Friday, November 18, 2011

What design should be done?

ဘယ်လိုပုံစံပြင်ကြမှာလဲ

စည်ပင်က မြို့တော်ပုသိမ်၏ တစ်ခုတည်းသော မြို့အ၀င်ဆိုင်းဘုတ်ကို မကြာခင်ကာလက  ပြင်ဆင်မှုတစ်ချို့ထပ်လုပ်ခဲ့ပါတယ်။ ယခုနှစ် နှစ်ဦးပိုင်းတွင် ``ဧရာဝတီတိုင်း ပုသိမ်မြို့က လှိုက်လှဲစွာကြိုဆိုပါ၏´´ ဟူသည့်ယခင်စာသားအစား ``ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ကလှိုက်လှဲစွာကြိုဆိုပါ၏ Welcome to Pathein City Ayeyarwady Region´´  လို့စာသားပြင်ခဲ့ပြီး ပုသိမ်ထီးသုံးဆင့်ကိုလည်း နိုင်ငံတော်အရောင်ဖြစ်သည့် ၀ါစိမ်းနီ အဆင့်လိုက် ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ ယခုပြင်ဆင်မှုကတော့ အဲဒီပုသိမ်ထီး သုံးဆင့်ကို ဖယ်ရှားခဲ့ခြင်းဖြစ်ပါတယ်။ မည်သည့်အတွက်ကြောင့် မြို့တော်ပုသိမ်၏ သင်္ကေတဖြစ်သော ပုသိမ်ထီးကို မြို့ဝင်ဆိုင်းဘုတ်မှဖယ်ရှားရသည်ကို သက်ဆိုင်ရာသို့ မေးမြန်းခဲ့ရာ အသစ်ပြန်လုပ်ရန်ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ ဘယ်လိုပုံစံလုပ်မယ်ဆိုတာ မသိရသေးပေမယ့် ပုသိမ်ဟိုတယ်ရှေ့က ပုသိမ်ထီးလှဲထားသည့်ပုံကို ဖျက်သိမ်းဖယ်ရှားခဲ့ခြင်းနှင့် ယခုဖယ်ရှားလိုက်သည့် ထီးသုံးဆင့်သည်လည်း ဘေးတိုက်ပုံစံဖြစ်နေခဲ့ခြင်းတို့ကို ဆက်စပ်ကြည့်ပါက ပုသိမ်ထီး ထောင်လျက်ပုံစံပြန်လုပ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ မြို့တော်သို့ လာရောက်ကြသူများကလည်း မြင်နေကျပုံစံမဟုတ်ပဲ တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားရသည့် မြို့ဝင်ဆိုင်းဘုတ်ကို ဘာကြောင့်ပြင်ဆင်ရသည် ဒီအတိုင်းထားမည်လား ဘယ်လိုပုံစံပြင်မှာလဲ စသည်ဖြင့် စိတ်ဝင်တစား သိလိုနေကြကြောင်း နှင့် မြို့တော်အတွင်း အထူးအဆန်း လုပ်လေ့ရှိသော စည်ပင်ကိုလည်း စောင့်ကြည့်နေကြကြောင်းသတင်းရရှိပါတယ်။
နောက်ဆုံးပြင်ဆင်ထားသော မြို့တော်ပုသိမ် မြို့ဝင်ဆိုင်းဘုတ်

မည်သို့ထပ်မံပြင်ဆင်မည်ကို စောင့်ကြည့်ခံနေရသော လက်ရှိမြို့တော်ပုသိမ် မြို့ဝင် ဆိုင်းဘုတ်

No comments:

Post a Comment