး အထိမ်းအမှတ် ပန်းချီပိုစတာ စာစီစာကုံး ပြိုင်ပွဲဆုရသူများကို ဆုချီးမြှင့်ပေးခဲ့ပါတယ်။ အခမ်းအနားအပြီးမှာ ခင်းကျင်းပြသထားတဲ့ ဆောင်ရွက်ချက် လှုပ်ရှားမှုနဲ့ ပညာပေး မှတ်တမ်း ဓါတ်ပုံများကို တက်ရောက်လာသူများက လေ့လာကြည့်ရှုကြပါတယ်။ 
ယနေ့အခမ်းအနားကို Zero new infection, Zero discrimination and Zero AIDS related deaths.  HIV/AIDS ကူးစက်ခံရမှု ပပျောက်စေရန် ရောဂါရှိသူများအား ခွဲခြားဆက်ဆံမှု ပပျောက်စေရန်နဲ့ AIDS ဆက်နွှယ် သေဆုံးမှု ပပျောက်စေရန် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္ဘာတစ်ဝှန်း ကျင်းပကြတာဖြစ်ပြီး Getting to Zero ဆောင်ပုဒ်ကို ကမ္ဘာတစ်ဝှန်းက ၂၀၁၅ခုနှစ်အထိ ကျင့်သုံး ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်မှာ  AIDS နှင့်ပတ်သက်၍  UN Millennium Development Goals ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် တစ်ခုအနေနဲ့ Have halted by 2015 and begun to reverse the spread of HIV/AIDS လို့ ရည်မှန်းထားရှိပါတယ်။
ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကို ကမ္ဘာ၌ ၁၉၈၁ခုနှစ်က စတင်တွေ့ရှိခဲ့ကာ ယနေ့အချိန်တွင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့ ကူးစက်ခဲ့ပြီး လူဦးရေ(၃၄)သန်းခန့် ကူးစက်ခံနေရပါတယ်။ နေ့စဉ် လူဦးရေ(၆၀၀၀)ခန့်ဟာ ဆက်နွှယ်ရောဂါနဲ့ သေဆုံးနေကြရပါတယ်။ ဒီသေဆုံးနှုန်းဟာ တစ်မိတိုင်းမှာ လူဦးရေ (၂၅၀)သေဆုံးနေတဲ့ သဘောဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၁၉၉၄ခုနှစ်က စတင်ပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေး ကော်မတီကို ဗဟိုအဆင့်နဲ့ ဒေသအဆင့်တွေမှာ ဖွဲ့စည်းပြီး အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ ရောဂါကာကွယ်ရေးနဲ့ပညာပေးလုပ်ငန်း၊ ကုသရေးလုပ်ငန်းနဲ့ ပြည်သူလူထု အခြေပြုပြုစု စောင့်ရှောက်ရေးလုပ်ငန်း တွေကို ဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၀၀ပြည့်နှစ်က ရောဂါကူးစက်နှုန်း ၀.၉၄%ရှိရာကနေ ၂၀၀၉ခုနှစ်မှာ ရောဂါကူးစက်နှုန်း ၀.၆၁%ထိ ကျဆင်းခဲ့တယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment