Thursday, December 22, 2011

Changing welcome signboard of Patheincity

မြို့တော်အ၀င် မြင်ကွင်းအပြောင်းအလဲ


  ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့ မြို့တော်အ၀င် ကြိုဆိုပါ၏ ဆိုင်းဘုတ်ကို ပုသိမ် စည်ပင်က ပြုပြင်မှုများ ဆောင်ရွက်ခဲ့ပါတယ်။ ယခင် ပုသိမ်ထီး ကြီးလတ်သေး သုံးခုကို လှဲလျက် စီဆင့်ထားသည့် ပုံစံကို ဖျက်သိမ်းခဲ့ပြီး ဆိုင်းဘုတ်အပေါ်နှင့် ဘေးဘယ်ညာတို့တွင် အရွယ်တူပုသိမ်ထီး သုံးလက်ကို ထောင်လျက် ပြန်လည်ပြုလုပ် တပ်ဆင်ခဲ့ပါတယ်။
ဆိုင်းဘုတ် ဘယ်ညာမှာ တပ်ဆင်တဲ့ ပုသိမ်ထီးနှစ်လက်ရဲ့ အောက်ခံကို ဧရာရေလှိုင်းသုံးခုပုံ သုံးဆင့်ဖြင့် ပုံဖေါ်ထားတာကိုတွေ့ရပါတယ်။ ယခင်ဆိုင်းဘုတ်မှာ အမြင်အရ ပိုမို ဆွဲဆောင်မှုရှိပေမယ့် ယခုဆိုင်းဘုတ်မှာတော့ အတိတ်နိမိတ်အရ ပိုမိုကောင်းမွန်ပြီး အချိုးညီတဲ့အတွက် မြို့တော်ပုသိမ်သို့ လာရောက်သူများအဖို့ အမြင်ဆန်းသစ်မှု ရရှိမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။ (ကျွန်တော်ကတော့ Blog ရဲ့ ပုံကိုပြန်ပြင်ရဦးမှာပေါ့)

ယခင်မြို့တော်အ၀င်ဆိုင်းဘုတ်
ယခုမြို့တော်အ၀င်ဆိုင်းဘုတ်

No comments:

Post a Comment