Sunday, November 20, 2011

မြို့တော်ပုသိမ်၏ စာပေဟောပြောပွဲ

စာပေဟောပြောပွဲကျင်းပမည်

မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး မြို့တော်ပုသိမ်၏ မြို့တော်ခန်းမ၌ ၂၁.၁၁.၂၀၁၁ရက်နေ့ ည(၇)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။ စာပေဟောပြောပွဲမှာ ဟောပြောကြမယ့် စာရေးဆရာများကတော့ လယ်တွင်းသားစောချစ်၊ ချစ်နိုင်(စိတ်ပညာ)နဲ့ မြင်းမူမောင်နိုင်မိုးတို့ဖြစ်ကြပါတယ်။ အဲဒီစာရေးဆရာကြီးများဟာ မြို့တော်ပုသိမ်မှာ တစ်ရက်ဟောပြောပြီး ၂၂.၁၁.၂၀၁၁ရက်နေ့မှာ ကန်ကြီးဒေါင့်မြို့နှင့် ၂၃.၁၁.၂၀၁၁ရက်နေ့မှာ ကျောင်းကုန်းမြို့တို့သို့ သွားရောက် ဟောပြောကြမှာ ဖြစ်ပါတယ်။ နိုင်ငံကျော် စာရေးဆရာကြီးများဖြစ်ကြပြီး တိုင်းကျိုးပြည်ပြု စာကောင်းပေမွန်များ ရေးသားခဲ့ ရေးသားဆဲဖြစ်ကြသူများ၏ စာပေဟောပြောပွဲဖြစ်တာမို့ မြို့တော်သူမြို့တော်သားများက အထူးစိတ်ဝင်စားနေကြပြီး ဆရာကြီးများရဲ့ အတွေးအမြင် အတွေ့အကြုံတွေကို ဝေမျှခံယူခွင့်ရဖို့ ရင်ခုန်လျက်ရှိနေကြကြောင်း တင်ပြလိုက်ရပါတယ်။

၂၀၀၉ခုနှစ်က မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲတွင် ဆရာလယ်တွင်းသားစောချစ် ဟောပြောနေပုံ

No comments:

Post a Comment