Saturday, December 31, 2011

Although good looking

အမြင်ဆန်းသော်လည်း




မြန်မာ့ကျက်သရေဆောင် လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရန်စေတီတော်များအားလုံးကို ပုံတွင်မြင်ရသည့်အတိုင်း LED ရောင်စုံပိုက်မီးများ တပ်ဆင်ပူဇော်ထားသည်ကို တနင်္ဂနွေနေ့က တွေ့ရှိရပါတယ်။ အရောင်အသွေးစုံလင်စွာဖြင့် လှပဆန်းကျယ်သော်လည်း ရွှေတိဂုံစေတီတော်ကို ဖူးမျှော်ရာမှာ အမြင်အာရုံကို အနှောင့်အယှက်သဖွယ်ဖြစ်နေပါတယ်။ ပြီးတော့ ရွှေအဆင်းနဲ့ ၀င်းပတင့်တယ် သပ္ပါယ်ပြီးသား စေတီတော်တွေရဲ့ မူလသဏ္ဍာန်ပျက်ယွင်းသွားတာကို သတိထားမိပါတယ်။ စေတနာရှင်တို့ရဲ့ သဒ္ဓါတရားနဲ့ လှူဒါန်းပူဇော်မှုတွေကို သာဓုခေါ်ပေမယ့် လှပဆန်းကျယ်မှုနဲ့ သပ္ပါယ်ကြည်ညိုဖွယ်ရာဖြစ်စေမှုတို့ဟာ အဓိပ္ပါယ် မတူတာမို့ ယခင်လိုပဲ ကြည်ညိုဖွယ်ရာ ဖူးမျှော်လိုတဲ့ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ အမြင်ဆန်းတိုင်းလည်း နန်းမထိုက်တတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment