Sunday, May 13, 2012

Buddha's day of Pine tree city

ထင်းရူးမြို့တော်မှ ဗုဒ္ဓနေ့

  ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် မြန်မာနိုင်ငံတစ်ဝှန်းလုံး၌ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပကြလေ့ရှိသော်လည်း ထင်းရူးမြို့တော် ကလောမြို့တွင်မူ တစ်မူထူးခြားစွာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်ကို မြို့လုံးကျွတ် ကျင်းပကြသည်ကို တွေ့ရှိရပါတယ်။ 

   မြို့ပေါ်ရပ်ကွက်များ ဌာနဆိုင်ရာများနဲ့ မြို့ပေါ်ရှိ စစ်ဦးစီးတက္ကသိုလ်နှင့် တပ်ရင်းများက မြို့လယ်ဓမ္မာရုံတွင် အပူဇော်ခံထားသော နှစ်ကျိပ်ရှစ်ဆူဘုရား ရုပ်ပွားတော်များကို ကဆုန်လဆန်း (၁၃)ရက်နေ့တွင် မိမိတို့ တည်နေရာယာယီစံကျောင်းတော်သို့ ပင့်ဆောင်အပူဇော်ခံ ထားရှိကာ ပရိတ် ပဌာန်း ဓမ္မစကြာတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း အနေကဇာတင်ခြင်းများ ဆောင်ရွက်ကြပြီး ကဆုန်လပြည့်ညတွင် မူလကျိန်းဝတ်ရာ ဓမ္မာရုံသို့ ပြန်လည် ပို့ဆောင်ကြရာတွင် မြို့တွင်း လှည့်လည် အပူဇော်ခံခြင်းဖြင့် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကျင်းပကြခြင်း ဖြစ်ပါတယ်။ 


Friday, May 4, 2012

Myinmahti natural cave pagodas

မြင်းမထိသဘာဝလှိုဏ်ဂူဘုရားဖူးရအောင်

  ထင်းရှူးမြို့တော် ကလောမြို့နယ် မြင်းမထိကျေးရွာအုပ်စုက ကလောလွိုင်ကော် ကားလမ်းဘေးမှာ တည်ထားကိုးကွယ်ထားရှိတဲ့ ဥဏ္ဏလုံမွေရှင်တော်မြင်းမထိသဘာဝလှိုဏ်ဂူဘုရားနဲ့ ပတ်ဝန်းကျင်က ပုံတွေ တင်ပေးလိုက်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းကို တစ်ခေါက်တစ်ခါ ရောက်လာရင်ဖြင့် လူသိများ ထင်ရှားတဲ့ ပင်းတယလှိုဏ်ဂူလို လေ့လာစရာ ကြည်ညိုစရာ မြင်းမထိသဘာဝလှိုဏ်ဂူ ဘုရားကို ၀င်ရောက်ဖူးမျှော် ကုသိုလ်ယူဖို့ ဖိတ်ကြားလိုက်ပါတယ်။

မြင်းမထိတောင်ခြေက သာယာတဲ့မြင်းမထိရွာ
မြင်းမထိတောင်၏အေးချမ်းသောအလှ
ဘုရားသို့လမ်းညွှန်