Thursday, December 22, 2011

Lacquer-ware Buddha Image from Patheincity

မြို့တော်ပုသိမ်က ယွန်းဗုဒ္ဓရုပ်ပွါးတော်


   မြို့တော်ပုသိမ်၏ တစ်ဖက်ကမ်း ရပ်ကွက်(၁၀)၌ လူသိနည်းပါး မထင်ရှားသော ရုပ်ပွါးဗုဒ္ဓ ယွန်းဆင်းတုတော် တစ်ဆူကို ဖူးမျှော် ကြည်ညိုနိုင်ပါတယ်။ အင်းဝခေတ် လက်ရာဟု ယူဆရသော ယွန်းဗုဒ္ဓဆင်းတုတော်သည် စန္ဒာမုနိမဟာစေတီတော် ပရ၀ဏ် အတွင်းရှိ ထန်းတောကျောင်းတိုက် ဘုရားခန်း၌ စံပယ်တော်မူလျက်ရှိပြီး
ဒေသနေပြည်သူများက ရှေးနှစ်ပေါင်းများစွာကတည်းက ကိုးကွယ်ခဲ့ကြကြောင်း ယနေ့ချိန်တွင် သမိုင်းကြောင်းကို ပြောပြနိုင်သူ အတိအကျသိရှိသူများ မရှိတော့သည့်အပြင် မှတ်တမ်းမှတ်ရာ တစ်စုံတစ်ရာ ကျန်ရစ်ခြင်းလည်း မရှိတော့သဖြင့် မည်သည့်အချိန်တွင် မည်သူတို့က မည်သို့ထားရှိ ပူဇော်ခဲ့ကြောင်း မသိရှိနိုင်သော်လည်း သက်ကြီး ပုဂ္ဂိုလ်များက ယင်းတို့ သိတတ်စကတည်းက ယနေ့အချိန်ထိ ဆင်းတုတော်၏ ရွှေသင်္ကန်းတော်ကို ထပ်မံ ရွှေချရခြင်း မရှိကြောင်း သိရှိရပြီး ရွှေသင်္ကန်းတော်မှာလည်း ရွှေအရောင်လွင့်ပျယ်ခြင်း ရွှေကွက်ခြင်း မည်းခြင်းမရှိ ပကတိရွှေသားပမာ သပ္ပါယ်စွာ ဖူးမြင်ရပါကြောင်း တင်ပြလိုက်ရပါတယ်။

စန္ဒာမုနိမဟာစေတီတော်
အင်းဝခေတ်လက်ရာဟုယူဆရသော ယွန်းဗုဒ္ဓဆင်းတုတော်
ပေါ့ပေါ့ပါးပါးယွန်းဘုရား
ပရ၀ဏ်အတွင်းက အောင်သိဒ္ဓိစေတီတော်

No comments:

Post a Comment