Saturday, December 10, 2011

Special Economic Zone for Pathein City

မြို့တော်ပုသိမ်အတွက် အထူးစီးပွါးရေးဇုန်

``မြို့တော်ပုသိမ်ကနေ ပြည်ပကို တိုက်ရိုက် ဆန်တင်ပို့နိုင်ပြီဖြစ်ကြောင်း မကြာမီ ဆားကိုလည်း ဆက်လက် တင်ပို့သွားမှာဖြစ်ကြောင်း ရန်ကုန်ကို သယ်ယူပို့ဆောင်ပြီးမှ ပြည်ပကိုပို့တာထက်စာရင် တင်ချခ သယ်ယူပို့ဆောင်ခ များစွာသက်သာတဲ့အတွက် လုပ်ငန်းရှင်များအတွက် ပိုမိုအကျိုးရှိကြောင်း ဒါပေမယ့် လက်ရှိပုသိမ်နဲ့ ပမ္မ၀တီ ဆိပ်ကမ်းတွေဟာ ကုန်တင်သင်္ဘောများအတွက် တန်ချိန်ကန့်သတ်ချက်ရှိကြောင်း ဒါကြောင့် တိုင်းဒေသကြီးအတွင်းမှာ Deep Seaport ပင်လယ်ရေနက်ဆိပ်ကမ်း တစ်ခု တည်ဆောက်သွားဖို့ PTT Thailand ကုမ္ပဏီနဲ့ ဆောင်ရွက်လျက်ရှိကြောင်း ပင်လယ်ရေနက်ဆိပ်ကမ်းနဲ့ ဆက်စပ်ပြီး မြို့တော်ပုသိမ်မှာလည်း အထူးစီးပွါးရေးဇုန် တစ်ခု အကောင်အထည်ဖေါ်သွားမည် ဖြစ်ကြောင်း ပြည်ပက အီလက်ထရောနစ် ပစ္စည်းတွေ တင်သွင်းပြီး တပ်ဆင်ထုတ်လုပ်ကာ ပြည်တွင်းပြည်ပ ပြန်လည်ရောင်းချ တင်ပို့တဲ့ ပုံစံမျိုးလုပ်မှာဖြစ်လို့ လူသား အရင်းအမြစ်သာ လိုအပ်ကြောင်း အလုပ်အကိုင် အခွင့်အရေးပေါင်း သောင်းနဲ့ချီ ရှိလာမှာဖြစ်ကြောင်း ပုသိမ်ရန်ကုန် Express Way ကိုလည်း လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိကြောင်း´´ စသည်ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အကြီးအကဲက မြို့တော် ပုသိမ်၏ ရပ်ကွက်များသို့ ကွင်းဆင်းပြီး ပြည်သူလူထုများနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။ မြို့တော်ပုသိမ်ဟာ အခြားသော တိုင်းဒေသကြီးမြို့တော်များနှင့် နှိုင်းယှဉ်လျင် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု၌ နောက်ကျ ကျန်နေခဲ့ပြီး အလုပ်လက်မဲ့နှင့် ဆင်းရဲမှု ရာခိုင်နှုန်း ပိုမိုမြင့်မားနေတဲ့အတွက် ယခုလို တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံနဲ့ ဆောင်ရွက်ချက်တွေကို ကြားသိရတဲ့ မြို့တော်သူ/များဟာ ဧရာဝတီခေတ် ရောက်ပြီဟု အထူးဝမ်းမြောက်ဝမ်းသာဖြစ်ကာ အားတက်လျက် ရှိကြကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ ထားဝယ်နဲ့ ကျောက်ဖြူတို့မှာ ပင်လယ်ရေနက် ဆိပ်ကမ်းများ တည်ဆောက်လျက်ရှိတဲ့ အတွက် ဧရာဝတီတိုင်းဒေသကြီးရဲ့ ပင်လယ် ရေနက်ဆိပ်ကမ်းဟာ တတိယမြောက် ဖြစ်လာမှာ ဖြစ်ပြီး သန်လျင်သီလ၀ါနဲ့ ထားဝယ်တို့မှာ လက်ရှိအကောင်အထည်ဖေါ်ဆဲ အထူးစီးပွားရေးဇုန်တွေရှိတာမို့ မြို့တော်ပုသိမ်အတွက် အထူးစီးပွါးရေးဇုန်ဟာလည်း တတိယမြောက် ဇုန်ဖြစ်လာမှာ ဖြစ်ပါတယ်။

ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု
အီလက်ထရောနစ်ပစ္စည်းများ တပ်ဆင်ရေးအလုပ်ရုံတစ်ခု

1 comment:

  1. Special economic zone for Pathein is very good for Pathein and Pathein people.

    ReplyDelete