Saturday, September 7, 2013

Non-Motorised Transport

စက်စွမ်းအင်မသုံးသောသယ်ယူပို့ဆောင်မှု

 

ဒေသဖွံ့ဖြိုးရေး၏ အခြေခံလိုအပ်ချက်တွင် တစ်ခုအပါအ၀င်ဖြစ်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၏ ပတ်ဝန်းကျင်ရေရှည်တည်မြဲစေသောသယ်ယူပို့ဆောင်မှု Environmentally Sustainable Transport ကို အကောင်အထည်ဖေါ်ရာတွင် Non-Motorised Transport NMT ခေါ် စက်စွမ်းအင်မသုံးသော သယ်ယူပို့ဆောင်မှုသည် နည်းလမ်းတစ်ခုအဖြစ်ပါဝင်ပါသည်။

NMT နေ့ ကားလမ်းပေါ်မှာနားနားနေနေ
NMT ကိုဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရှိပါသည်။ မြေကိုထိန်းသိမ်းနိုင်ခြင်း၊ အရန်သယ်ယူပို့ဆောင်မှုစနစ်ထားရှိနိုင်ခြင်း၊ ကလေးများအတွက်ကျောင်းသွားလမ်းလုံခြုံမှုရှိခြင်း၊ လူမှုဘ၀အရည်အသွေးတိုးတက်မြင့်မားခြင်း၊ လေထုညစ်ညမ်းမှုလျော့ချနိုင်ခြင်းနှင့် ကျန်းမာရေးတိုးတက်စေခြင်းတို့ဖြစ်ပါသည်။

NMT၏ အကျိုးကျေးဇူး
ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် UNEP၏ ၂၀၀၈ခုနှစ် အစီရင်ခံစာအရ ၂၀၀၆ခုနှစ်တွင် ကမ္ဘာ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု၏ ၂၃%ဖြစ်သော ၆.၄၅ဂဇ်ဂါတန်ကို သယ်ယူပို့ဆောင်ရေးယာဉ်များက ထုတ်လွှတ်ခဲ့ပြီးယင်းပမာဏသည် စက်မှုလုပ်ငန်းများကထုတ်လွှတ်သော ၁၉.၆%ဖြစ်သည့် ၅.၄၉ဂစ်ဂါတန်ထက် ပိုမိုများပြားကြောင်းနှင့် မော်တော်ယာဉ်များပိုမိုသုံးစွဲလာမှုကြောင့် ၂၀၃၀တွင် သယ်ယူပို့ဆောင်ရေးယာဉ်များကထုတ်လွှတ်မည့် ကာဗွန်ဒိုင်အောက်ဆိုဒ်သည် ၁.၄ဆဖြစ်သည့် ၈.၉ဂဇ်ဂါတန်ထိရှိလာနိုင်ကြောင်း သိရှိရပါသည်။

စက်ဘီးစီးတော့အစစအကျိုးရှိပါတယ်
NMT နေ့ကို အခါအားလျော်စွာ ကျင့်သုံးဆောင်ရွက်ဖြင်းဖြင့် စက်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးယာဉ်များက ထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျှော့ချနိုင်ခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ဖြစ်လာသည့် ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို သက်သာရာရစေနိုင်မည်ဖြစ်ပါကြောင်းတင်ပြလိုက်ပါသည်။

No comments:

Post a Comment