Friday, February 26, 2021

အချစ်ဦးဆီ ပြန်လာမည်

Facebook ခေတ်မစားခင်က blog ၌ရေးခဲ့သည်။

Blogက အချစ်ဦးဖြစ်၏။ ‌ သို့သော်လည်း Facebookက အချစ်ဆုံးဖြစ်ခဲ့ရ၏။

Facebook ခေတ်စားလာတာ့ blog မှေးမှိန်ခဲ့ရ၏။

Facebook က blogထက် ပိုသွက်သည်။ interactive ပိုဖြစ်သည်။

ထိုအခါ blogကို လုံးဝနီးနီး မေ့ထားသလို ဖြစ်ခဲ့ရ၏။

ယခုအခါ အချစ်ဆုံး Facebookသည် ချစ်စရာမကာင်းတာ့။

Facebookက အမုန်းတရားများ အာဃာတများ မမှန်သတင်းများ အတင်းအဖျင်းများ အဖျက်သမားများ ကြီးစိုးမင်းမူကာ ဓမ္မအမည်ခံ အဓမ္မလုပ်ရပ်များ၏ ဘူမိနက်သန်လိုဖြစ်လာသာအခါ အချစ်ဆုံးကို မုန်းရ တော့မလိုဖြစ်လာ၏။

ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗဟုသုတအတွက် နိုင်ငံရေးအယူအဆမပါဘဲ သန့်သန့်လေးရေးဖို့အတွက် Facebookက မဖြစ်နိုင်သာအခါ အချစ်ဦး Blog ကိုပြန်သတိရမိ၏။

ထိုအခါ ဝါသနာအရ စာဆက်ရေးရန်အတွက် အချစ်ဦးဆီ ပြန်လာမည်ဖြစ်ပါကြာင်း