Tuesday, November 1, 2011

Who will be winner?

ဘယ်သူနိုင်မလဲ

ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မနက်ဖြန်ညနေ (၃)နာရီတွင် ပုသိမ်မြို့တော် ကျောက်တိုင် ဘော်လုံးကွင်း (ဧရာဝတီယူနိုက်တက် ဘော်လုံးအသင်း အိမ်ကွင်း) ၌ကျင်းပမှာ ဖြစ်ပါတယ်။ ပုသိမ် မြောင်းမြ ဟင်္သာတ ဖျာပုံ မအူပင် ဇုန်(၅)ဇုန်မှ အသင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး အကြိုဗိုလ်လုပွဲများကို (၃၀.၁၀.၁၁)နေ့နဲ့ (၃၁.၁၀.၁၁)နေ့တွေမှာ ကျင်းပခဲ့ရာ ပထမပွဲမှာ ပုသိမ်ဇုန်(၂)က မြောင်းမြဇုန်(၁) အသင်းကို (၂း၁)နဲ့ ဒုတိယပွဲမှာ ပုသိမ်ဇုန်(၁)က မအူပင်ဇုန်(၁)အသင်းကို (၅း၃)နဲ့ အနိုင်ကစားခဲ့ကြလို့ ဗိုလ်လုပွဲမှာ ပုသိမ်ဇုန်နှစ်သင်း တွေ့ဆုံကြမှာက ထူးခြားမှုတစ်ခုဖြစ်ပါတယ်။ ဗိုလ်လုပွဲမစတင်မီ နေ့လည်(၂)နာရီက စတင်ပြီး ပုသိမ်မြို့တော်ရဲ့ နာမည်ကျော် အိုအေစစ် တီးဝိုင်းအဖွဲ့က သီချင်းများနဲ့ သီဆိုဖြေဖျော် သွားမှာဖြစ်တယ်လို့ လည်း သိရပါတယ်။ ဗိုလ်လုပွဲကို ဘော်လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဧရာဝတီယူနိုက်တက်အသင်းပိုင်ရှင် ဦးရန်ဝင်းတို့လည်း လာရောက် အားပေးမှာဖြစ်ပါတယ်။ ယခုဘော်လုံးပွဲကို ဧရာဝတီယူနိုက်တက်က အဓိက ပံ့ပိုးတာဖြစ်ပြီး ခြေစွမ်းထက်တဲ့ လူငယ်မျိုးဆက်သစ် ဘော်လုံးသမား (၃၀)ကိုလည်း အသင်းအတွက် ရွေးချယ်သွားမှာဖြစ်ပါတယ်။ ပထမဆုအတွက်ဆုကြေးငွေ ကျပ်သိန်း(၅၀) ဒုတိယဆုအတွက် ဆုကြေးငွေ ကျပ်သိန်း(၃၀)ချီးမြှင့်မှာဖြစ်လို့ ပွဲစဉ်တစ်လျောက် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အထူးကြိုးစား ကစားကြတဲ့အတွက် ပရိသတ်အကြိုက် ပွဲကောင်းများဖြစ်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာလည်း ပုသိမ်ဇုန်နှစ်သင်း ကန်ရမှာဖြစ်သော်လည်း အသင်းအုပ်ချုပ်သူ၊ နည်းပြများနဲ့ အားကစားသမားများရဲ့ စိတ်အားထက်သန်မှုကြောင့် အကြိတ်အနယ်ယှဉ်ပြိုင် ကြမယ့်ပွဲဖြစ်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။
ပုသိမ်ဇုန်နှစ်သင်း လေ့ကျင့်နေကြစဉ်

No comments:

Post a Comment