Friday, December 2, 2011

One of the activities of Poverty Eradication

ဆင်းရဲမှုလျော့ချရေးလုပ်ငန်းတစ်ခု

United Nation Millennium Development Goals ကမ္ဘာ့ကုလသမဂ္ဂထောင်စုနှစ်ရည်မှန်းချက်ထဲက ပထမဆုံးအချက်ဟာ End Poverty and Hanger ငတ်မွတ်မှုနဲ့ ဆင်းရဲမှု အဆုံးသတ်ရေး ဖြစ်ပါတယ်။ ဦးတည်ချက် ပထမအဆင့် ကတော့ Halve, between 1990 and 2015, the proportion of people whose income is less than $1 a day ၂၀၁၅ခုနှစ်မှာ ၁၉၉၀ပြည့်နှစ်က ရှိခဲ့တဲ့ ဆင်းရဲသူ (လူတစ်ဦး တစ်နေ့ဝင်ငွေ 1US$ နောက်ပိုင်း 1.5US$ အောက်သာရရှိသူ) အချိုးကို ထက်ဝက်လျှော့ချဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲသူရာနှုန်းဟာ ၂၀၁၀ပြည့်နှစ်မှာ လူဦးရေရဲ့ ၃၂%ရှိပြီး ရည်မှန်းချက်အရ ၂၀၁၅ခုနှစ်မှာ ၂၆%ထိ လျှော့ချရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရလက်ထက်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှုလျော့ချရေး လုပ်ငန်းကို အကောင်အထည်ဖေါ်ဆောင်ရွက်ဖို့ နည်းလမ်း(၈)ရပ် ချမှတ်ထားရှိပါတယ်။ အဲဒီအထဲမှာ အသေးစား ငွေစုငွေချေး လုပ်ငန်းတစ်ရပ်ပါရှိခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အရင်းအနှီးမရှိလို့ နေ့ပြန်တိုးကို အတိုးနှုန်းကြီးကြီးပေးပြီး ချေးယူ လုပ်ကိုင်နေကြရသူတွေကို သက်သာတဲ့ အတိုးနှုန်းနဲ့ ငွေထုတ်ချေးပေးခြင်းဖြင့် သူတို့တွေရဲ့ဝင်ငွေ တိုးတက်လာစေဖို့ ဖြစ်ပါတယ်။ မြို့တော်ပုသိမ်မှာ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တွေကို အရင်းအနှီး ၃၀၀၀၀ကျပ် ထုတ်ချေး တစ်နေ့ ၆၀၀ကျပ်နဲ့ နှစ်လပြန်ဆပ်စေပြီး ရက်စေ့ရင် အတိုးအရင်းကျေတဲ့အပြင် စုငွေ ၄၅၀၀ကျပ် ရစေတဲ့နည်းနဲ့ မြို့မဈေး မြို့သစ်ဈေး အောင်သီရိဈေး တို့မှာ သမ၀ါယမအစီအစဉ်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဈေးသည်ပေါင်း ၃၀၀ကျော်ကို ထုတ်ချေးပေးခဲ့ပြီး ဖြစ်ပါတယ်။ ၂၈.၁၁.၂၀၁၁ နေ့မှာတော့ စည်ပင်ဦးစီးအစီအစဉ်နဲ့ မြို့နယ်စည်ပင်က စည်ပင်ဘဏ်ကငွေကို တာဝန်ခံချေးယူပြီး မြို့မဈေးက ဗျံကျဈေးသည် (၁၈)ဦးကို တစ်ဦးကို တစ်သိန်းနှုန်းနဲ့ ထုတ်ချေးပေးခဲ့ပြန်ပါတယ်။ ``ကျွန်တော်တို့က တစ်နှစ်ထိချေးပေးမှာပါ အတိုးနှုန်းက ၂၄%ပါ ၁၄%ကဘဏ်ကိုပြန်သွင်းဖို့ ၁၀%ကတော့ ဈေးသည်တွေ သာရေးနာရေးသုံးဖို့ စုပေးထားပါမယ်။ တစ်ပတ်တစ်ခါ အတိုးအရင်းပေါင်း ၂၄၀၀ ပြန်ဆပ်ရမယ်။ တစ်နှစ်ပြည့်ရင်ကျေပြီ။ ဆက်လိုချင်ရင် ထပ်ချေးပေးပါမယ်။´´လို့စည်ပင်ကတာဝန်ရှိသူ တစ်ဦးက ပြောပြ ပါတယ်။ ငွေချေးတဲ့ ဈေးသည် တစ်ဦးကတော့ ``ကျွန်မတို့က သမထက်စာရင် စည်ပင်ကို ပိုသဘောကျတယ်။ ပိုပြီး များများရတယ်။ ဆပ်ရတဲ့အချိန်ကလည်း ကြာတော့ ပြန်ပေးရတာ မသိသာဘူး တစ်ရက်မှ ၃၀၀ကျော်ဆိုတော့ အလကားရသလိုပါပဲ။ ထပ်ပြီးတော့ ဈေးသည်တွေကို ထုတ်ချေး ပေးနိုင်ရင် ပိုကောင်းမယ်။ နေ့ပြန်တိုးက ၁၈ကျပ် ၂၀လောက် ပေးနေရတော့ အဆင်မပြေဘူး´´ လို့ပြောပါတယ်။


ပုသိမ်စည်ပင်အနေနဲ့ ရွှေပြည်သာဈေးနဲ့ မြို့မဈေးတွေမှာ ဈေးဆိုင်ခန်းရှင်ချေးငွေတွေကို တတိယအကြိမ်အထိ စည်ပင်ဘဏ်ကနေ ထုတ်ချေးပေးခဲ့ပြီး စတုတ္ထအကြိမ် ထုတ်ချေးဖို့ လျှောက်လွှာ ခေါ်ယူစိစစ်လျက်ရှိကြောင်းလည်း သိရှိရပါတယ်။ (ဈေးဆိုင်ခန်းရှင်ချေးငွေဆိုတာ ဆိုင်ခန်းအမည်ပေါက်ရှိပြီး လက်ရှိဈေးရောင်းနေသူတွေကို ဆိုင်ခန်းမှတ်ပုံတင်စာအုပ်အာမခံ ထားပြီး ဘဏ်အတိုးနှုန်းအတိုင်းနဲ့ ငွေထုတ်ချေးတာဖြစ်ပါတယ်။)

1 comment:

  1. Very good idea for Pathein Traders and merchants who don't have money to do business.

    ReplyDelete