Sunday, January 1, 2012

နှစ်သစ်ဦးရဲ့မင်္ဂလာ မြို့တော်ပုသိမ်မှာ


ရွှေမုဋ္ဌောစေတီက တစ်ထောင်စီပူဇော်တဲ့ပွဲ

ခရစ်နှစ် ၂၀၁၂ ရဲ့ ပထမဆုံးညမှာ မြို့တော်ပုသိမ်ရဲ့ ကျက်သရေဆောင် ရွှေမုဋ္ဌော မဟာစေတီတော် ရင်ပြင်ထက် ပရိတ်တော် ဓမ္မစကြာနဲ့ မေတ္တာပို့အမျှဝေတဲ့ အသံတွေနဲ့ ကျက်သရေမင်္ဂလာ ပြည့်စုံဝေဖြာလို့ အလင်းတစ်ထောင် ပန်းတစ်ထောင် ရေချမ်းတစ်ထောင် တံခွန်ကုက္ကားတစ်ထောင် တို့ကို မြတ်စွာဘုရားအား ရည်မှန်းလှူဒါန်းပူဇော်ပွဲ ကျင်းပခဲ့ပါတယ်။
ရွတ်ဖတ်ပူဇော် ဥပ္ပါတသန္တိ ပရိတ်တော်
အလင်းတစ်ထောင် ရေချမ်းတစ်ထောင် တံခွန်ကုက္ကားတစ်ထောင်
ပန်းပေါင်းတစ်ထောင်
ကပ်လှူပူဇော်တဲ့ပွဲ
အပူဇော်ခံထား စွယ်တော်ပွါး
စတုဒီသာလည်း ကျွေးမွေးဧည့်ခံ

No comments:

Post a Comment