Saturday, December 31, 2011

Let's take recreation at Patheincity's strand

မြို့တော်ကမ်းနားမှာ အပန်းဖြေရအောင်

မြို့တော်ပုသိမ်ရဲ့ အနောက်ဘက် တစ်ခြမ်းလုံးကို ကာရံထားတဲ့ င၀န်မြစ်ကမ်းတစ်လျှောက် မြို့တော်သူ/သားများ အနားယူအပန်းဖြေနိုင်စေဖို့ ကမ်းခြေ လျှောက်လမ်းတွေ ဆောက်လုပ်တော့မယ်လို့ သိရှိရပါတယ်။ ကမ်းနားလမ်း သာယာလှပရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တဲ့ ကမ်းခြေလျှောက်လမ်းတွေ ဆောက်လုပ်ဖို့ကို စည်ပင်နဲ့ ဆိပ်ကမ်းအာဏာပိုင်တို့မှ အင်ဂျင်နီယာများက တိုင်းတာပုံထုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မကြာခင်မှာ လုပ်ငန်းများ စတင်နိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။
အစိုးရအဖွဲ့သစ် လက်ထက်မှာ ကမ်းနားလမ်းသာယာ လှပရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ မြို့တော်ခန်းမရှေ့ ရင်ပြင်မှာ အနားယူအပန်းဖြေစရာ နေရာတစ်ခု ပေါ်ထွန်းခဲ့ပြီးဖြစ်ပါတယ်။ ဆိပ်ကမ်းအာဏာပိုင်ကလည်း ဆိပ်ကမ်းမြေအတွင်းက ယာယီအဆောက်အအုံတွေကို ၂၀၁၂ခုနှစ် မတ်လနောက်ဆုံးထား ဖျက်သိမ်းဖယ်ရှားကြရန် အကြောင်းကြားစာ ထုတ်ထားကြောင်းသိရှိရပါတယ်။ ဒါကြောင့် ပြည်သူအများက များမကြာမီ ကာလအတွင်းမှာ မြို့တော်ပုသိမ်ရဲ့ ကမ်းနားတစ်လျှောက် အပန်းဖြေ အနားယူစရာ နေရာများ ပေါ်ထွန်းပြီး မြို့တော်ဟာလည်း ပိုမိုလှပ သာယာလာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

နိုင်ငံအချို့မှ ကမ်းခြေလျှောက်လမ်းများ



မြို့တော်ပုသိမ်ကလက်ရှိ ကမ်းခြေအပန်းဖြေ လျှောက်လမ်း


No comments:

Post a Comment